အခန်း(၃)-၁

12.9K 1.3K 19
                                    

Uni version:

စိတ်တိုလွန်းတဲ့ ရှားချီအန်းဟာ တစ်ညလုံး အိပ်လို့မပျော်တာကြောင့် မနက်ရောက်တဲ့အချိန်မှာ လူသတ်ချင်စိတ်ပေါက်နေပြီ .. ရေကန်ထဲက ငါးလေးတွေလို အသတ်ခံရမှာကြောက်တဲ့ လော့ရှုအိုင်နဲ့ တိုင်ရှောင်းချန်တို့ဟာ အပြင်ထွက်ဖို့အကြောင်းရှာပြီး သူ့ကိုထားခဲ့လိုက်ကြတယ်။
မနေ့ညကအဖြစ် အတွေးထဲရောက်လာတိုင်း သူ့ကိုယ်သူရွံရှာမိနေတုန်း .. ရွံစရာ .. တစ်ကယ့်ကို ရွံစရာ .. သူ မနေ့ညက တဏှာအမှောင်အမိုက်ထဲကျသွားတာပဲဖြစ်ရမယ် .. ဒါကြောင့်မို့သာ နောက်တစ်ဘဝမှာတောင်မလုပ်မယ့်ကိစ္စမျိုးလုပ်ခဲ့တာ .. အော့အန်ချင်သလိုဖြစ်တဲ့စိတ်နဲ့အတူ သူသိလိုက်တယ် .. ဒီအကောင်က သူ့အတွက် တစ်ကယ့်အကုသိုလ်ကောင်ဆိုတာ။ နောက်ထပ်စိုးရိမ်စရာအကောင်းဆုံးတစ်ခုက မနေ့ညမှာဖြစ်ပျက်ခဲ့သမျှ သူ့အကြောင်းတွေကိုရှီလင်သာ သတင်းဖြန့်လိုက်ရင်ဆိုတာပဲ .. ဒီလိုသာဆို သူသေလိုက်တာကမှ ကောင်းဦးမယ်။
သေချာတာက သူ့ဘဝ လူတကာတံတွေးခွက်ထဲမျှောပြီး XX တက္ကသိုလ်ဝန်းထဲတောင် ခြေချနိုင်မှာမဟုတ်တော့ဘူး။အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး .. ဒီကိစ္စကို သူကိုင်တွယ်နိုင်မှဖြစ်မယ် .. ဒါပေမယ့်လဲ တစ်ခြားသူတွေအသိခံပြီး အကူအညီတောင်းလို့ကလဲ မဖြစ်ပြန်ဘူး .. သူ ဘာလုပ်သင့်သလဲ။
အာ .. ဟုတ်တာပေါ့ ..
ခေါင်းထဲပေါ်လာတဲ့ အကြံကြောင့် သူ့မျက်ဝန်းတွေ တောက်ပသွားတယ် .. သူလုပ်နိုင်တာရှိတာပဲ .. ရှီလင့်ကို ခုပဲ ရှာရမယ် .. မနေ့က "သေနတ်ပစ်ပြိုင်ပွဲ" မှာ ရှုံးသွားလို့သာ .. ခုထပ်ပြိုင်လို့ သူနိုင်သွားရင် ရှီလင့်ကိုခြိမ်းခြောက်နိုင်ရုံတင်မဟုတ်ဘူး .. သူ့မျက်နှာပါ ပြန်ဆည်နိုင်ပြီပေါ့။
ပေါ်လာတဲ့ အတွေးနဲ့အတူ သူရှီလင့်ခုတင်ဆီအပြေးသွားပြီး အိပ်ပျော်နေတဲ့သူကို နိုးလိုက်တယ်

"ပြဿနာကောင် .. ထစမ်းပါ မြန်မြန်"

ရှီလင်က ခုထိ အိပ်ချင်းမူးတူးဖြစ်နေတဲ့ သူ့မျက်လုံးတွေကို ပွတ်ရင်း အေးစက်စက်ပြန်မေးတယ်

"ဘာလို့ထရမှာတုန်း"

"သေနတ်ပစ် ထပ်ပြိုင်ကြမယ်"

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now