အခန်း(၇)-၃

13.6K 1K 9
                                    

Uni version:



ရှားချီအန်းက ရှီလင့်ကို အဝေးတွန်းထုတ်ပြီး ကြိမ်းဝါးလိုက်တယ်

"သွားသေ .. ဒီဆရာက ခွင့်မလွတ်မချင်း ထိဖို့တောင် မစဥ်းစားနဲ့"

ဒီတစ်ခါ သူ တစ်ကယ်ကြီးကို စိတ်ဆိုးနေတာ .. ရှီလင့်ကို ကောင်းကောင်း အပြစ်ပေးရမှ ကျေနပ်နိုင်မယ်။

ရှီလင်က အရေးမကြီးဘူးဆိုတဲ့ပုံနဲ့ ပခုံးတွန့်ပြပြီး

"မင်းပြောတာနော် .. အေ .. တစ်ယောက်ယောက်ကိုပဲ သွားရှာတော့မယ်"

ပြောပြီးတာနဲ့ သူ ထွက်သွားဖို့ ပြင်လိုက်တယ် .. သူသိတာပေါ့ .. ရှားချီအန်းရဲ့ ခံနိုင်ရည်နဲ့ သည်းမခံနိုင်တဲ့အချက်က ဘာတွေဆိုတာ။

ရှားချီအန်းက ကျားမလေးတစ်ကောင်လိုပဲ ရှီလင့်ဆီ ခုန်အုပ်လိုက်ရင်း မာန်ဖီနေတယ်

"ချီး .. မင်း .. ခုမှ ဒီဆရာ့ဆီပြန်ရောက်တာကို နောက်တစ်ယောက်က သွားရှာချင်သေးတယ် .. ဒီဆရာတော့ ခုချက်ချင်း မင်းဟာကို ဖြတ်ပစ်လိုက်တော့မှ ထင်တယ် .. ဟမ်"

ရှီလင် .. "မင်းမှာ အစွမ်းအစရှိရင် ခုပဲဖြတ်လိုက်လေ .. မဟုတ်ရင်တော့ လိမ်လိမ်မာမာလေးနဲ့ ကိုယ့်ကိုပေးလုပ်လိုက်တော့"

ပြောနေရင်း သူ့လက်တွေက ရှားချီအန်းရင်ဘတ်တစ်လျှောက်ပြေးလွှားနေပြီး သူ့နို့သီးလေးတွေကို အင်္ကျီအပေါ်ကနေ ပွတ်ချေနေတယ်။

ရှားချီအန်း သူ့ ပါးစပ်ကနေသာ စွာကျယ်စွာကျယ် လုပ်နိုင်တာ .. တစ်ကယ်တော့ ရှီလင့်ကို ဘာမှလုပ်နိုင်တာ မဟုတ်ဘူး .. သူတတ်နိုင်တာဆိုလို့ ရှီလင်လိုချင်နေတာကို နာနာခံခံဖြည့်ဆည်းပေးလိုက်ဖို့ပဲ။

ရှားချီအန်း တစ်ခဏလောက် ချီတုံချတုံဖြစ်နေပေမယ့် နောက်ဆုံးတော့ အင်တင်တင်နဲ့ သဘောတူလိုက်တယ်

"ပြီးရော .. မင်းလိုချင်နေမှတော့ ဒီဆရာက လိုက်လျောမှာပေါ့ .. ဒါပေမယ့် ညမှပဲရမယ် .. ခုချိန်ကြီးကျ ဟိုကောင်တွေက အချိန်မရွေး ပြန်ရောက်လာနိုင်တယ်"

သူ့စကားကြောင့် ရှီလင် ကျေနပ်အားရပြုံးမိတယ် .. ဒီ ဝက်ဆိုးလေးက သူ့ကို ခြိမ်းခြောက်ရဲနေတယ် .. ဒီညတော့ ကောင်းကောင်း ပညာပေးမှရမယ် .. မဟုတ်လို့ကတော့ နောက်ဆို သူ့ခေါင်းပေါ်ကို ချီးတက်ပါမှာ။

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Tempat cerita menjadi hidup. Temukan sekarang