အခန်း(၂)-၂

12.7K 1.4K 34
                                    

Uni version:

ရှားချီအန်းဟာ သိပ်မကြာဘဲ လင်းယုထင်ကို မှီလာပြီး လက်ကိုဖမ်းဆွဲလိုက်တယ် .. သူမက အကိုင်မခံတဲ့အပြင်

"ငါ့ကို .. လွတ် .. နင် .. နင့်ကြောင့် .. ငါ နောက်ကျရင် ဘယ်လိုမျက်နှာနဲ့ ဒီလူတွေကို ရင်ဆိုင်
ရမှာတုန်း .. နင့်ကို မုန်းတယ်"

လင်းယုထင်ဖို့ တွေးလေ တွေလေ အရှက်တွေကတိုးလေမို့ ဒေါသထွက်ထွက်နဲ့ ရှားချီအန်းရင်ဘတ်ကို ထုထုပြီး မျက်ရည်တွေကျဖို့ပဲတတ်နိုင်တယ်။

"ကလေး .. ကိုယ်တစ်ကယ်တောင်းပန်ပါတယ်ကွာ .. အကုန်လုံးက ကိုယ့်အမှားတွေပါ .. မင်းက တစ်အားချောလွန်းလို့ ကိုယ် စိတ်မထိန်းနိုင်ဘဲဖြစ်သွားရတာ"

ရှားချီအန်းက လင်းယုထင်ရဲ့ ကြောလေးကို ပုတ်ပေးရင်း လေသံတိုးတိုးလေးနဲ့ ချော့မော့နေတယ်

သူ ဘယ်လိုချော့ချော့ လင်းယုထင်က

"အယုတ်တမာကောင် .. နှာဘူးကောင် .. အရှက်မရှိတဲ့ အကောင် "

ဆိုပြီး ပြောဆိုနေတုန်း .. စိတ်ရှိလက်ရှိဆဲလို့ပြီးမှပဲ သူမဟာ ရှားချီအန်းအပေါ် တဖြည်းဖြည်း
စိတ်ပြေသွားတော့တယ်

"ရှီလင်က ဒီအကြောင်း လူတွေကို လိုက်ပြောနေရင် ဘယ်လိုလုပ်မတုန်း .. ငါတို့ ကျောင်းအထုတ်ခံရမှာလားဟင်"

ဒီလိုဖြစ်လာမှာမျိုးကို လင်းယုထင်က အကြောက်ဆုံးပဲ

"စိတ်မပူပါနဲ့ .. သူပြန်မပြောနိုင်အောင် ကိုယ်သေချာကြည့်လုပ်လိုက်ပါ့မယ်"

ရှားချီအန်း ဟာ လင်းယုထင်ကို နှစ်သိမ့်နေရင်း သူ့မျက်လုံးထဲမှာတော့ ​ရက်စက်တော့မယ့်အရိပ်အရောင်တွေနဲ့ပေါ့ .. ဒီကောင် ဘာမှမလုပ်ဘဲနေတာပိုကောင်းမယ် .. မဟုတ်ရင်တော့လား .. သနားစရာကောင်းတဲ့ ဘဝရောက်သွားစေရမယ်။

"တကယ်နော်"

လင်းယုထင်က မယုံမရဲမျက်နှာလေးနဲ့ပြောရှာတယ် .. ဟုတ်တယ်လေ .. ရှီလင့်လို မှန်းဆရခက်ပြီး ထူးဆန်းတဲ့သူကို ရှားချီအန်းက တကယ်ပဲ ကိုင်တွယ်နိုင်မှာလား။

"စိတ်ချလက်ချသာနေပါကွာ .. အားလုံးအဆင်ပြေသွားအောင် ကိုယ် ကြည့်လုပ်လိုက်ပါ့မယ်"

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Où les histoires vivent. Découvrez maintenant