🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘38💘
ခွန်း ဘောင်းဘီအိတ်ထဲ လက်နှိုက်ကာ ကျောင်းရဲ့ဝင်ပေါက်ကြီးထဲဝင်သွားခဲ့သည်
ဏီမှာတော့ ကိုကို့အားနောက်ကနေကြည့်ကာ တလှမ်းခြင်းလှမ်းလာရင်း
ဏီ ကိုကိုနဲ့ဘေးကြီးယှဉ်လျှောက်ခွင့်မရှိသော်လည်း
ကိုကိုရဲ့ အရိပ်လေးနဲ့ ဏီ့အရိပ်လေးက ယှဉ်ရက်ဖြစ်အောင် လျှောက်နေလျက်
ခွန်း အတော်ကြာလျှောက်အပြီး ဘေးနားမှ ဏီမပါလာသဖြင့်
နောက်လှည့်ကြည့်လိုက်သော်
သူ့အားဓာတ်ပုံခိုးရိုက်နေသော ဏီ
ဏီ အရိပ်လေးတွေနဲ့ ကိုကို့နောက်ကျောပုံအား ဓာတ်ပုံခိုးရိုက်နေရာမှ ဆတ်ခနဲလှည့်လာသော ကိုကိုကြောင့် ဏီphလေးအားနောက်ပို့လိုက်သည်
"မင်းဘာလုပ်နေတာလဲ အဲ့လိုလျှောက်နေပုံနဲ့ ရောက်ပါဦးမလား"
"လာပြီ ကိုကို"
ဏီကိုကို့အပြောကြောင့် ကိုကို့ဘေးနားအပြေးသွားရပ်လိုက်သည်
ကိုကို့ဘေးမှာ ခုလိုယှဉ်ရပ်လေးလမ်းလျှောက်နေတဲ့အချိန်လေးကို ရပ်တန့်ဖြစ်ချင်မိတယ်
ကိုကိုနဲ့ဏီ တစ်ချိန်ကကျောင်းတော်ကြီးအားပတ်ကာ ကြည့်နေလျက်
ဏီ စာသင်ခဲ့ရသော အခန်းရှေ့ရောက်သော်ဏီခြေလှမ်းတွေ ရပ်တန့်သွားကာ ငေးကြည့်နေခဲ့ရင်း
ခွန်းမှာတော့ ဏီ့အနားရပ်ကာ
"ကျောင်းကို ဘာလို့လာချင်ရတာလဲ ဘာမှစိတ်ဝင်စားစရာလဲမရှိဘူး ဘာတွေဒီလောက်ကြည့်နေရတာလဲ"
"ကိုကိုသိလား"
"ဘာကိုလဲ"
ဏီပြုံးကာ အခန်းကော်ရစ်တာလေးအား လက်ညှိုးထိုးပြရင်း
"အဲ့နားမှာ ဏီကိုကို့ကို စတွေ့ခဲ့တာ ဏီဒီတက္ကသိုလ်ကို မိဘတွေဆန္ဒကြောင့် တက်ခဲ့ရပေမယ့် ကိုကို့ကိုတွေ့တဲ့နေ့ကစပြီး ဏီနောင်တမရခဲ့ဘူး ဏီမိဘတွေကိုလဲ ကျေးဇူးတင်မိတယ်"".........."
ပြုံးကာ လွမ်းဆွတ်မှုများအပြည့်ဖြင့်ပြောနေသော သူမလေးအား ခွန်း ခေတ္တမျှငေးကြည့်မိရင်း
တစ်ဆက်ထဲ တစ်ချိန်ကခြွေ့စကားများအား ပြန်လည်ကြားယောင်လာခဲ့သည်
💭"ကိုမိန့်ခွန်းက ခြွေ့ကိုချစ်တယ် ခြွေက ဦးသြကိုချစ်တယ် ကိုမိန့်ခွန်း တစ်ချက်လေးပဲလှည့်ကြည့်လိုက်ပါ ရှင့်ကိုနှလုံးသားတစ်ခုလုံးနဲ့ ပုံအပ်ပြီးချစ်နေတဲ့သူ ရှိလိမ့်မယ်💭💭
💭💭မင်းပြောတာ မှန်နေတာပဲခြွေ ကိုယ်မင်းကိုပဲ စွဲစွဲလမ်းလမ်းချစ်နေပြီး ကိုယ့်အချစ်တွေ မလိုအပ်တဲ့မင်းကို ပုံပေးမိနေချိန်မှာ ကိုယ့်အချစ်တွေကို အချိန်အကြာကြီးမျှော်လင့်နေသူတစ်ယောက်ရှိနေတယ်
ကိုယ့်ခံစားချက်တွေကို ကိုယ့်ဘာသာသာ ရွေးချယ်နိုင်ခွင့်ရှိရင် ကိုယ် မပိုင်ဆိုင်ရတဲ့မင်းကို ထပ်မချစ်ချင်တော့ဘူး
ဒါပေမယ့် ဘယ်သူ့ကိုချစ်ပါလို့ နှလုံးသားကိုမှ အမိန့်မပေးနိုင်တာ💭💭
"ကိုကို"
"..........."
"ကိုကို"
ဏီ ထပ်ခေါ်လိုက်တော့မှ ခွန်းသတိဝင်လာကာ
"ဟမ် ဘာပြောလိုက်တာလဲ"
ကိုကိုဒီလိုသတိလက်လွတ်ဖြစ်သွားပုံထောက်ရင် တောင်းဆုခြွေအကြောင်းတွေးနေတယ်ထင်ပါရဲ့
ကိုကို့အတွက်လဲ သူအရမ်းချစ်ရတဲ့ ပထမဆုံးချစ်ရသူပဲဟာ
ကိုကို့အတွက်လဲ အရမ်းခက်ခဲ့မှာပေါ့လေ
ဏီ နှလုံးသားက နာကျင်နေပေမယ့်လည်း ဏီချစ်တဲ့ ကိုကို့ရဲ့ရှေ့မှာ အမြဲ ပြုံးနေမှာပါ
"ဘာမှမဟုတ်ပါဘူးကိုကိုရဲ့"
"အင်း"
ဏီတို့ ကျောင်းဝန်းထဲလှည့်ပတ်လမ်းလျှောက်ကြရင်း
"ကိုကိုကလေ လုံးဝမပြောင်းလဲသေးဘူးသိလား အရင်ကလဲ ရုပ်တည်ကြီးနဲ့ ကိုကိုသိလား ဏီ ကိုကို့နောက်မှာအမြဲရှိနေခဲ့တယ်ကိုကိုသွားတတ်တဲ့နေရာတိုင်း ဏီရှိတယ်"
".. ......."
"ကိုကိုတော့ သတိမထားမိခဲ့ဘူးမလား နောက်တော့ ဒယ်ဒီမိတ်ဆွေရဲ့သားဖြစ်လို့ ဏီပိုပြီးအခွင့်အရေးရခဲ့တယ်ထင်ခဲ့တယ် ဒါပေမယ့် အချစ်ဆိုတာ ဘာနဲ့မှမပတ်သက်ဘူးလေ နှလုံးသားရဲ့ အလိုအတိုင်းပေါ့"
ဏီ့ စကားကြောင့် ခွန်းခြေလှမ်းတို့ရပ်တန့်သွား၍
ဏီဘက်သို့လှည့်ကြည့်လိုက်သည်