{Unicode}
မြစ်ဝါမြစ်ရေက အရှေ့အရပ်ကို နှစ်ပေါင်းသုံးဆယ်စီးဆင်းပြီးတာနဲ့ အနောက်အရပ်ကို နှစ်ပေါင်းလေးဆယ် ပြန်စီးဆင်းတယ်လို့ အဆိုရှိတယ်။ အခုတော့ ကံကြမ္မာဝင်ရိုးက ဘာကိစ္စနဲ့ မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲသွားရတာတုန်း။ အကြာကြီးနေမှ ကံကောင်းလာပြီ မှတ်နေတုန်း ကောင်းတဲ့ ကံလေးတွေက ရှီလင့်ဘက် အမြန် ပြန်ပြီးတော့ ကူးပြောင်းသွားတယ်။
အချစ်ဟိုတယ်ထဲက ခုတင်တစ်လုံးပေါ်မှာ ချောမောလှပတဲ့ ကောင်ငယ်လေးတစ်ယောက်ဟာ တစ်ကိုယ်လုံးကို ကြိုးအထပ်ထပ်နဲ့ လှုပ်မရအောင် ရစ်ပတ်ချည်နှောင်ခံထားရလေရဲ့။ ဘယ်လိုတောင် သနားစရာကောင်းလိုက်တဲ့ မြင်ကွင်းလေးတုန်း။ သူ့ အရှေ့မှာ ရပ်နေတဲ့ အရပ်ရှည်ရှည်နဲ့ ရေခဲမင်းသားကြီးကတော့ သူ့ကို အခုလိုဖြစ်အောင် လုပ်ထားတဲ့ "လူဆိုးကြီး" ပေါ့။
"ရှီလင် .. မင်း လူယုတ်မာ .. ခုချက်ချင်း လွှတ်ပေး .. မဟုတ်လို့ကတော့ မင်းက 'အိပ်ယာထဲ သေးပေါက်ချတဲ့နေရာမှာ ဘုရင်' ဆိုတာ တစ်ကမ္ဘာလုံး သိအောင် လိုက်ဖြန့်ပစ်မှာ"
တစ်ကိုယ်လုံး ကြိုးတွေနဲ့ ချည်နှောင်ခံထားရတဲ့ လူချောလေးဟာ သူ့ ကိုယ်ပေါ်က ကြိုးတွေ ပြည်လိုပြည်ငြား ဝက်တစ်ကောင်လို ကြိုးစားရုန်းကန်နေတဲ့အပြင် သူ့ရှေ့က လူချောကြီးကိုလည်း မာန်မဲနေလိုက်သေးတယ်။ သောက်တိရစ္ဆာန်ကောင် ရှီလင် .. မင်းက ငါ့ကို ဒီလိုတောင် လုပ်ရဲတယ်ပေါ့။ အသည်းခိုက်အောင်ကို မုန်းမိတော့မှာပဲ။
သူ ဘယ်လိုတောင် ကံမကောင်းလိုက်သလဲဆိုတာ .. ရှီလင့်နိုင်ကွက်ကို ကိုင်ထားပြီး ဂုတ်ခွထိုင်နိုင်ပြီ ထင်နေတုန်း ဆရာကျကျ ပင့်တင်ထားတဲ့ မျက်ခုံးတွေ အောက်မကျသေးခင်မှာကို ရှီလင့်ဆီ မိသွားတော့တာ .. တစ်ကယ်ယှဥ်ကြပြီဆို အားအရာမှာ ရှီလင့်ကို သူ ဘယ်လိုမှ မနိုင်ဘူး။
ဘယ်လို သောက်ကိစ္စတွေ ဖြစ်သွားရတာတုန်း။ သုဿန်အထွက်လေးမှာ သူ ရှီလင့်ကို ခြိမ်းခြောက်ပြီးတော့ အနိုင်ပိုင်းထားခဲ့တာလေ။ ဘယ်လိုဖြစ်ပြီး သူက ခုလို ကြိုးတွေနဲ့ အချည်ခံရပြီး အဆုံးသတ်သွားရတာလဲ။
YOU ARE READING
ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}
RomanceEng Title : IMP Author:WX Status in Original Country: 11 chapters (Complete) Genres: Sadist, BL, Smut, Modern Day Translation status: Complete Trigger Warning : 🚨🚨🚨🚘🚘🚘 Universion: အသက်မပြည့်သေးတဲ့သူတွေ ၊ BL Novel မကြိုက်တဲ့ သူတွေ ၊ Cross dress...