အထွန်းတစ်ယောက် ကျော်မိုး အိမ်ဘက်သို့ မသွားသည်မှာ နှစ်ပတ်ပင်ပြည့်တော့မည်။
အထွန်းလည်း ကျော်မိုးအိမ်ဘက်မသွားသလို ကျော်မိုးကလည်း အထွန်းတို့ ဆိုင်ဘက်သို့ ရောက်မလာ။ထိုရက်များတွင် အထွန်းသည် ငြိမ်ငြိမ်သက်သက်ရှိလွန်းလှသည်။
တစ်နေရာတွင်ထိုင်ကာ တွေးချင်ရာ တွေးနေမည် ။ လုပ်စရာရှိသည်များကို ဖြည်းဖြည်းအေးအေး လုပ်ကိုင်ပြီးလျှင် အိပ်ယာထဲတွင် ဝင်ခွေနေမည်။ အစားကိုလည်း မယ်မယ်ရရ မစားတော့သလို အလွန်အမင်း ကြိုက်လှပါရဲ့ ဟုဆိုသော မရမ်းသီးများ ကိုပင် လှည့်မကြည့်တော့ ။"အထွန်းရေ ထမင်း စားကြမယ်လေ"
"အထွန်းမဆာသေးလို့ ခဏနေမှ စားလိုက်မယ်"
အမေက အထွန်းကို ထူးထူးဆန်းဆန်း ဟူသော အကြည့်မျိုးဖြင့်ကြည့်သည်။ အမှန်တကယ်ပင် အထွန်း မဆာ ။ ဗိုက်လည်းမဆာသလို အစားစားချင်စိတ်လည်းမရှိ ။ အထွန်းကိုယ် အထွန်းလည်း ကိုယ့်စိတ်ကိုပင် မသိ။
ပုံမှန်ရက်များတွင် တက်ကြွကာ လှုပ်လှုပ်ရွရွ နေတတ်သော အထွန်းသည် တစ်နေကုန် တွေးကာငေးကာဖြင့် ငြိမ်သက်နေတော့သည်။
"အထွန်း စိတ်ညစ်စရာရှိလို့လား"
အမေ့ အမေးကို အထွန်းက ခေါင်းသာ ခါပြသည်။
"အခုတလော တမှိုင်မှိုင်နဲ့ နေများမကောင်းလို့လား"
"နေကောင်းပါတယ် အမေရယ် ၊ အထွန်း ဘာမှ မဖြစ်ပါဘူး "
အမေ့ကိုတော့ စိတ်မပူစေချင်။ အထွန်း ဘဝ မှာ အခြားလူတွေထက် အမေက သာ အရေးအကြီးဆုံး ။ ကိုမိုး ဖြစ်နေခဲ့ရင်တောင် ..။
ကိုမိုး ဟု တွေးလိုက်ရုံဖြင့်ပင် အထွန်း သက်ပြင်းချမိပြန်သည်။
ဟင့်အင်း ဒီလို ဖြစ်စရာ အကြောင်းမှ မရှိတာ ။ အရင်တုန်းက ကိုမိုး အကြောင်းတွေးလိုက်တိုင်း အထွန်း ပျော်ခဲ့ရတာ ချည်းပါပဲ ။ အခုကျတော့မှ ဘယ်လိုဖြစ်ပြီး...။
"အထွန်း"
"ဟင် အမေ အထွန်း မျက်လုံးထဲ ပိုးကောင်ဝင်သွားလို့"
![](https://img.wattpad.com/cover/253808493-288-k444591.jpg)
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Dragoste"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"