Episode 💘29💘

985 43 0
                                    

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋

Episode 💘29💘

"မင်း တစ်​ခုခုဖြစ်​​နေတာလား"
သူမ​လေးမျက်​နှာ သိပ်​မ​ကောင်း​သော​ကြောင့်​ သြ​မေးလိုက်​​သော်​ ​ခြွေအားတင်းပြုံးကာ
"​ခြွေ ဘာမှမဖြစ်​ပါဘူး နည်းနည်းပင်​ပန်း​နေလို့​နေမှာပါ"
သြ သူမ​လေး​ရှေ့တွင်​ထိုင်​ကာ
"မင်းနားချင်​လား"
"အင်း"
ခြွေ ထိန်းကာ ​ပြောလိုက်​​သော်​လည်း ငိုချင်​စိတ်​​ကြောင့်​ အသံ​တွေတုန်​ရီ​နေခဲ့သည်
ခြွေ ဒီ​နေရာမှာဆက်​မ​နေချင်​​တော့
"မင်းသွားနားလိုက်​ ကိုယ်​ ဧည့်​သည်​​တွေကို အကျိုးအ​ကြောင်း​ပြောလိုက်​မယ်​"
"ဟုတ်​"
ခြွေ ​ခေါင်း​လေးငုံ့ကာ အိမ်​ထဲသို့ဝင်​သွားရင်း
သြ သူမ​လေးပုံစံအားကြည့်​ကာ
💭သူ တစ်​ခုခုဖြစ်​​နေတာလား💭
သြ ​တွေး​နေတုန်းစင်​နဲ့စံက သြအနားလာကာ
"ဟို ဦးသြဝါဒ စင်​တို့နက်​ဖြန်​ပြန်​ဖို့အတွက်​ အထုပ်​အပိုးပြင်​စရာရှိလို့ ခွင့်​ပြုပါဦး"
"​သြော်​ အင်း"
စင်​နဲ့စံ လူကြားထဲတွင်​ ​ခေါင်း​လေးငုံ့ကာထွက်​လာရင်း
တကယ်​​တော့ ​ခြွေ့မျက်​နှာမ​ကောင်းသည်​ကို သတိထားမိကာ ထွက်​လာခဲ့ခြင်းပင်

စင်​တို့ ​ခြွေ့အခန်း​ရှေ့သွားကာ
"​ဒေါက်​...​ဒေါက်​✊✊"
"​ခြွေ ငါတို့ဝင်​ခဲ့မယ်​​နော်​"
စင်​တို့ အထဲဝင်​သွား​သော်​ ကုတင်​​ပေါ်မှာ ငုတ်​တုပ်​​လေးငို​နေ​သော ​ခြွေ့အားမြင်​သဖြင့်​ စိုးရိမ်​တကြီး
"ဟယ်​ ​ခြွေ နင်​ငို​နေတယ်​"
"ဘာဖြစ်​တာလဲ တစ်​ခုခုဖြစ်​လို့လား ဦးသြဝါဒ ​ကြောင့်​လား ခုနက​တောင်​ နင်​တို့ အဆင်​​ပြေ​​နေတာကို"
စင်​ ​သူငယ်​ချင်းဖြစ်​သူရဲ့ မျက်​နှာ​လေးအားဆွဲယူကာ ပါးပြင်​မှ မျက်​ရည်​စများသုတ်​​ပေးကာ
"ဟင့်​ ဟီး စင်​"
ခြွေ သူငယ်​ချင်းဖြစ်​သူအားဖက်​ကာစိတ်​ရှိလက်​ရှိ ငို​ကြွေးလိုက်​သည်
စင့်​မှာလဲ ​ခြွေ့​ကျော​လေးအားပုတ်​​ပေးကာ နှစ်​သိမ့်​​ပေး​နေရင်း
အ​တော်​ကြာမှ ​ခြွေ ငိုလို့ဝသွားသည့်​ပုံ​ပေါ်သည်
"​ပြောလို့ရပြီလား နင်​ဘာဖြစ်​တာလဲ"
ခြွေ ပါးပြင်​ထက်​က မျက်​ရည်​​တွေကို လက်​ဖမိုး​လေးဖြင့်​ပွတ်​ကာ
"ဟင့်​ ငါခုနက ​နောက်​​ဖေးမှာ ဟီး ဦးသြနဲ့ မမ​ကြွေနဲ့ ဖက်​​နေတာမြင်​ခဲ့တယ်​ အီးဟင့်​"
"ဘုရား​ရေ တကယ်​ကြီးလား"
"အင်း ဟင့်​"
ဘေးနားမှာ ရပ်​​နေ​သော စံက ခါးကို​ထောက်​ကာ
"ဒါ အိမ်​​ထောင်​​ရေး​ဖောက်​ပြန်​တာပဲဒဲ့ရှင်းရမယ်"
ခြွေ စံလက်​အားဆွဲကာ ​ခေါင်း​လေးယမ်းပြရင်း
"ဟင့်​အင်း"
"​ခြွေရယ်​ နင်​အထင်​လွဲတာလဲ ဖြစ်​ချင်​ဖြစ်​မှာ​ပေါ့ဟာ ဦးသြဝါဒက အဲ့လိုလူမျိုးမှ မဟုတ်​တာ"
"ငါသိပါတယ်​ ဒါ​ပေမယ့်​ အဲ့မမက ဦးသြရဲ့ ရည်းစား​ဟောင်း တစ်​ချိန်​ကဦးသြရဲ့ချစ်​ရသူ​လေ
ငါက ဦးသြရဲ့ဇနီးဆို​ပေမယ့်​ နင်​တို့သိတဲ့အတိုင်းချစ်​လို့လက်​ထပ်​ခဲ့တာမှ မဟုတ်​တာ ငါ​ကြောက်​တယ်​ ဦးသြ.ငါ့ကိုထားသွားမှာကို ဟင့်​အင့်​"

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋Where stories live. Discover now