🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘34💘
ခြွေ ပြတင်းပေါက်အဝတွင် ငေးကာ စိတ်ထဲမတင်မကျဖြစ်နေစွာ
ခြွေ့အတွေးများကလည်း လင်းခေတ်ဆိုသော သူနှင့် ပြောခဲ့သော စကားများသို့★ ★ ★ ★ ★ ★ ★
ကော်ဖီတစ်ခုရဲ့ ထောင့်စွန်းဝိုင်းလေးတွင် မျက်နှာချင်းဆိုင်အနေအထားနှင့် ထိုင်နေသော ခြွေနဲ့ခေတ်
ခြွေမှာ စားပွဲထိုးလေး ချပေးလာသော ကော်ဖီခွက်လေးအား ကိုင်ကာ ဘယ်နေရာကစပြောရမယ် မသိဖြစ်နေစဉ်
စတင်စကားပြောလိုက်သောခေတ်
"မင်းပုံစံက နေရခက်နေတဲ့ပုံပဲ ကြည့်ရတာ ကော်ဖီသောက်ခေါ်မိတာ မင်းအတွက်အနေခက်စေပြီထင်တယ်"
"မ..မဟုတ်ပါဘူး"
"အဟွန့် ကိုယ့်နာမည်က လင်းခေတ်"
"ခြွေ့နာမည်က ..တောင်း....!!!"
"တောင်းဆုခြွေ ကိုယ်သိတယ်"
ခေတ် ပြုံးလိုက်ကာ စားပွဲပေါ်က ကော်ဖီခွက်လေးအား မော့ချလိုက်သည်
ခြွေ့မှာတော့ စိတ်ထဲမေးခွန်းများစွာဖြင့်
သူ ခြွေ့နာမည်ကို ဘယ်လိုသိနေတာလဲ
မဟုတ်မှ ခြွေ့နဲ့ဆုံခဲ့တာ တကယ်ပဲသူပဲလား
ဒါပေမယ့် ခြွေ နှလုံးသားက ဘာလို့ ရင်မခုန်တာလဲ
ငါ သူ့ကိုမေ့ပြီး ဦးသြကိုတကယ် ချစ်သွားလို့လား
အတွေးပေါင်းများစွာနှင့်
ခြွေ အရဲစွန့်ကာ
"ဟို...ဟိုလေ ခြွေတစ်ခုမေးလို့ရမလား"
"မေးလေ"
"ခြွေနဲ့ ဆုံဖူးလားဟင်"
"ဆုံဖူးတယ်လေ"
မဆိုင်းမတွ ဖြေလိုက်သော ခေတ်စကားကြောင့် ခြွေအံ့သြစိတ်များနဲ့ အတူ မျက်ဝန်းတို့ပြူးကျယ်သွားကာ ဘာပြောရမယ်ကိုပင် မသိတော့
"ကိုယ်နဲ့မင်း ဒီထက်အရင် necktieဆိုင်မှာတွေ့ဖူးတယ်လေ"
"ခြွေပြောတာ အဲ့ထက်အရင်"
"ဘာကိုလဲ"ခြွေ့စိတ်ထဲ အတည်ပြုချင်သဖြင့် အရဲစွန့်ကာ
"ဟို...<......>ရက်တုန်းက Clubမှာ ခြွေနဲဆုံဖူးလား"
ထိုသူက အနည်းငယ် တွေးတောနေကာ
"ကိုယ်တစ်ခု အရင်မေးလို့ရမလား အဲ့သူက မင်းအတွက် အရမ်းအရေးပါလို့လား"
ခေတ်အမေးကြောင့် ခြွေ စိတ်လှုပ်ရှားနေသည်ကို အပြုံးလေးဖြင့် ဖုံးကွယ်ကာ
"အဟင်း ခြွေအဲ့လူကို ဆက်ဆက်ပြန်ပေးစရာရှိလို့ပါ"
ခြွေ မသေချာမရေရာသေးသော သူစိမ်းတစ်ယောက်ကို အရာရာမပြောချင်
"ဒါဆိုရင်တော့ ဝမ်းနည်းစရာပဲ အဲ့လူက ကိုယ်မဟုတ်ဘူး"
"ရှင်!!!!!"
ခြွေ အာမေဋိတ်သံလေးပင် ထွက်သွားရင်း
တကယ်ပဲ အဲ့သူကဘယ်သူလဲ
ခြွေ့စိတ်ထဲ ထိုသူအားသိချင်စိတ်တွေ ပြင်းပြနေခဲ့ရင်း
"ဝမ်းနည်းစရာပဲနော် ကိုယ်ကမင်းရှာနေတဲ့ သူမဟုတ်ဘူး"
"တကယ်ပဲ မဆုံဖူးဘူးလားဟင်"
"အဟွန်း ကိုယ်ကအဲ့အချိန်တုန်းက မြနိမာနိုင်ငံမှာမဟုတ်ဘူးလေ ကိုယ်ပြန်ရောက်တာ မကြာသေးဘူး"
"သြော်"
"မင်းမေးတာ အကုန်ဖြေပြီးပြီဆိုတော့ ခုကိုယ်မင်းကိုတစ်ခုမေးချက်တယ်ရလား"
"ဟုတ် ရပါတယ်"
"အဲ့သူက ကိုယ်လို့မင်းဘာလို့ထင်နေတာလဲ"
"တကယ်တော့ အဲ့လူကို ခြွေမမှတ်မိဘူး ပြောရမှာကြောင်တောင်တောင်နိုင်ပေမယ့် သူ့ဆီက ရေမွှေးနံ့က ရှင်သုံးတဲ့ အနံ့နဲ့တူနေလို့"
ခြွေ မျက်လွှာလေးချကာ ဆိုလိုက်သော်