အခန်း(၂)-၁

13.3K 1.5K 52
                                    

Uni version:

မြွေက အဆိပ်မရှိတဲ့အမျိုးအစားမို့ အသက်အန္တရယ်မဖြစ်ပေမယ့် သူ့အောက်ပိုင်းနေရာလေးကတော့ ရောင်ကိုင်းပြီးနာကျင်နေတုန်းပဲ .. အရင်အတိုင်းပြန်ဖြစ်ဖို့ အချိန်ခဏတော့စောင့်ရဦးမယ်လို့ဆရာဝန်ကပြောထားတာမို့ ရှားချီအန်းခမျာ အဆောင်မှာပဲ အောင့်အီးပြီး နေနေရတော့တယ် .. သူ ဒီလိုဖြစ်တာ လူတွေသိပြီးအပြောခံရမှာရှက်လို့လဲပါတာပေါ့လေ။
သူ့ပုံရိပ်ကို အထိခိုက်မခံနိုင်တာကြောင့် ကျောင်းကိုတောင်အကြောင်းကြားမနေတော့ဘူး ..
သူ့ရဲ့ "ညီလေး" မြွေအကိုက်ခံရတဲ့အကြောင်း လူတွေအသိခံမယ့်အစား အသေပဲခံလိုက်မယ် ..
ခုလိုဖြစ်လေ ရှီလင့်အပေါ်အမုန်းတွေပိုတိုးလေဖြစ်ပြီး စိတ်ထဲကနေဓါးနဲ့ပြေးပြေးထိုးနေတာအကြိမ်တစ်သောင်းမကတော့ဘူး .. သူ့ကိုယ်သူတောင်ကြိမ်ဆိုထားတယ် .. ရှီလင့်ဘဝတစ်ခုလုံးစာမှတ်မိနေစေမယ့် သင်ခန်းစာပေးပြီး သူသေရင်တောင်ကောင်းကောင်းမွန်မွန်မသေစေရဘူးလို့လေ။
တစ်ပတ်လောက်ကောင်းကောင်းအနားယူပြီးတာနဲ့ သူ့အောက်ပိုင်းလေးကလဲ မူလအခြေအနေပြန်ရောက်သွားတာကြောင့် စိတ်သက်သာရာ ရသွားပေမယ့် စိုးရိမ်နေတာက သူ့ "ညီငယ်" လေးဟာ အရင်လိုမျိုး "စစ်ပွဲထောင်သောင်းမက အောင်နိုင်" တဲ့ အစွမ်း ရှိသေးရဲ့လားဆိုတာပဲ။
စနေနေ့မို အတန်းမရှိပေမယ့် ရှားချီအန်းဟာ အိပ်ယာကနေ စောစောထ ရေမိုးချိုးပြီး အသစ်ဝယ်ထားတဲ့အင်္ကျီအသစ်ဝတ်တယ် .. ကေကိုကျနေအောင်ဖြီးပြီး မှန်ထဲက သူ့ပုံရိပ်ကို ကျေနပ်တဲ့အပြုံးနဲ့ကြည့်တယ် .. အား .. ငါက သောက်ရမ်းကိုချောမောတာပါလားနော် .. ငါ့ကိုယ်ငါတောင် အဲ့လောက်သဘောကျတာ တခြားဘယ်သူကများ သူ့ကိုမကြွေပဲနေပါ့မလဲ။
ရှားချီအန်း သူ့ချောမောမှုထဲ နှစ်မြောနေတုန်း ရေချိုးခန်းတံခါးရုတ်တရက်ပွင့်ပြီး လူတစ်ယောက်ဝင်လာတယ် .. ဝင်လာတဲ့သူက ရှီလင်ဆိုတာသိတာနဲ့ သူ့မျက်နှာပေးကိုချက်ချင်းပြောင်းပြီး အန်ကြိတ်ပြီးကြည့်လိုက်တယ် .. အပိုင်းပိုင်းကိုက်ဖြဲပစ်ချင်တဲ့ရုပ်နဲ့လေ။
ရှီလင်ကတော့ လုပ်နေကျအတိုင်းဂရုမစိုက်တဲ့ပုံနဲ့ ချီအန်းဘေးက ဘေစင်မှာရပ်ပြီး မျက်နှာသစ် သွားတိုက်တယ် .. သူလုပ်ခဲ့တာတွေအတွက် အပြစ်ရှိတယ်လို့လဲမထင်ဘူး .. တွေးကြည့်ရင် သူ့အမှားမှမဟုတ်တာ .. သူပြန်လုပ်လိုက်တာက ပါးပါးလေးရယ်။
ရှားချီအန်းလဲ အသက်ဝဝရှူပြီး သူ့သူစိတ်ငြိမ်အောင်ပြန်လုပ်လိုက်တယ် .. ခုအရေးကြီးတာက သူ့ရဲ့တန်ဖိုးထားရတဲ့အရာလေး အရင်အခြေအနေလိုအကောင်းတိုင်း စွမ်းဆောင်နိုင်သေးလားဆိုတာ စစ်ဆေးဖို့ပဲ .. နောက်မှပဲ ဒီကောင်ကို ဘာဆက်လုပ်ရမလဲ စဥ်းစားတော့မယ်။
ရှီလင့်ကို နှာခေါင်းရှူံ့ကြည့်ပြီး ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ခုမှထလာတဲ့ လော့ရှုအိုင်နဲ့တိုင်ရှောင်းချန်တို့က

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now