"သူ့သားက ခြောက်နေတာတဲ့"
"ကုသိုလ်ကံ အကြောင်းတရားပေါ့ဟယ်"
"အေးလေ ဝဋ်ကြွေးတွေ"
အထွန်း မကြားချင်သော စကားများဖြစ်သော်လည်း ပီပီသသ ပင် ကြားလိုက်ရပါသည်။
စေတီဘက်သို့ မျက်နှာမူကာ ဘုရားရှိခိုးနေသော
အမေကတော့ ကြားဟန်မတူ ။အမေ ဘုရားရှိခိုးပြီးသည် နှင့် အထွန်း အမေ့ အနားသို့ ကပ်သွားလိုက်သည်။
"အမေ အထွန်းတို့ ပြန်ကြမယ်လေ"
အထွန်း အသံတိုးတိုးဖြင့် ပြောလိုက်တော့ အမေက ခေါင်းညိတ်သည်။
"ကြီးကြီးတို့ အအေးသောက်ပါဦး"
ထမည့် ဆဲဆဲမှာပင် ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက်တွင်တော့ အထွန်းဆီသို့ ကမ်းပေးလာသော အအေးခွက် တစ်ခွက်။
"အကိုထက်အောင် "
အအေးခွက်ဗန်း ကို ကိုင်ထားသော အကိုထက်အောင်က ရင်းရင်းနှီးနှီးပင် ပြုံးပြလာတော့ အထွန်းလည်း ပြန်ပြုံးပြရင်း အအေးကို လှမ်းယူလိုက်သည်။
ပြန်ဖို့လုပ်နေပေမယ့် လက်ထဲရောက်လာပြီပဲ၊ သောက်ရတော့မှာပေါ့ ၊ ပြီးတော့ မသောက်ရင် အလှူရှင်က စိတ်မကောင်းဖြစ်ရမှာ ။
အလှူရှင် ဒါနမြောက်အောင် သောက်လိုက်ပါ့မယ်လေ။
အထွန်းက မတ်ခွက် ဖြင့် အပြည့်ထည့်ထားသော သံပုရာရည်ကို တစ်ကြိမ်တည်းပင် မော့သောက်လိုက်သည်။
"အကို "
"ဪ အထွန်း ထပ်ထည့်ပါဦးလား"
"ဟုတ်"
မငြင်းပါဘူး ၊ အလှူရှင်က စေတနာနဲ့ တိုက်တာပဲ ။ ကိုမိုးက လွဲရင် အခြားသူတွေဆီက မစားမသောက် ချင်ပေမယ့် ဒါက အလှူပဲ။
ဒုတိယအကြိမ်ရောက်လာသော သံပုရာရည်ကို သောက်အပြီးတွင်တော့ အထွန်း ဗိုက်ပင်ပြည့်သွားပြီ။
"အထွန်း ပြန်ချင်နေပြီဆို"
"ဟုတ်"
အမေ ပြောသံကြားမှ အထွန်းလည်း ခွက်ကို သေချာ ပြန်ပေးလိုက်ပြီး ထွက်လာခဲ့တော့သည်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romantik"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"