ဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင် အနီးတွင် ကာလသား ၊ ကာလသမီးတို့သည် အိုးကြီး အိုးငယ်များဖြင့် ချက်ပြုတ် ပြင်ဆင်နေကြသည်။
အထွန်းက ဘုန်းကြီးကျောင်းသို့ ရောက်ရောက်ချင်းတွင်ပင် ထက်အောင် ကို ရှာသည်။
ဖိနပ်ကို လက်တစ်ဖက်က ကိုင် ၊ ထီးကို တစ်ဖက်က ကိုင်ရင်း လမ်းလျှောက်လာသော အထွန်းကို ထက်အောင်ကတော့ အဝေးမှပင် လှမ်းမြင်ရပါသည်။"အထွန်း အစောကြီးပဲရောက်လာတာလား"
"လကွယ်နေ့ ဈေးပိတ်တယ် ဆိုတော့ ကူလုပ်စရာများရှိမလားလို့"
"ကူလုပ်ပေးစရာတော့ မရှိပါဘူး ၊ အပျိုလူပျို အဖွဲ့တွေက ဆွမ်းကျွေးတာဝန်ယူပေးထားတာပဲ "
"ဒါဆို အထွန်း ကူလုပ်စရာမရှိဘူးပေါ့"
"လောလောဆယ်တော့ နားပါဦး ၊ အခု ဇရပ်ကို သွားကြမယ်"
ထက်အောင်က အထွန်းထံမှ ထီးကိုလှမ်းယူသည်။
"ထီးပေး ၊ အကို ကိုင်ပေးမယ် "
အထွန်းက ခေါင်းညိတ်ကာ ထီးအောက်ဝင်ရင်း ထက်အောင်နောက်သို့လိုက်သည်။ ဇရပ်သို့ရောက်သော အခါ ထက်အောင်က ထီးကို အသာအယာ ပိတ်သည်။ ထို့နောက် ထီးကို တံခါးဘောင်တွင်ချိတ်ရင်းအထွန်းလက်ထဲမှ ဖိနပ်ကို လှမ်းယူသည်။
"ရပါတယ် ဖိနပ်ကို အထွန်း သိမ်းပါ့မယ်"
"ပေးပါ အတူတူသိမ်းထားတော့ ပြန်တဲ့အခါ ရှာရမခက်တော့ဘူးပေါ့"
ထက်အောင်က ဖိနပ်ကိုယူကာ လှေကားထောင့်တစ်နေရာရှိ အိတ်တစ်အိတ်ထဲသို့ ထည့်ထားလိုက်သည်။
"ကဲ ရပြီ ၊ ဇရပ်မှာ ခဏနားဦး ၊ ဆယ်နာရီလောက်မှ ဥပုသ်သည်တွေ ဆင်းလာကြမှာ"
"ကိုထက်ကရော"
"အကိုက ဟိုဘက်မှာ လိုတာ သွားကြည့်ဦးမယ်လေ"
"အထွန်းလည်းလိုက်မယ်"
ထက်အောင်က ခေါင်းညိတ်ကာ အထွန်းကို လက်ကမ်းပေးသည်။
အထွန်းက ထီးကို ယူကာ ထက်အောင်၏ လက်ထဲသို့ ထည့်သည်။"ထီးတောင်းတာ မဟုတ်ဘူးလေ အထွန်းရဲ့ "
"ဟင် ဘာတောင်းတာလဲ "
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"