အခန်း(၁)-၄

13.3K 1.5K 29
                                    

Uni version:

  XX တက္ကသိုလ်ရဲ့ ကန်တင်းက ကျောင်းကန်တင်းတွေထဲမှာ အကောင်းဆုံးပဲ .. အမျိုးမျိုးသောစားဖွယ်စုံတွေရနိုင်တဲ့အပြင် အရသာအထူးကောင်းမွန်တာ​ကြောင့်လဲ ကျောင်သားတွေကြားရေပန်းစားတာပေါ့ .. ဒါပေမယ့်လဲ ရှီလင် ကတော့ ဆန်ပြုတ်ပဲ စားဖြစ်တယ် .. အိမ်ကနေခွဲပြီးလာရတဲ့ သူ့အဖို့တော့ အစားအသောက်ပုံစံအပြင် ပတ်ဝန်းကျင်အသစ်ကို ညှိယူနေရတာနဲ့
စားချင်သောက်ချင်စိတ်မရှိဖြစ်နေတာကြောင့် အစာပျော့ပျော့စားတာအသင့်တော်ဆုံးပဲ။
             ရှီလင် သူ့ရဲ့ဆန်ပြုတ်ရတာနဲ့ ကန်တင်းကနေထွက်လာပြီး တိတ်ဆိတ်တဲ့နေရာတစ်ခုရှာထိုင်လိုက်တယ် .. ထမင်းစားတဲ့အချိန် ဘေးနားမှာလူတွေရှိနေရင် မကြိုက်ဘူး .. သူတို့က တစ်အားဆူညံတာလေ။

           "အိုး .. ဘာလို့ ဆန်ပြုတ်ပဲလဲ .. မင်း နေ့တိုင်း အာ့ပဲစားနေတာ မငြီးငွေ့ဘူးလား"

            ဆန်ပြုတ်စားဖို့ သူ့ Mask ကို မချွတ်ရသေးခင်မှာပဲ ကသိကအောက်ဖြစ်စရာ လှောင်သံကိုကြားလိုက်ရတယ် .. ဒီလူတွေရဲ့စိတ်ဓာတ် ဘယ်လောက်တောင်ဆိုးဝါးသလဲဆို လူတစ်ယောက်ထမင်းစားနေတာကိုတောင် အေးအေးချမ်းချမ်းမစားရအောင် နှောက်ယှက်တဲ့အထိ။
လော့ရှုအိုင်ရဲ့ ရန်စသံဆုံးတာနဲ့ တိုင်ရှောင်းချန် က မခံချင်အောင်ထပ်ပြောပြန်တယ် ..

           "ရွေးချယ်စရာ ဘယ်ရှိမှာလဲလေ .. ဆင်းရဲသားလေးက သူတတ်နိုင်တာပဲ သူစားမှာပေါ့"

            "ဟေ့ .. မင်းတို့ နှစ်ကောင် ပါးစပ်ပိတ်စမ်းပါ"

             ရှားချီအန်း က သူ့အနောက်က ဘော်ဒါတွေကို ဟန်ဆောင်မာန်ပြီး သူ့ရဲ့တောက်ပတဲ့သွားလေးတွေပေါ်တဲ့အထိရီပြတယ် ..

             "စိတ်မဆိုးပါနဲ့ကွာ .. ငါတို့က မင်းကိုတောင်းပန်ဖို့လာတာ"

              ရှီလင် တန့်သွားပြီး ဘာဖြစ်တာလဲဆိုတဲ့ပုံနဲ့ သူ့ကိုပြန်ကြည့်တယ် .. ဟုတ်တယ်လေ .. ဝေ့လည်ကြောင်ပတ်နဲ့ ရွံစရာကောင်းလောက်အောင်လာရီပြနေတာ .. သူတို့ပုံစံက နှစ်သစ်ကူးညမှာ ဆင်းရဲသားတွေကို ပေးစာကမ်းစာလိုက်ဝေနေတဲ့ပုံနဲ့။
              ရှားချီအန်း က တကယ့်ကို စိတ်ထဲကပါတဲ့ လေသံနဲ့ ..

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Donde viven las historias. Descúbrelo ahora