🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘24💘
"ကိုသြကမဖိတ်ဖူးဆိုတော့ မင်းကရောတို့ကိုမဖိတ်ချင်ဘူးလား မင်းတို့မင်္ဂလာပွဲတုန်းက မတက်လိုက်ရဘူးလေ ခုပွဲတော့ ဂုဏ်ပြုပေးလို့ရတယ်မလား"
"အာ"
ကြွေ့စကားကြောင့် ခြွေကြောင်သွားကာ ဘာဖြေလို့ဖြေရမယ်မသိဖြစ်သွားလျက်
ခြွေ ဦးသြကိုမော့ကြည့်လိုက်တော့လဲ.မျက်ဝန်းစူးစူးတွေဖြင့် ထိုမမအားစိုက်ကြည့်နေသည်လေ
ဦးသြရဲ့ မျက်ဝန်းတွေမှာ ဒေါသထွက်နေသောအရိပ်အယောင်များစွာဖြင့်
ကြွေ မောင့်အားကြည့်လိုက်တော့ ရှေ့ဆက်မတိုးရန် မျက်ဝန်းများဖြင့် သတိပေးနေလျက်
ကြွေ ထိုကောင်မလေးအား ထပ်၍
"ဘယ်လိုလဲ မင်းကတို့ကို မဖိတ်ချင်လို့လား"
"အဲ့လိုမဟုတ်ပါဘူး"
"ရွက်ဝါကြွေဒါက ငါတို့မိသားစုကိစ္စပါ မင်းပြန်သင့်ပြီထင်တယ်"
"ဟွန့် မောင် အဟင်း ကိုသြကလဲ ကြွေက ဂုဏ်ပြုချင်ရုံပါ"
ကြွေ့မှာ နောက်ဆုတ်ဖို့ အစီအစဉ်မရှိပေ
ကြွေ ဒီခရီးကို လိုက်ဖြစ်အောင်လိုက်ဖို့တွေးထားလျက်
ဒီခရီးက ကြွေနဲ့မောင့်ကို ပိုနီးစပ်စေနိုင်တယ်လေ
ကောက်ရိုးလေးတစ်မျှင်ကို ဖြစ်ဖြစ်ကြွေဖမ်းဆုပ်ထားချင်မိသည်
"ကြွေ လိုက်လို့ရတယ်မလား"
နောက်လုံးဝဆုတ်မယ့်ပုံမရသောကြွေနဲ့ ဒေါသထွက်နေပုံရသော.သြ
ခြွေနဲ့ ရဲမှာတော့ ကြားနေလူများသာ
ရဲက မနေသာစွာ
"ဟျောင့် သြ ရွက်ဝါကြွေက သူစိမ်းမှမဟုတ်တာ သူလိုက်ချင်ရင် လိုက်ပါစေ"
"မရဘူး"
သြအသံက မာထန်မှုများအပြည့်
"အင်းပါကွာ"
ရဲ လက်လျော့လိုက်ကာ နောက်သို့ဆုတ်နေရင်း"အဟင်း ကိုသြက ကြွေနဲ့ နီးစပ်နေရင် ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်မှာ ကြောက်လို့ ရှောင်နေတာလား"
"ဘာ မင်း!!!!!!!"
သြ ဒေါသကြောင့် ပြောထွက်တော့မယ့်စကားများ လေထဲတွင်ရပ်သွားခဲ့ရသည်လေ
ဘာလို့ဆို သြလက်ကိုဆွဲကာ.ဟန့်တားလာသော သူမလေးကြောင့်ပင်
သြ သူမလေးအားငုံ့ကြည့်လိုက်တော့
အပြုံးများစွာဖြင့် ကြွေ့အနားကပ်သွားသော သူမ
"ရတာပေါ့မမရဲ့ လိုက်ချင်လိုက်ခဲ့လေ"
ခြွေပြောကာ.သြရဲ့ လက်မောင်းလေးအားတွဲလိုက်ရင်း
သြမျက်ဝန်းတို့အား စိုက်ကြည့်လိုက်ကာ
"ဦးသြ မမကိုလိုက်ခွင့်ပေးလိုက်လေနော် ခြွေတို့ပျော်ရွှင်နေတာ တွေ့သွားတော့ ပိုပြီးစဉ်းစားဆင်ခြင်နိုင်တာပေါ့"
ပြုံးပြုံးလေးနဲ့ တုံ့ပြန်လိုက်သော ခြွေ
သြတို့မှာ ပါးစပ်အဟောင်းသားဖြင့်
ကြွေ့မှာလဲ လက်ကိုင်အိတ်လေးအားတင်းကြပ်နေအောင်ဆုပ်ကိုင်ကာ ဒေါသထွက်ပေမယ့်လို့ မောင့်ရှေ့မှာ အပြုံးမပျက်ပေ
ဒါကိုပင် ထိုကလေးမက ဆက်၍
"သြော်ဒါနဲ့မမ ခြွေနဲ့ဦးသြတို့ချစ်ကြည်နူးနေတာကို ဘေးကနေကြည့်ပြီး အားကျတာကဘာမှမဖြစ်ဘူး ဒါပေမယ့် မနာလိုအူတိုနေရမှ လိုက်မိတာနောင်တရနေမယ်နော် စဉ်းစားပေါ့"
"အဟင်း သတိပေးတာကျေးဇူးပါပဲ ကြွေပြန်တော့မယ်နော် မနက်ဖြန်မှတွေ့ကြတာပေါ့"
ကြွေအိမ်ထဲကထွက်သွားသော်
ခြွေ သြရဲ့ လက်မောင်းမှာတွဲထားသော လက်အား ဖြုတ်လိုက်တော့
သြကြောင်တောင်တောင် သူမလေးအားကြည့်နေစဉ်
"ကဲဟယ်"
ခြွေ မျက်စောင်းလေးထိုးကာ သြခြေထောက်ပေါ်အားဖြင့် တက်နင်းလိုက်သည်လေ
"အာ့ မင်းနော်"
"အဲ့ဒါ ဦးသြအရှုပ်တွေ ကျောင်းတက်တုန်းက ဘယ်လောက်ရွခဲ့လဲမသိဘူး"
ခြွေ့စကားကြောင့် သြမှာ ရီရအခက် ငိုရအခက်
ဘေးမှာရပ်နေသော ရဲမှာတော့ ခြွေနဲ့သြအားကြည့်ကာ
"ဟားဟားဟား"
ဟားတိုက်ရီမောလိုက်သော်
"ရှင်ကြီးကရော ဘာရီတာလဲ"
ခြွေရဲ့ မျက်စောင်းတွေက ရီလိုက်သော ရဲထံထပ်ရောက်လာပြီး
"ဟွန့် ဦးသြဝါဒနော် ကြပ်ကြပ်သတိထားနေ"
"အောင်မာ မင်းလို ကလေးမကများ"
သြ သူမပါးလေးအား ဖဲ့ကာပြောလိုက်၍
"အာ့ လွတ်နော်"
"ခလေးကများ လူကြီးကိုလာပြီး ဆုံးမနေတာပေါ့"