အခန်း(၉)-၁

10.8K 948 15
                                    

Uni version:

ရှားချီအန်းဟာ ပျားပန်းခပ်မျှစည်ကားနေတဲ့ လူတွေကြားထဲ ဦးတည်ရာမရှိ လျှောက်သွားနေမိတယ်။ သူ့ရဲ့ချောမောလှပတဲ့ မျက်နှာပေါ်မှာ လက်ငါးချောင်းရာက အထင်းလိုက်ကြီးရှိနေပြီး တောက်ပနေလေ့ရှိတဲ့မျက်ဝန်းတစ်စုံက အခုတော့ ချောင်ကျလို့နေကာ စိုးရိမ်ပူပန်မှုတွေကို အထင်းသားတွေ့နိုင်တယ်။ သူ့ရဲ့အချစ်ဇာတ်လမ်းက အဆုံးသတ်သွားပြီ။ သူ့ဘဝရဲ့ ဆယ့်ရှစ်နှစ်တာကာလမှာ တစ်စုံတစ်ယောက်ကို ပထမဆုံးအနေနဲ့တကယ်ကြီးကို ချစ်ခဲ့မိတာဖြစ်ပြီး ဒီလို ဇာတ်သိမ်းသွားရလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး။

ဒီလို တစ်ဘက်သတ်ကနေရတဲ့ ဇာတ်လမ်းပြီးသွားတာ သူ ပျော်သင့်တာပေါ့။ ရှီလင့်ကြောင့် သူ ခံစားနေစရာလည်း မလိုတော့ဘူး။ ပျော်ရွှင်လိုက်ရ၊ ဝမ်းနည်းလိုက်ရ ကစားပွဲကြီးထဲ လက်ပစ်ကူးစရာလည်း မလိုတော့ဘူး။ ဒါပေမဲ့ .. ဘာလို့ .. သူ့ နှလုံးသားက သေလောက်အောင် နာကျင်နေရတာပါလိမ့်။ မဟုတ်သေးဘူး .. မင်း ဒီလိုဖြစ်နေစရာမလိုဘူးလေ။ သောက်ရေးမပါတဲ့ အချစ်ကြောင့် ဒုက္ခရောက်မနေနဲ့ .. မိဘတွေ သေသွားတာလည်း မဟုတ် .. ဘာကိစ္စ ဝမ်းနည်းပူဆွေးနေတာတုန်း။

ဒီအချိန်ကြီး သူ့ဖုန်းက ရုတ်တရက်ထမြည်လာတာမို့ ခေါ်သူကို ကြည့်လိုက်တော့ "လင်းယုထင်" ဖြစ်နေတာနဲ့ သူ မျက်မှောင်ကြုတ်မိသွားတယ်။ ဒီမိန်းမက သူ့ဆီ ဖုန်းဆက်တယ်ပေါ့။

သူ ဖုန်းကိုဖြေလိုက်တာနဲ့ လင်းယုထင်ရဲ့ ခြိမ်းခြောက်သံကိုကြားလိုက်ရတယ်။

"ရှားချီအန်း .. နင်နဲ့ရှီလင်ရဲ့ အတင်းအဖျင်းတွေ မပျံ့စေချင်ရင် ရှီးလိန်ကွင်းနားက ကော်ဖီဆိုင်မှာ ငါ့ကိုလာတွေ့ .. အဲ့မှာ နင့်ကို စောင့်နေမယ်"

ဖုန်းကို နားထောင်နေရင်း ရှားချီအန်း ကျယ်ကျယ်လောင်လောင်အော်ရယ်လိုက်မိတယ်။ ဒီမိန်းမက သူ့ကို ခြိမ်းခြောက်ချင်တယ်ပေါ့ .. ကံမကောင်းစွာနဲ့ပဲ သူနဲ့ရှီလင်ကဖြင့် လမ်းခွဲလိုက်ပြီဟာကို .. ဒီလို ခြောက်တာလောက်တော့ ကြောက်နေစရာလား။

သူ့ရယ်သံကြောင့် တစ်ဘက်က လင်းယုထင်မှာ သံသယတွေ တိုးပွါးလို့သွားတယ်

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now