Episode 💘1💘
DJသံများ ပျံ့လွင့်နေကာ🎶🎵မီးရောင်စုံများကြား
ခုန်ပေါက် ကခုန်မြူးထူးနေသော လူများ.....
ထိုလူများကြားတွင် အနီရောင် ကြိုးတစ်ခေတအိမ်လုံယ်ကျပ်အင်္ကျီဖြင့် ယောက်ျားသားတို့၏ အကြည့်ကို သိမ်းပိုက်ထားနိုင်သော မိန်းမငယ်တစ်ဦး
စိတ်လွတ်ကိုယ်လွတ် ကခုန်နေကာ......
"ဝိုးးး"ထိုမိန်းကလေးကတော့ တောင်းဆုခြွေပင်
Sky ကုမ္ပဏီCEOရဲ့ တစ်ဦးတည်းသော သမီး တောင်းဆုခြွေပင်
မိတဆိုးလေးဖြစ်ကာ တအိမ်လုံးရဲ့ သဲသဲလှုပ်အလိုလိုက်ခြင်းခံရကာ လိုချင်တာမှန်သမျှ အကုန်ရနေ၍ အပျော်အပါးမက်သူလေးပင်
ခုလဲ ပညာတော်သင်ကပြန်ရောက်တာ တစ်ရက်ပင်ရှိသေး
၂၀နှစ်ပြည့် မွေးနေ့ကို Club၌ ကျင်းပကာပျော်ပါးနေခြင်းပင်........
စင်အလယ်ကိုသွားကာ.မိုက်ကိုယူ၍"ဒီမှာ ရှိနေတဲ့ ဧည့်သည်တော်များအားလုံး ဒီနေ့....ခြွေဒကာခံပါ့မယ်.အဲတော့....အပြတ်ကဲလိုက်ကြမယ် Music"
Musicသံစသည်နှင့် ဒယီးဒယိုင်ဖြင့် ဝိုင်ပုလင်းကိုဆွဲကာ ကနေလျက်
ထိုမြင်ကွင်းကို Clubရဲ့တစ်နေရာက ကြည့်နေသော သူတစ်ဦး
"Bossအနီရောင်နဲ့ကောင်မလေးက တောင်းဆုခြွေပါ"
သူတို့ရဲ့ မျက်လုံးများက လူများအလည်တွင် ကနေသော ထိုကောင်မလေးထံသို့......ခြွေကနေရင်း ခြွေ့အနား.တိုးလာကာ ခြွေနှင့်လာရောသော ကောင်လေးတစ်ယောက်
ဝိုင်ကြောင့်အနည်းငယ် ရီဝေနေသော်လည်း ခြွေ စိတ်လွတ်ကိုယ်လွတ်မဟုတ်"နတ်မိမယ်လေး ကိုယ်မင်းနဲ့ အတူ တွဲကလို့ရလား"
ပြောကာ ခြွေခါးအား ဆွဲကိုင်ရန် လုပ်နေသော ကောင်လေးအားပါးနပ်စွာ ခြွေရှောင်တိမ်း၍"No...no..no"
ထိုချိန်ခြွေတို့အား ရောက်လာသော မိန်းကလေးတစ်စု
ခြွေ့အား မျက်ဝန်းစူးစူးဖြင့်ကြည့်လျက်
မြောက်တက်လာသော လက်အစုံက ခြွေ့ပါးပေါ်သို့်
"ဖြန်း👋 နင်ကများ ငါ့ချစ်သူကို လုရဲသေးတယ်"
အသံကြောင့် ခြွေတို့ထံ လူတွေ ဝိုင်းကြည့်လာကြလျက်
ခြွေ နာကျင်သွားသော ပါးပြင်အားကိုင်ကာ
မဲ့ပြုံးပြုံးလျက်
"ဖြန်းဖြန်း👋👋"
ထိုကောင်မလေး ပါးအား နှစ်ချက်ဆင့်ပြန်ချကာ
"နာသွားလား sorry"
"နင်.......တောက်"
ခြွေ ထိုကောင်မလေးနားကပ်ကာ
"ကိုယ့်လူကိုယ်နိုင်အောင် ထိန်းလေ တို့ကတော့ စိတ်မဝင်စားဘူး နွားတွေ မြက်မကျွေးချင်လို့😉"
ပြောကာ စမတ်ကျကျ ထွက်သွားလျက်
သို့သော် ထိုကောင်မလေးက မလျော့
ထွက်သွားသော ခြွေနဲ့ဆံပင်အားဆောင့်ဆွဲ့လိုက်၍
"စနိုက်ကြော်မ"
"နင် လွတ်လိုက်တာကောင်းမယ်ထင်တယ်"