အခန်း(၇)-၁

13.1K 1.1K 26
                                    

Uni version:

သူတို့ ချိန်းတွေ့ကြမယ့်စနေနေ့လေးမှာ ရှားချီအန်းရဲ့ မိဘတွေ မမျှော်လင့်ဘဲ ရောက်လာကြတာမို့ အထမမြောက်လိုက်ဘူး .. သူနဲ့ရှီလင်ရဲ့ ပထမဆုံးချိန်းတွေ့ရက်မှာ ဒီလိုဖြစ်သွားပေမယ့် ဝမ်းနည်းရုံပဲတတ်နိုင်တယ် .. တစ်ဖက်ကလည်း မတွေ့ရတာ နှစ်လတောင်ရှိနေပြီဖြစ်တဲ့ မိဘတွေနဲ့ တွေ့ရမှာမို့ ပျော်ရပြန်တယ် .. သူတို့ XX တက္ကသိုလ်ရဲ့ အထင်ကရနေရာတွေမှန်သမျှလိုက်ပို့ပေးရင်းနဲ့ ရှားချီအန်းဟာ သူ ဝမ်းနည်းနေတာတောင်မေ့သွားတယ်။

ကျောင်းကို တစ်ပတ်လောက် ပတ်ပြီးတာနဲ့ မာမားရှားက ပါပါးရှားကို ကျေနပ်တကြီးပြောနေသံကို ကြားလိုက်ရတယ်

"အဘိုးကြီးရှားရေ .. ဒီတက္ကသိုလ်က သိပ်ကောင်းပါရော .. ချီအန်း နိုင်ငံခြားမသွားပဲ ဒီလာမယ်ဆိုတုန်းက စိတ်ပူနေသေးတာ .. ခုတွေ့လိုက်ရတော့ စိတ်ချသွားပြီ"

မာမားရှားက အသက်လေးဆယ်ကျော်နေပြီဆိုပေမယ့် ကျန်းမာရေးလိုက်စားပြီး အရွယ်တင်တာကြောင့် တောက်ပနေတုန်းပဲ .. တစ်ချက်ကြည့်လိုက်တာနဲ့ ငယ်ရွယ်စဥ်အခါကတည်းက ထိပ်တန်းအချောအလှစာရင်းဝင်တစ်ယောက်ဆိုတာ တန်းသိနိုင်လောက်တယ်။

ပါပါးရှား .. "အင်း"

တည်တည်တံ့တံမျက်နှာပေးနဲ့ အသက်အနည်းငယ်ပိုကြီးနေတာသာ ဖယ်လိုက်ရင် ပါပါးရှားနဲ့ ရှားချီအန်းက ပုံစံခွက်တစ်ခုတည်းက ထွက်လာတဲ့အတိုင်း ချွတ်စွတ်။

ရှားချီအန်း သူ့မာမားကို ဖက်ထားလိုက်ရင်း

"ဒီတက္ကသိုလ်ကြီး ဘယ်လောက်မိုက်မိုက် .. မားတို့က အနားမှာမှမရှိတာ .. သားမှာ စားမဝင် အိပ်မပျော်နဲ့ ညတိုင်းလည်း မားတို့ကိုပဲ အိပ်မက်မက်တာ"

အမြဲတမ်း မာနတစ်ခွဲသားနဲ့ ရှားမင်းသားလေးဟာ မိဘတွေရှေ့မှာတော့ ကျီကျီကျာကျာနဲ့ ကပ်ချွဲနေတဲ့ သားငယ်လေးပြန်ဖြစ်သွားတယ်။

မာမားရှား .. "အယ် .. သားသား .. ကောင်မလေးတွေကိုလည်း ဒီအတိုင်းပဲ ချွဲသလား .. ဟမ်"

သူ့သားကို ဖွဖွလေး ပုတ်ပေးနေရင်း

"အဲ့လိုဆို ဘာလို့ အိမ်မှာထက်တောင် မျက်နာပြည့်လာရသတုန်း"

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Dove le storie prendono vita. Scoprilo ora