🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘8💘
"ဦးသြဝါဒနဲ့ Worldကုမ္ပဏီရဲ့ ဆက်ခံသူ ဦးမိန့်ခွန့်တို့က ဖအေတူမအေကွဲ ညီအစ်ကိုလို့ ကြားသိရပါတယ် ခုကိစ္စက ကိုယ်ရေးကိုယ်တာ ခံစားချက်တွေနဲ့ရော ပတ်သက်နေတာလားရှင့် "
"မပတ်သက်ပါဘူး ကျွန်တော်နဲ့ဘေဘီက ချစ်သူတွေဖြစ်နေတာကြာပါပြီ အသက်အရွယ်ကွာခြားချက်အရ ပြသနာလေးတွေ ရှိခဲ့ပေမယ့် ခုအဆင်ပြေသွားခဲ့ပါပြီ Worldကုမ္ပဏီရဲ့ ဆက်ခံသူ မိန့်ခွန်းနဲ့ကလည်း လူကြီးမိဘတွေ စီစဉ်ခဲ့တာပါ ဘေဘီရဲ့ဆန္ဒအရမဟုတ်ခဲ့ပါဘူး လူကြီးမိဘတွေအနေနဲ့ ကျွန်တော်နဲ့ ဘေဘီအကြောင်းမသိခဲ့ခြင်းပါ"
"ဒါပေမယ့်..!!!!"
ဆက်မေးတော့မယ့် စကားအားနားမထောင်တော့ပဲ လက်ကာပြရင်း✋
"ကျွန်တော့်ဘက်က ပြောစရာရှိတာ ပြောပြီးပါပြီ ရှေ့ဆက်ပြီး ကျွန်တော့်ဇနီးလောင်းကို ထိခိုက်စေမယ့် စကားတွေပြောတာကြားရရင် အဲ့လူကို အသရေဖျက်မှုနဲ့ တရားဥပဒေအတိုင်းးဆောင်ရွက်မှာပါ "
သြ စကားအဆုံးတိတ်ဆိတ်သွားသော စကားသံများ
"အဲ့တာဆို ဒီမှာပဲရပ်လိုက်ကြတာပေါ့
သွားမယ်"
သြ ခြွေ့လက်အားဆွဲကာထွက်လာခဲ့၍စားသောက်ဆိုင် တစ်ဆိုင်တွင်.
ခြွေနဲ့ လူကြီးထိုင်နေရင်း
"မင်း ကြိုက်တာမှာလေ"
သြ ပြောလိုက်သော်လည်း
"ဟင့်အင်း လူကြီးမှာပေး"
"ငါ.မင်းကြိုက်တတ်တာတွေ မသိဘူး ကိုယ်ကြိုက်တာမှာစား"
"မရဘူး လူကြီးမှာပေး"
သြ ထိုကလေးမနဲ့ ပြိုင်ငြင်းရမှာ ပျင်းသောကြောင့် အစားအသောက်တွေ မှာပေး၍
"မင်း မင်္ဂလာပွဲကို ဘယ်လိုလုပ်ချင်လဲ"
"လူကြီးသဘောလေ"
"ပြီးရောလေ မြန်မြန်စား ပြီး အိမ်ပြန်လိုက်ပို့မယ်"
"ဟုတ်"÷÷÷÷÷÷÷÷÷÷÷÷÷÷💞💞÷÷÷÷÷÷÷÷÷÷÷÷÷÷
ခွန်း.စိတ်ညစ်စွာဖြင့် ဘားမှာအရက်သောက်နေရင်း
မနက်ဖြန် သူသိပ်ချစ်လှပါတယ်ဆိုတဲ့ သူမလေးရဲ့ လက်ထပ်ပွဲ
သူနဲ့ စေ့စပ်ပြီးတော့မှ လက်ထပ်ပွဲမှာတော့ သူမလေးရဲ့ ခင်ပွန်းမဖြစ်နိုင်ခဲ့
မနက်ဖြန်လက်ထပ်ပွဲမှာ သူမလေးရဲ့ ဘေးမှာ လက်တွဲလျှောက်မယ့် သူ ......ဖြစ်ခွင့်မရှိတော့
ခွန်းတွေးနေရင်း အရက်တစ်ခွက်အား မော့သောက်လိုက်ရင်း
မျက်ဝန်းများတွင် ဒေါသများဖြင့်
"ဒီတစ်ခါမင်းနိုင်သွားတယ် သြဝါဒ ဒါပေမယ့် ငါခြွေ့ကို လက်မလျော့နိုင်ဘူး ငါ မင်းဆီကပြန်လုပြမယ်"
ခွန်း အရက်ခွက်အား လက်ဖြင့် ဆုပ်ကိုင်လိုက်ရင်း
ခွန်းရဲ့အားကြောင့် ဖန်ခွက်လေးမှာတော့
"ခွမ်း💥"
"ခြွေက ငါ့အတွက်ပဲ ဖြစ်ရမယ်"
ရေရွတ်လိုက်သော ခွန်းရဲ့စကားသံမှာ နာကျင်မှုများ မခံနိုင်မှုများစွာနှင့်အတူ.....