🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘22💘
သြတို့ အိမ်ပြန်ခဲ့ရောက်တော့
ခြွေက အခန်းထဲမှာ အိပ်နေတယ်လေ
သူမရဲ့ မိဘတွေနဲ့ သြကတော့ ဧည့်ခန်းမှာ ထိုင်ကာ စကားတွေပြောနေရင်း
"အန်တီ အန်ကယ် ကျွန်တော် ခွင့်တောင်းစရာရှိလို့ပါ"
"ဘာများလဲကွဲ့"
"သူသက်သာရင် ကျွန်တော် သူ့ကိုစိုက်ခင်းဘက်ကိုခေါ်သွားချင်တယ် ရလားမသိဘူး"
"ငါ့သမီးက နေနိုင်ပါ့မလား"
"စိတ်ချပါ အန်ကယ် ကျွန်တော် ဘေဘီ့ကိုခေါ်သွားမှာက စိုက်ခင်းက လူတွေနဲ့ သိစေချင်လို့ပါ အဲ့ဘက်ကအမျိုးတွေနဲ့ရောပေါ့"
"မောင်သြပြောတာမှန်ပါတယ်လက်ထပ်ပွဲတုန်းကလဲ အလောတကြီးစီစဉ်လိုက်ရတော့လေ ခြွေလေးလဲ အဲ့ဘက်ကအမျိုးတွေနဲ့ တွေ့လို့ရတာပေါ့"
ဒေါ်လမင်းက အကျိုးအကြောင်းဆီလျော်စွာပြောနေသော်လည်း ဦးတောင်းဆုပြည့်မှာတော့ သမီးအတွက်စိတ်မချတဲ့ပုံပင်
"သမီးလေးက အဲ့မှာနေနိုင်ပါ့မလား ငါစိတ်ပူတယ်"
"အမလေး အကိုရယ် သမီးခြွေလေးမှာ မောင်သြရှိနေပြီပဲ ပြီးတော့ မောင်သြအတွက်သာပူ သိလား မောင်သြရေ မင်းတော့ ခြွေလေးကို ထိန်းရတော့မယ်"
"ဦးလေးတို့က အဲ့မှာ အသိလေးအချို့နျဲို့နဲ့ လက်ခပ်ပွဲ အကျဉ်းချုံးလေး လုပ်ပေးချင်တယ်တဲ့လေ အဲ့တာ အန်ကယ်နဲ့ အန်တီရော လိုက်ခဲ့ပါလား စိုက်ခင်းမှာ အနားယူရင်းပေါ့"
"တော်ပါပြီကွယ် မင်းအန်ကယ်ကလဲ ကုမ္ပဏီတစ်ဖက်နဲ့လေ နောက်တစ်ခါကျ လိုက်ခဲ့ပါ့မယ်ကွယ်"
"ဟုတ် ဘေဘီ့ကိုစိတ်ချပါ ကျွန်တော်သူ့ကိုသေချာစောင့်ရှောက်မှာပါ"
"ယုံပါတယ်ကွယ်"
သြနဲ့ ဒေါ်လမင်းမှာသာ စကားတွေပြောနေသော်လည်း ဦးတောင်းဆုပြည့်ကတော့ သားမက်တော်ကို ခုထိကျေနပ်သေးပုံမရအတော်ကြာကြာနေပြီး သူမလေးဒယ်ဒီက အလုပ်သွားရမယ်ဖြစ်သောကြောင့် ပြန်ရတယ်လေ
"မောင်သြ အလုပ်သွားမှာဆို အန်တီခြွေလေးနဲ့ နေပေးလိုက်မယ်လေ"
ဒေါ်လမင်း ခြွေအေား စိတ်မချစွာ ပြောလိုက်၍
"ရပါတယ် အန်တီ ကျွန်တော်ဒီနေ့ ကုမ္ပဏီမသွားတော့ဘူး ဘေဘီက စိတ်ချရတာမဟုတ်ဘူး"
သားမက်စကားကြောင့် ဒီလိုဆိုတော့ သမီးအပေါ်မဆိုးပါဘူးဟု ဦးတောင်းဆုပြည့် စိတ်ထဲတွေးလိုက်ရင်း
"အဲ့တာကောင်းတယ် မောင်သြရေ အဲ့တာဆို ခြွေလေးကိုစိတ်ချမယ်နော်"
"ဟုတ်ကဲ့"
"လမင်း သွားရအောင်"
"ဟုတ် ဂရုစိုက်ပြန်ပါနော်အန်တီနဲ့ အန်ကယ်"