🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘20💘
ခြွေ အင်္ကျီတွေ အိတ်တွေကြည့်နေရင်း
"ခြွေ နင်မဝယ်သေးဘူးလား ငါတို့ညောင်းနေပြီဟ"
ခြွေ လျှောက့်ကြည့်နေတာ.အချိန်အတော်ကြာသွားပြီလေ
"ဟီး sorryပါဟာ ငါဘာဝယ်ရမှန်းမသိလို့"
"အမလေး ခြွေမ အရင်ကဆို တွေ့ရာအကုန်ဝယ်ပြီး ဘာလဲခုက နင့်ဦးသြပိုက်ဆံမို့နှမြောနေတာလား"
"မဟုတ်ပါဘူး နင်တို့ပြောသလိုပဲလေ ငါ အရင်ကဝယ်ထားတာတွေအများကြီးပဲ ထပ်မဝယ်သင့်ဘူးထင်တယ်"
"နင့်သဘောလေဟာ"
"တော်ပြီဟာ ငါ့အကြိုက်လဲ မတွေ့ဘူး ငါဦးစြအတွက်necktieဝယ်ဦးမယ်"
"အေးပါအေ ကြွကြွ"ခြွေ ဆိုင်မှာ necktie တွေရွေးနေရင်း
"ဦးသြက အကုန်လုံးနဲ့ လိုက်ပေမယ့် သူကလူကြီးလူကောင်းပုံစံဆိုတော့.....ဘယ်ဟာ ယူရမလဲ"
"ငါတို့လဲ မသိဘူးလေဟာ နင့်သဘောပဲ"
ခြွေ လျှောက်ကြည့်နေရင်း
ဟိုဘက်မှာ ပြထားသော.နက်ပြာရောင်စင်းကြောင်းလေးတွေနဲ့ necktieအား သဘောကျသွားကာ
အဲ့ဘက်ကို သွားကာ ယူဖို့ပြင်လိုက်သော်
တစ်စုံတစ်ယောက်နဲ့ လက်ချင်းတိုက်မိသွားသောကြောင့် ခြွေ မော့ကြည့်မိလိုက်ရင်း
အသားဖြူဖြူ အရပ်မြင့်မြင့်ဖြင့် ဦးသြတို့နဲ့ အသက်သိပ်မကွာလောက်သူတစ်ဦး
သို့ပေမယ့် သူ့ကိုယ်ပေါ်မှာရနေတဲ့ရေမွှေးနံ့ကြောင့် ခြွေ အံ့သြသွားကာ
"မဟုတ်မှ သူလား......"
ခြွေအတွေးလွန်နေတုန်း
"ဟိုsorryနော် မင်းယူမယ်ထင်တယ်"
ထိုသူပြောလိုက်တော့မှ ခြွေသတိဝင်လာကာ
"အာ"
ထိုသူက necktieလေးအား.တစ်ချက်ကြည့်ကာ
"မင်းက အမြင်ရှိသားပဲ ရော့ ကိုယ်အလျော့ပေးလိုက်မယ်နော်"
ခြွေ ရှေ့မှာရှိနေသောသူအား ကြည့်နေမိရင်း
ရင်ခုန်ခြင်းမဟုတ်သော စိတ်လှုပ်ရှားမှုများအပြည့်ဖြင့်
ခြွေ ထိုသူပေးတာကို မယူပဲ အရဲစွန့်ကာ
"ဟို..ဟိုလေ ခြွေနဲ့တွေ့ဖူးလားဟင်"ခြွေနဲ့Clubမှာ နမ်းမိခဲ့တဲ့သူရဲ့ ရေမွှေးနံ့ကိုတော့ ခုထိမမေ့နိုင်သေး
တိုက်တိုက်ဆိုင်ဆိုင် ဦးသြနဲ့စတွေ့တုန်းက အဲရေမွှေးနံ့ရခဲ့သော်လည်း မဟုတ်ဘူးဆိုသောကြောင့် ဦးသြတော့မဖြစ်နိုင်
ဒါဆို ဒီလူလား
သို့ပေမယ့် ခြွေရင်မခုန်ပေ
ထိုသူ့ရဲ့ အဖြေကိုခြွေ မျှော်လင့်တကြီးစောင့်နေရင်း