Episode 💘41💘

1K 43 0
                                    

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋

Episode 💘41💘

"ခွပ်​👊"
ခွန်း ​ဦးသြဇာရဲ့ထိုးချက်​​ကြောင့်​ လဲကျသွား​ပေမယ့်​ ပြန်​ထရင်း
ဦးသြဇာမှာလဲ သားဖြစ်​သူအားစိတ်​​တို​နေသည်
ခွန်းအားစိတ်​ပူတကြီးသွားရှာ​သော ဏီ ကားအက်​ဆီးဒင့်​ဖြစ်​ကာ ​ဆေးရုံ​ပေါ်​ရောက်​​နေပြီ​လေ
"မိန့်​ခွန်း မင်းဘယ်​လိုအချိုး​ချိုး​နေတာလဲဟင်​ သမီးဏီ​လေးတို့မိဘ​တွေဘက်​ကို ဘယ်​လိုမျက်​နှာပြရမလဲ"
ခွန်း​ခေါင်း​လေးငုံ့ရင်း
"ကျွန်​​တော်​​တောင်းပန်​ပါတယ်​ ကျွန်​​တော့်​ အမှားပါ"
"​တောက်​...မင်းကွာ"

ထိုစဉ်​ Nurseမ​လေးတစ်​​ယောက်​လာကာ
"မဘရဏီရဲ့ မိသားစုလားရှင့်​"
"ဟုတ်​ပါတယ်​ ဏီ​လေးအ​ခြေအ​နေဘယ်​လိုရှိလဲ"
ဒေါ်မွန်းစိုးရိမ်​စွာ​မေးလိုက်​​တော့
"ဘာမှစိုးရိမ်​စရာမရှိ​တော့ပါဘူးရှင့်​ ​ ​ခြေ​ထောက်​​တော့နည်းနည်းထိခိုက်​သွားတယ်​ ခုရက်​ပိုင်းအတွင်းလမ်း​တော့ သိပ်​​လျှောက်​နိုင်​မှာမဟုတ်​ဘူး"
"ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​"
"လူနာကို ဝင်​ကြည့်​လို့ရပါပြီ"
"ဟုတ်​"

"သမီးဏီ​လေးဘယ်​မှာလဲ"
ဏီ မိဘ​တွေ​ရောက်​လာကြကာ သမီးဖြစ်​သူအားစိုးရိမ်​တကြီးဖြင့်​​မေးလိုက်​လျှင်
"ဒီအခန်းထဲမှာပါ"
ဒေါ်မွန်း​ဖြေပြီးလျှင်​ပဲ လူနာခန်းထဲ အ​ပြေးအလွှားဝင်​သွား​သော ဏီ့မိဘများ
အခန်းထဲတွင်​ သတိရ​နေ​ပြီဖြစ်​​သော ဏီ
ခေါင်းအနည်းငယ်​​ပေါက်​သွားသဖြင့်​ ​ခေါင်းမှာ​ပတ်​တီးအ​ဖွေးသားနှင့်
ခြေ​ထောက်​မှာပက်​တီး​တွေနဲ့ပင်
"ဏီ​လေး"
"ဒယ်​ဒီ မာမီ"
ဏီပုံစံအား ကြည့်​ကာ ​ဒေါ်က်​သက်​လျာကခွန်းတို့ဘက်​ကိုလှည့်​ကြည့်​ကာ
"ဒါ ဘယ်​လိုဖြစ်​တာလဲ ဟင်​ ကျွန်​မသမီး​လေးရှင်​တို့အိမ်​မှာထားတာမကြာ​သေးဘူး ခုလိုဖြစ်​​နေပြီ"
ဒေါ်သက်​လျာ ​ဒေါသမျက်​ဝန်းများဖြင့်​ကြည့်​ကာ​ပြောလိုက်​သည်
ဒေါ်မွန်းနဲ့ဦးသြဇာတို့မှာလည်း ​ဘာမှပြန်​မ​ပြောနိုင်​​ခေါင်း​လေးငုံ့လျက်​သာ
သူ့တို့သားရဲ့ အမှားပင်​မလား
"အန်​တီ အန်ကယ်​ ကျွန်​​တော်​​တောင်းပန်​!!!!!"
"ကိုကိုတို့နဲ့မဆိုင်​ပါဘူးမာမီ ဏီကိုကိုတို့မသိ​အောင်​ Clubခိုးထွက်တာပါ ဏီ့အမှားပါ"
ဏီကြားဖြတ်​ကာ ဝင်​​​ပြောလိုက်​သည်
ဒါကိုပင်​​ဒေါ်သက်​လျာက ဏီ့အားမယုံသလိုကြည့်​​နေလျက်
"သမီး အားလုံးကိုစိတ်​ပူ​စေ​အောင်​လုပ်​မိတဲ့အတွက်​​တောင်းပန်​ပါတယ်​"
"မဖြစ်​ဘူး ကျွန်​မသမီး​လေးကို စိတ်​မချနိုင်​ဘူး သမီး​လေးဆန္ဒ​ကြောင့်​လက်​ထပ်​​ပေးခဲ့ရတယ်​ ခုကျွန်​မသမီးကို ရှင်​တို့အိမ်​မှာထပ်​မထားနိုင်​ဘူး"
"မှန်​တယ်​ သမီးကိုပြန်​​ခေါ်သွားမယ်​"
ဦးသစ္စာနဲ့ ​ဒေါ်သက်​လျာ မျက်​နှာထားတင်းစွာ​ပြောလိုက်​လျှင်​ ​ဦးသြဇာ မ​နေသာစွာ
"ကျွန်​​တော်​တို့ဘက်​က ဏီ​လေးကို ​သေချာဂရုမစိုက်​နိုင်​တဲ့အတွက်​​တောင်းပန်​ပါတယ်​"
"ဟုတ်​ပါတယ်​ သမီးဏီ​လေးက သားခွန်း​လေးရဲ့ ဇနီးပါ ခင်​ပွန်းရှိတဲ့​နေရာမှာ ဇနီးသည်​ကရှိသင့်​တယ်​မလား"
"အိုဘာပဲဖစ်​ဖြစ်​ ကျွန်​မတို့သမီးကို အဲ့အိမ်​မှာထပ်​မထားနိုင်​ဘူး ခင်​ပွန်းဖြစ်​သူက မ​နေနိုင်​ရင်​ ကျွန်​မတို့အိမ်​လိုက်​​နေလို့ရတာပဲ"
"မာမီ"
ဏီ ဟန့်​သလို​လေးဆိုလိုက်​​သော်​လည်း
"​တော်​​တော့ သမီး လူကြီး​တွေစကား​ပြော​နေတာ ဝင်​မရှုပ်​နဲ့"
ဏီငယ်​စဉ်​ကတည်းက ဒယ်​ဒီကို​တော့နည်းနည်း​ကြောက်​ရသည်​​လေ
ဒယ်​ဒီအ​ပြော​ကြောင့်​ ဏီဘာမှဆက်​မ​ပြောနိုင်​​တော့

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋Where stories live. Discover now