Episode 💘26💘

1K 50 0
                                    

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋

Episode 💘26💘

"ကိုယ်​ဖြီး​ပေးမယ်​"
ခြွေ့လက်​ထဲက ဘီးအား​ပြောင်းယူလိုက်​ရင်း
ခြွေ့ရဲ့ ဆံပင်​က ​ကြွေ​လောက်​မရှည်​​ပေမယ့်​ ​ကျောလယ်​​လောက်​ထိ​တော့ ရှိတယ်​​လေ
သြ ​ခြွေ့ဆံနွယ်​​တွေအား ​သေချာစွာဖြီး​ပေး​နေလျက်
ခြွေက​တော့ ငြိမ်​ငြိမ်​​လေးထိုင်​​နေကာ မှန်​ထဲမှာ​ပေါ်​နေ​သော ဦးသြအားကြည့်​​နေကာ
ခုတ​လော ဦးသြသူမအ​ပေါ်အရင်​ကထက်​ ပိုနူးညံ့လာတယ်
ခြွေ အရမ်း​ပျော်​တာပဲ အထူးသဖြင့်​ ​ခြွေကိုဂရုစိုက်​​နေတဲ့ဒီလိုအချိန်​​လေး​တွေကို ရပ်​တန့်​ပစ်​လိုက်​​ချင်​မိသည်
"ပြီးပြီ ဆံပင်​မစည်း​တော့ဘူးလား"
"ဟင့်​အင်း ဆံပင်​စည်းရတာ မကြိုက်​ဘူး ​ခေါင်း​တွေနာလို့"
သြ မှန်​တင်​ခုံ​ပေါ်က ​ခေါင်းစည်းကွင်း​သေး​သေး​လေးအား ယူကာ
"ဟိုဘက်​လှည့်​"
ခြွေ ​ကြောင်​​တောင်​​တောင်​ဖြင့်​ ​ကျော​ပေးကာလှည့်​ရင်း
သြ သူမရဲ့ ​ရှေ့မှဆံပင်​အနည်းငယ်​ကို ယူကာ ​နောက်​တွင်​ အသာ​လေးစုစည်း​ပေးလိုက်​ကာ
"ရပြီ"
ခြွေ မှန်​ထဲကြည့်​လိုက်​​တော့ ဦးသြစည်း​ပေးလိုက်​သဖြင့်​ ​ခြွေ့မျက်​နှာ​လေးက ရှင်းလင်း​နေလျက်
ဦးသြ မှန်​တင်​ခုံနားက အံဆွဲထဲက တစ်​စုံတစ်​ခုကိုယူလိုက်​သည်​ကို ​ခြွေမြင်​လိုက်​သဖြင့်
"ဦးသြ ဘာယူတာလဲဟင်​"
သြ လက်​ထဲက ဖဲပြားကလစ်​​လေးအား စည်းထား​သော​နေရာတွင်​ ညှပ်​​ပေးလိုက်​ရင်း
"ပြီးပြီ သွားမယ်​"
သြ သူမ​လက်​​လေးအားဆွဲလိုက်​​သော်​လည်း ဘာ​တွေစိတ်​အလိုမကျဖြစ်​​နေသည်​မသိ နှုတ်​ခမ်း​လေးစူကာ ထိုင်​ရာမှ မထ
"ဟာ မသွားဘူးလား"
"သွားဘူး"
"ဆိုစမ်းပါဦး ဘာ​တွေစိတ်​အလိုမကျဖြစ်​​နေတာလဲ"

သြ​မေးလိုက်​​တော့ အ​ဖြေထက်​အရင်​ မျက်​​စောင်းတစ်​ချက်​က ဦးစွာ​ရောက်​လာတယ်​​လေ
"ဦးသြ အမှန်​တိုင်း​ပြော ဒီအခန်းထဲ​ခြွေ့ထက်​အရင်​ ဘယ်​​ကောင်​မ​လေးကို ​ခေါ်လာခဲ့ဖူးလဲ"
တကယ်​ကို ရစ်​စိန်​​လေး
သြ လက်​​ချောင်း​တွေ​ခေါင်းထဲထိုးဖွလိုက်​ကာ
"မ​ခေါ်ဖူးပါဘူးကွာ မယုံရင်​​ဒေါ်ကြီးတို့ကို​မေးကြည့်​"
"ဟာ အဲ့တာဆို မိန်းက​လေးနဲ့ပတ်​သက်​တာ​တွေ ဘာလို့အခန်းထဲရှိ​နေတာလဲ အင်္ကျီ​တွေ​ရော ဒီကလစ်​​တွေ​ရော"
သြတွယ်​​ပေးထား​သော ​ခေါင်းကကလစ်​​လေးအား ကိုင်​ကာ ​ပြောလိုက်​​သော သူမ
"ကျွတ်​....အဲ့ဒါ မင်းအတွက်​ ထားထားတာ​လေ"
"ဟုတ်​လို့လား"
"အဟုတ်​ပါကွာ"
"ဟွန့်​ မ​ကျေနပ်​​သေးဘူး"
"မ​ကျေနပ်​လဲ အရင်​​ ​အောက်​သွားရ​အောင်​"
"ပြီး​ရော"
"အင်္ကျီလက်​ရှည်​မယူဘူးလား"
"ယူစရာလားဦးသြရယ်​ ဟို​ရောက်​ရင်​ ဓာတ်​ဖမ်းရဦးမှာ​လေ"
"မင်းအပြင်​မထွက်​​သေးလို့ အပြင်​မှာအရမ်း​အေးတာ"
"မ​အေးပါဘူးဦးသြရယ်​"
"သ​ဘောပါပဲကွာ"

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋Where stories live. Discover now