🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘36💘
ဏီ ခြေလှမ်းတွေ အနီရောင်ကော်ဇောကြီးထက်ခြေချလိုက်သည်နှင့် ဒီပွဲမှာ ဧည့်ပရိသတ်အားလုံးရဲ အာရုံစိုက်မှုခံရသော သတို့သမီးလေးပင်မလား
ကိုယ်ချစ်ရသူရဲ့လက်ကိုတွဲပြီး မင်္ဂလာပွဲဆင်နွှဲနိုင်ဖို့က မိန်းကလေးတွေရဲ့ အိမ်မက်ပင်
ထို့အတူ ဏီတွဲထားရတဲ့ လက်ဟာ ဏီချစ်ရသူ ကိုကိုပဲလေ
ဏီ နံဘေးက ယှဉ်ရက်လျှောက်နေသော ကိုကိုရဲ့မျက်နှာကိုမော့ကြည့်တော့ ခက်ထန်မာကြောနေလျက်
ဏီဒီလောက်နဲ့တင်ကျေနပ်သင့်တာပေါ့
ကိုကိုဒီပွဲကိုလာတာနဲ့တင်ကျေနပ်သင့်တာမလား
ဘယ်လိုပဲဆိုဆို ဏီက ကိုကိုမချစ်တဲ့ သတို့သမီးပင်မလား
ကိုကို့မှာလဲ သူမချစ်တဲ့ ဏီနဲ့လက်ထပ်ရတာပဲကို ဘယ်လိုလုပ်ပြုံးပျော်နိုင်မှာလဲခွန်း မိဘတွေမျက်နှာမပျက်စေချင်သောကြောင့် လာခဲ့သည်
သူလက်ထပ်မယ်ပြောခဲ့သောကတိကိုမဖျက်ချင်ဘူးလေ
သူ့လက်မောင်းကို တွဲကိုင်ကာဒီမင်္ဂလာလျောက်လမ်းပေါ်မှာလျှောက်ခွင့်ရတဲ့ သတို့သမီးက သူချစ်တဲ့သူမမဟုတ်ခဲ့ပေ
ဏီတို့လက်ထပ်လက်စွပ်လဲလှယ်အပြီး ပွဲလာပရိသတ်များအား ဧည့်ခံရသည်
ဧည့်ပရိတ်သတ်များက ဏီနဲ့ ကိုကိုကနတ်ဖက်တဲ့စုံတွဲလိုလိုက်ဖက်သည်တဲ့
ဏီအဲ့စကားတွေကြားရတာ အရမ်းပျော်တာပဲ
ဒီမင်္ဂလာပွဲမှာသာ ကိုကို့မျက်နှာထက် အပြုံးလေးတွေပါ ရှိရင် ဘယ်လောက်ကောင်းမှာလဲနော်
ခုတော့💔***•***•***•***•***•***•***
📱Ring.....Ring📱
ကြွေ စားပွဲပေါ်က ခေတ်ရဲ့phလာနေသဖြင့်
Phoneလေးအားကောက်ကိုင်ကာ
ခေတ်ကလည်း ရေချိုးခန်းထဲဝင်နေသည်လေ
မထူးပါဘူးဆိုကာ ကိုင်လိုက်ရင်း
"ဟ..."
"ခေါင်းဆောင် ကျွန်တော်တို့ အဖွဲ့ကို ရဲတွေသင်္ကာမကင်းဖြစ်နေတယ် ခုClubကို သတိထားစောင့်ကြည့်နေကြတယ် ခေါင်းဆောင်လက်ထဲက ပစ္စည်းကိုလက်စဖျောက်လိုက်ပါ"
ကြွေ အသံမဆုံး တစ်ဖက်က အတင်းစကား ပြောနေသူကြောင့် ကြွေအံ့သြသွားရသည်လေ
ဘာတွေလဲ ရဲတွေစောင့်ကြည့်နေတယ်ဆိုတော့ အဲ့ပစ္စည်းကမူးယစ်ဆေးလား
ကြွေ မေးခွန်းပေါင်းများစွာဖြင့် စဉ်းစားနေကာ ဘာမှပြန်မပြောမိ
"ဟဲလိုခေါင်းဆောင်"
ကြွေ့လက်ထဲက ဆတ်ခနဲphoneလုခံလိုက်ရကာ
ကြွေ့အားမျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေသူ ခေတ်
ကြွေ အထိတ်တလန့်ဖြင့်
"ခေတ်"
ခေတ်က ပုခုံးပေါ်တဘက်လေးတင်ကာ မှန်ပြတင်းပေါက်အနားမှာ သွားရပ်ကာphပြောနေသည်လေ
"အင်းပြော"
"........."
"သူတို့ဘယ်ကသတင်းရတာလဲဆိုတာ စုံစမ်း"
"........"
"သတင်းပေးသူကိုသိတာနဲ့ သတ်ပစ်လိုက်"
".........."
ကြွေ့မှာခေတ် စကားကြောင့် ခြေလှမ်းတွေခေတ်အနားသို့ ဘယ်လိုရောက်လို့ရောက်မှန်းမသိ
လူတစ်ယောက်လုံးကို သတ်ပစ်ဖို့ပြောနေတဲ့ ခေတ်ပုံစံက သွေးအေးနေစွာ
"Ok မကြာခင် ပြန်လာခဲ့မယ် ဒီကြားထဲClubအခြေအနေကိုထိန်းထားလိုက်ပါ""
"......."
"အင်း ဒါပဲ"