အခန်း(၁၀)-၄

10.7K 881 37
                                    

{Unicode}




ရှီလင် .. "ဇောင်းကြွတယ် .. ငါ မြင်တာတော့ ဇောင်းကြွနေတာက မင်းပဲ .. အခု တမော့လည်း ပြန်သွားပြီဆိုတော့ ငါတို့ လုပ်ချင်တာ လုပ်လို့ရပြီ .. မင်းလည်း ပြန်ကောင်းနေပြီပဲ .. ဆိုတော့ မင်း ပြောထားတဲ့ အခါတစ်ရာကို ခုပဲ စ လိုက်ကြတာပေါ့ .. ငါတို့ ဘာတွေလုပ်နိုင်မလဲ ကြည့်ရအောင်"

ပြောပြီးတာနဲ့ ရှီလင်က ရှားချီအန်းကို ဆွဲခေါ်သွားတော့တယ်။

ရှားချီအန်းက နိုင်ကွက်အကြီးကြီး ကိုင်ထားမိတဲ့ပုံနဲ့ သူ့ကိုတောင် ရယ်စားရဲနေပြီ။ ဒီ ဝက်ကို ဘယ်လို ဆုံးမပေးရင် ကောင်းမလဲ။ တစ်ခါတည်း အခါတစ်ရာ လုပ်ပလိုက်ရမလား .. မဟုတ်ရင် သူ့ရဲ့ နည်းလမ်းပေါင်းစုံနဲ့ "ဆော့စရာ ပစ္စည်း" တွေပေါင်းပြီး အိပ်ယာပေါ်မှာ လ တော်တော်ကြာသွားတဲ့အထိ ပျော်ရွှင်နေရအောင် လုပ်ပေးရမလား .. ဒီလိုဆို သူ့ ခေါင်းပေါ် ထပ်မတက်ရဲလောက်တော့ဘူးမလား။

ရှားချီအန်း .. "လူယုတ်မာကြီး .. ခုချက်ချင်း ငါ့ကို လွှတ် .. မင်းကများ ငါ့ကို ထိရဲသေးတယ် .. ငါ မင်း အစ်ကိုကြီးနဲ့ တိုင်မှာနော် .. မင်း ငါ့ကို နှိပ်စက်တာနဲ့ သူ့ကို ပြောဖို့ မှာထားပြီးသား .. ဘယ်အချိန်မဆို ခေါ်လိုက်ရုံပဲ .. သူက ငါ့ကို ကူမှာ"

ရှားချီအန်း ကြောက်လန့်တကြား အော်ဟစ်ရုန်းကန်နေရင်း သူ့ ဖုန်းကို ယူထုတ်နေတယ်။

ရှားချီအန်းဖြစ်နေတဲ့ ပုံစံကြောင့် ရှီလင် ပိုပြီး ဒေါသထွက်လာရတယ်။

"မင်း သူ့ကို တိုင်ပြောဖို့ ငါက အခွင့်အရေးပေးမယ် ထင်နေလား"

ဘေးနားက သူတို့ကို ဝိုင်းကြည့်နေတဲ့သူတွေကို ဂရုမစိုက်ပဲ ရှားချီအန်းကို ဆွဲခေါ်လာလိုက်တယ်။

ရှားချီအန်း .. "သေနာကောင် .. ငါ့ကို လွှတ် .. မထိနဲ့ .. ခု ချက်ချင်း လွှတ်လို့ .. မဟုတ်လို့ကတော့ မင်းပဲ နောင်တရမှာနော်"

ရှီလင် .. "ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့ .. ငါ့ကို ခြိမ်းခြောက်တာမျိုးဆို သိပ်မုန်းတာ မင်း သိတယ်မလား .. ကြည့်ကြတာပေါ့ .. နောင်တရ ရမယ့်သူက ဘယ်သူလည်းဆိုတာ"

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Tempat cerita menjadi hidup. Temukan sekarang