🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘35💘
"ဟွန့် ဒီလိုမှန်းသိ ဒီလူကြီးနောက် တမင်လိုက်ပြီး ခိုးမပြေးခဲ့ပါဘူး တော်တော်ဟန်ဆောင်ကောင်းတဲ့လူကြီး ခြွေမခိုးပြေးခင်ထဲက ခြွေ့နောက်လိုက်ချင်နေတာမလား"
ခြွေပြောလိုက်တော့ သြမချိုမချဉ်ပြုံးကာ
"ဆိုပါတော့ ခေါ်တဲ့သူကခေါ်တော့လဲ အဟွန့်"
"ဟာ မုန်းစရာကြီး"
နှစ်ယောက်လုံးရဲ့ မျက်နှာတွေက အပျော်တွေပြည့်နေခဲ့သည်
ခြွေ သြဘက်ကိုပြန်လှည့်သည့်တိုင် သြရဲ့လက်တံရှည်တွေက ခြွေ့ခါးအားတင်းကြပ်စွာ ဖက်ထားလျက်
"တကယ်လို့ ခြွေသာ ဦးသြကိုလက်လျော့လိုက်ပြီး မိန့်ခွန်းနဲ့ မိဘတွေဆန္ဒအတိုင်းလက်ထပ်လိုက်ရင်ရော"
သြ သူမလေးနဖူးအားတောက်လိုက်ကာ
"စဉ်းစားမနေနဲ့ မင်းဘယ်လိုကြံစည်ကြံစည် မင်းကကိုယ့်ရဲ့ သတို့သမီးပဲ ဖြစ်ဖို့ သတ်မှတ်ပြီးသား"
"ဘယ်သူကလဲ"
"ကိုယ်က
သြဝါဒရဲ့ ဇနီးကဟောဒီ.တောင်းဆုခြွေဆိုတဲ့ ခလေးဆိုးလေးပဲဖြစ်ရမယ်လို့"
"အပိုတွေ"
"ဒါပေမယ့် ကိုယ်ကဘာမှမစီစဉ်လိုက်ရဘူး ကောင်မလေးက ကိုယ့်ဆွဲဆောင်မှူမှာ အတင်းပစ်ကြွေသွားတယ်မလား"
သြ စကားကြောင့် ခြွေ ရှက်ကာ သြရင်ဘတ်အား သူမရဲ့ လက်သေးသေးဖြင့် တစ်ဘုန်းဘုန်းထုနေခဲ့သည်
သြ လက်တစ်ဖက်က သူမရဲ့လက်လေးအားဆွဲဖမ်းလိုက်ကာ သူမရဲ့လက်ဖမိုးလေးအား အနမ်းခြွေရင်း
"မချစ်ဘူးလား"
သြမေးလိုက်တော့ ခြွေ သြနဲ့ မျက်နှာချင်းမဆိုင်နိုင်စွာ မျက်နှာလေးလွဲလိုက်သည်
"ဟမ် ချစ်လားလို့"
သြမေးလိုက်သော်လည်း မဖြေသော သူမလေးကြောင့်
သြလက်တွေ သူမခါးလေးကနေ မနီးနီးအောင်ဆွဲယူလိုက်သည်
"ဟာ ဦးသြ ဘယ်လိုဖြစ်နေတာလဲ အသက်ရှူကြပ်နေပြီ"
"အာ့ဆိုဖြေလေ"
ပြောရင်း ပိုမိုနီးကပ်အောင် ထပ်ဆွဲလိုက်သည်"ဟာ့ ဦးသြ"
သူမလေးမျက်နှာက အနည်းငယ်စူပုပ်နေသော်လည်း ပန်းရောင်သမ်းနေသော မျက်နှာလေးက သူမလေးရှက်နေသည်ကို ဖော်ပြနေလျက်
"မဖြေဘူးလား"
သြ မျက်နှာက သူမရဲလည်တိုင်နားမှာ ငုံ့မိုးလာခဲ့ရင်း
ထွက်သက်လေနွေးနွေးလေးက ခြွေ့လည်တိုင်းတွင် ကျီစားနေပုံက ပိုမို ရင်ခုန်စရာကောင်းလှစွာ
ခြွေ တလှပ်လှပ်ခုန်နေသော ရင်ခုန်သံတွေကို ဦးသြများကြားသွားမည်လား စိုးရိမ်နေစဉ်
ခြွေ့လည်တိုင်ကို ထိကပ်လာသော သြရဲ့နှုတ်ခမ်းနွေးနွေးလေးကြောင့် ခြွေ ကြက်သီးများထသွားသည်ထိ
"ဦး....ဦးသြ ခြွေ..ခြွေနေရခက်တယ်"
"အာ့ဆိုဖြေလေ ကိုယ့်ချစ်လား"
ပြောရင်း ထပ်နမ်းလိုက်သဖြင့် ခြွေ့ကိုယ်လေးကျုံ့သွားသည်
"ဦးသြက အဖြေတောင်းနေတာလား အကြပ်ကိုင်နေတာလား"
"ဘာနေနေ ဒီနေ့ဘေဘီဆီက အဖြေရရင်ပြီးရော"
"ဇွတ်ပဲ"
"ဘေဘီက ကိုယ့်သည်းခံနိုင်စွမ်းကို လာစမ်းနေတာလား ဟမ် ကိုယ်စိတ်မရှည်တာ ဘေဘီသိတယ်မလား တော်ကြာဒီနေရာမှာ ဒေါ်ကြီးတို့ ခန့်ညားတို့ရှိနေတယ် အဟွန့်"
သြပြောလိုက်တော့ သူမမျက်ဝန်းလေးတွေ ပြူးကျယ်သွားကာ
"တကယ်လားဟင်"
"တကယ်ပေါ့ ကိုယ်ကတော့ ဘယ်သူ့ကိုမှ ဂရုစိုက်မှာ မဟုတ်ဘူးနော်"
".........."
"ဘယ်လိုလဲ ကိုယ့်ချစ်လားဟင်"
"ဖြေမယ် ခြွေ့ကိုအရင်လွတ်ပေး"
"မရဘူး"
"အာ့ ဦးသြ ခြွေ အသက်ရှူကြပ်နေပြီ"
သူမလေး အသက်ရှူကြပ်နေပြီဆိုသောကြောင့် သြလျော့ပေးကာ လွတ်ပေးလိုက်ရင်း
"ကိုယ့်လိမ်ဖို့မတွေးနဲ့နော်"
"အင်းပါ ခြွေ့အရင်လွတ်ပေး"