အခန်း(၁၁)-၄

12.2K 627 17
                                    


{Uni}

ရှီလင်က ကျီစယ်လိုဟန်အပြည့်နဲ့ အမိန့်ပေးလိုက်တယ်။

"ငါ့ကို ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်မနေနဲ့ .. ခဏလောက် ထပြီး အဝတ်အစားတွေ ချွတ်လိုက် .. မင်း လိုချင်နေတဲ့ ငါ့ဟာကြီးကို အဝကျွေးမှာ .. မပူနဲ့"

ရှီလင် ဘာဖြစ်ချင်နေမှန်း သေချာနားမလည်ပေမဲ့ သူ စိုးရိမ်နေသလို ထွက်သွားမှာမျိုး မဟုတ်တာကြောင့် ရှီလင်ခိုင်းတဲ့အတိုင်း မြန်မြန်ဆန်ဆန်ပဲ သူ့အဝတ်အစားတွေကို ချွတ်လိုက်တယ်။ အင်္ကျီချွတ်လိုက်တာနဲ့ တစ်ပြိုင်နက် ကျစ်လစ်သန်မာတဲ့ ကြွက်သားအမြောင်းလိုက်တွေနဲ့ မျက်စိပဒေသရှိလှတဲ့ ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ထားတဲ့ ရှားချီအန်းရဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးဟာ မြင်သူတိုင်းကို သွားရည်ကျစေမှာ အသေအချာပဲ။

အမှန်အတိုင်းသာ ပြောရရင် ရှားချီအန်းလို တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ယောက်ျားပီသချောမောပြီး မိန်းမပွေတဲ့သူတစ်ယောက်က ဘယ်လိုမှ Gay သွားစရာ အကြောင်းကို မရှိဘူး။ ရှီလင်က လှည့်ဖျားပြီး ဆွဲဆောင်နိုင်ခဲ့လို့သာ မျက်စိလည်ပြီး ဒီဘဝရောက်ခဲ့ရတာ။

ရှားချီအန်းရဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ခန္ဓာကိုယ်ကို ကြည့်နေရင်း ရှီလင့်ရဲ့ အေးစက်နေတယ်ထင်တဲ့ မျက်ဝန်းတွေဟာ ဆန္ဒတွေနဲ့ ပူလောင်ပြင်းပြလို့သွားရတယ်။ ရှားချီအန်းဟာ တစ်ခါတစ်လေ အတွေးတိမ်ပြီး အယုံလွယ်တာကလွဲရင် သူ့မျက်နှာလေးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အပြစ်ပြောစရာမရှိလောက်အောင်ကို ကောင်းမွန်လွန်းလှတယ်။

သူ့တစ်ကိုယ်လုံးကို ဇိမ်ခံပြီး ကြည့်နေတဲ့ ရှီလင်ရဲ့ အကြည့်စူးစူးတွေဟာ ရှားချီအန်းကို မရိုးမရွဖြစ်စေတယ်။ ဟာလာဟင်းလင်းကြီး လစ်ဟထားရတဲ့အပြင် သူ့ရဲ့ကိုယ်ပိုင်အင်္ဂါကပါ အကာအကွယ်မဲ့နေတာမို့ သူ့မျက်နှာဟာ တစ်ဖြည်းဖြည်းနီရဲလို့လာတယ်။ ရှီလင့်ရှေ့မှာ အဝတ်မဲ့ခန္ဓာကိုယ်နဲ့နေဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့လည်း ဒီလိုပြင်းပြတဲ့ ဆန္ဒတွေနဲ့ ရှားပါးတဲ့ပစ္စည်းကောင်းတစ်ခုလို တစ်စိမ့်စိမ့်အကြည့်ခံရတာက ပထမဆုံးအကြိမ်မို့ သိပ်ကိုနေရခက်တယ်။

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now