🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘9💘
သြ ရေမိုးချိုးအပြီး အပြင်ထွက်ခဲ့တော့ သြမျက်ဝန်းတွေ ပြူးကျယ်သွားရရင်း
ဘာလို့ဆို အိပ်ယာပေါ်မှာ အရုပ်အပြည့် တစ်ခန်းလုံး အရုပ်တွေ ပြည့်နှက်နေရင်း
"မင်း ဒါဘာတွေလဲ"
"ဦးသြကလည်း အရုပ်တွေလေ"
"အရုပ်တွေတော့ သိတာပေါ့ကွ မင်းဘာလုပ်ထားတာလဲ တစ်ခန်းလုံးလဲပွလို့"
"ဟီးးး ဦးသြ အခန်းကအနက်ရောင်တွေ အများကြီးပဲ ခြွေ မကြိုက်ဘူး နောက်နေ့ကျ အခန်းကိုအရောင်ပြောင်းရအောင်နော်"
"မပြောင်းဘူး"
သြပြောလိုက်တော့ ခြွေ နှုတ်ခမ်းလေးစူနေလျက်
သြ ကုတင်ပေါ်ကြည့်လိုက်တော့လည်း လူထက်ပင်ပိုကြီးမယ့်ပုံပေါ်သော ဝက်ဝံရုပ်ကြီးက ကုတင်အပေါ်မှာ နေရာယူလျက်
တခြားအရုပ်အလတ် အသေးအစုံပါပဲ
"မင်း အရုပ်ကို ကုတင်ပေါ်တင်ထားတော့ ဘယ်လိုအိပ်မှာလဲ"
"ခြွေ ဒီလိုပဲ အိပ်နေကြလေ"
"ခုချက်ချင်း အရုပ်တွေကို စတိုခန်းပို့လိုက်"သြ ပြောလိုက်တော့ သူမအရုပ်လေးတွေကို ဖက်ကာ
"မရဘူး"
သြ ဒီလိုပြောရင် မရမည်ကို သိနေသောကြောင့်
စိတ်ကိုလျော့ကာ
"လိမ်မာပါတယ်ကွာနော် မင်းအရုပ်တွေ စတိုခန်းထဲထည့်ထားလိုက်ပါ"
ခြွေ အရုပ်တွေအားဝမ်းနည်းစွာကြည့်ရင်း
"ခြွေ သူတို့မရှိရင် မနေတတ်ဘူး"
မျက်နှာငယ်လေးဖြင့် ပြောလာသော ကောင်မလေးကိုကြည့်ကာ ဘာလုပ်ရမယ်မသိ
ချော့ပြောလဲမရ ခြောက်ပြောလည်းမရ
"မင်း ဒါတွေ စတိုခန်းထဲ မထည့်ရင် အကုန်လွှင့်ပစ်မှာနော်"
"ဦးသြနော် အဟင့်ဟီးအင့်"
စကားပြောတာ နည်းနည်းလောက်မာလိုက်သေး
အော်ငိုလိုက်သော သူမကြောင့် သြ စိတ်ရှုပ်စွာ
ခါတိုင်းဆို ဘာမှကိစ္စမရှိပေမယ့် ခုတော့ ဦးလေးနဲ့ ဒေါ်ကြီးဂျမ်းရှိနေတယ်လေ"မင်း တိတ်မှာလား မတိတ်ဘူးလား"
"ဦးသြ အကျင့်ယုတ်တယ် သူတို့လေးတွေအပေါ် အရမ်းရက်စက်တယ်အဟင့်ဟီးအင့်"
တော်တော် အာလဲပြဲသော ကောင်မလေး
"မင်းကွာ!!!!!"
"ဒေါက်...ဒေါက်✊"
"သား သြလေး ဘာတွေဖြစ်ကြတာလဲကွယ်"
"သြလေး"
အပြင်မှ ဦးလေးတို့ရောက်လာသောကြောင့်
သြ တံခါးကိုဖွင့်ပေးရင်း
"ဘာမှမဖြစ်ပါဘူး ဒိလိုပါပဲ နည်းနည်းအဆင်မပြေတာပါ"
ဦးလေးနဲ့ ဒေါ်ကြီးဂျမ်းက အခန်းထဲကို တစ်ချက်ကြည့်လိုက်၍
"ဘုရားရေ"
အခန်းတစ်ခုလုံး အရုပ်များဖြင့် ပြည့်နှက်နေသောကြောင့် ဒေါ်ဂျမ်းဘုရားတလိုက်မိရင်း
သြလေးက အသန့်အရမ်းကြိုက်တဲ့သူလေ
ရှုပ်ရှုပ်ယှက်ယှက်တွေ သိပ်မကြိုက်
ခုတင်ပေါ်မှာအရုပ်တွေဖက်ကာ ငိုနေသော ခြွေ့ထံသို့သွားကာ
"ဘယ်လိုဖြစ်ကြတာလဲကွယ်"
ဒေါ်ဂျမ်းမေးလိုက်လျှင်ပဲ
"ဦးသြ သမီးကိုအနိုင်ကျင့်တယ် ဟင့် ဟီးအင့်"
ခြွေ့စကားကြောင့် ဦးလေးနဲ့ဒေါ်ကြီးဂျမ်းအကြည့်တွေ သြထံရောက်လာ၍
"ဟာ....အဲ့လိုမဟုတ်ဘူးနော် အခန်းထဲအရုပ်တွေပွနေလို့ ထားခိုင်းတာကို ငိုနေတာ"
သြ အလန့်တကြားပြောလိုက်ရင်း
"ဟင့် ဦးသြအရမ်းညစ်ပတ်တယ်ဦးဦး ဒေါ်ဒေါ် ခြွေ့ဟင့် သူတို့လေးတွေ မရှိရင်မနေတတ်ဘူးဟီးအင့်"
"မင်းကွာ ညကြီးမင်းကြီး ပင်ပန်းနေရတဲ့ကြားထဲ.ကျွတ်"
သြ စိတ်မရှည်စွာ.ပြောလိုက်လျှင်
"အဟီးအင့်ဟင့်ဟီးဟီး"
ခြွေ အော်ကာငိုလိုက်၍
"မင်းတိတ်မှာလား မတိတ်ဘူးလား ငါပိတ်ပေးရမှာလား"
သြ ပြောလိုက်တော့ ဒေါ်ဂျမ်းက
"သြလေး အပြင်ခဏထွက်လိုက်ပါကွယ် ဒေါ်လေးသူ့ကို.ဖျောင်းဖျကြည့်ပါ့မယ်"
သြ ဆံပင်တွေထဲ ထိုးဖွကာ ထွက်သွားရင်း