အခန်း(၄)-၂

12.3K 1.2K 26
                                    

Uni version:

အဲ့ဒီ နားလည်ရခက်တဲ့အနမ်းပေးပြီကတည်းက သူရှီလင့်ကို မတွေ့ရဲတော့ဘဲ ပုန်းနေခဲ့တာ .. မတော်တဆများတွေ့မိကြလို့ ရှီလင်က သူ့ကို မေးခွန်းတွေမေးလာခဲ့ရင် သူ့မှာ ဖြေစရာ အဖြေကလဲ ရှိမနေဘူး

"ရှားချီအန်း"

သူ့ရဲ့ ပျံ့လွင့်နေတဲ့အတွေးတွေဟာ သာယာနာပျော်ဖွယ်ကောင်းလွန်းတဲ့ အသံလေးကြောင့် သတိပြန်ကပ်သွားပြီး အသံလာရာဆီ ကြည့်လိုက်မိတော့

"အာ .. ယုထင် .. ဆောရီး .. ကိုယ် တွေးစရာလေးပေါ်လာလို့"

သူ့ဘေးမှာ ရှိနေတဲ့ မိန်းမချောလေးဆီ တောင်းပန်တဲ့အပြုံးလေးနဲ့ ပြောလိုက်တယ် .. ချီး .. သူ လင်းယုထင်နဲ့ ချိန်းတွေ့နေတာလေ .. သတိကပ်စမ်းပါဦးဟ

"ရပါတယ် .. ကို့ မျက်နှာက မကောင်းသလိုပဲ .. ဘာဖြစ်လို့လဲ"

ရှားချီအန်းရဲ့ ချောမောတဲ့မျက်နှာဟာ ချောင်ကျပြီး မျက်ကွင်းတွေလဲ ညိုနေတာကြောင့် လင်းယုထင်ကို စိတ်ပူစေတယ်

"အာ .. အေးဆေး ..ကောင်းပါတယ်"

သူ့ခေါင်းတွေကို ခါလိုက်ပြီး အပြုံးတွေကို ညှစ်ထုတ်ပြုံးလိုက်ရတယ်

"အဲ့ဒါဆိုလဲ ပြီးရော .. ရေဆာလို့ .. "

သူမ ပြောလို့မပြီးသေးခင် .. "အာ့ဆို ခုချက်ချင်း ကိုယ်သွားဝယ်လိုက်မယ်"

လင်းယုထင်က အပြုံးလေးနဲ့ .. "ကျေးဇူး"

ရှားချီအန်းက ထလိုက်ပြီး

"ဒီမှာပဲ စောင့် .. ကိုယ်သွားလိုက်ဦးမယ်"

သူ ထွက်လာလာချင်းပဲ ရှီလင်နဲ့ ကျန်းချင်းချင်းတို့ စကားတူတူရပ်ပြောနေကြတာကို တွေ့လိုက်ရတယ် .. ရှားချီအန်းရဲ့ မျက်ခုံးတွေဟာ သံသယတွေနဲ့အတူ မြင့်တက်လာတယ် .. ဘာလို့ ဒီနှစ်ယောက်ပြန်ပဲလဲ .. သူ့ကိုယ်သူသတိမထားလိုက်ခင်မှာပဲ ရှီလင်တို့နား တိုးကပ်သွားပြီး သူတို့နှစ်ယောက်ကြားက ပြောစကားတွေကို နားစွင့်လိုက်မိတယ် .. လင်းယုထင်အတွက် ရေလာဝယ်တယ်ဆိုတာလဲ မေ့သွားပြီ။

"ရှီလင် .. ဒါလေး .. ရှင့် အတွက်"

ကျန်းချင်းချင်းက ရှက်နေတဲ့မျက်နှာလေးနဲ့ ရှီလင့်လက်ထဲကို လှလှပပထုတ်ပိုးထားတဲ့ ပစ္စည်းလေးကို ထည့်ပေးရင်းပြောတယ်

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now