🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘11💘
"ဦးသြရေ ဦးသြ"
သူမလေးခေါ်သံကြောင့် သြခြေလှမ်းတွေ သူမလေးဆီသို့👣
သြ သူမလေးထံရောက်သော်
ထမင်းအိုးဘေးမှာ ရပ်နေသော သူမ
"ဘာဖြစ်တာလဲ"
"ထမင်းက ထမင်းလဲ မဖြစ်ဘူး"
ခြွေ မျက်နှာလေးရှုံ့ကာ ပြောလိုက်၍
သြ ထမင်းအိုးကို ဖွင့်ကြည့်လိုက်သော်
ခေါင်းတွေထူပူသွားရင်း
ထမင်းတွေက ပျော့ပြဲနေတာ ဝက်စာတွေ အလား
"ဦးသြ စားလို့ရလားဟင်"
သြ သူမလေးဘက်လှည့်ကာ
"မင်းရေကို ဘယ်လောက်ထည့်လိုက်တာလဲ ငါပြောသလောက်ထည့်တာရော ဟုတ်ရဲ့လား"
သြ မေးလိုက်တော့ ခြွေမျက်နှာငယ်လေးဖြင့် ပြန်မေးလိုက်သည်က
"ဦးသြက ပြောရောပြောထားခဲ့လို့လား"တဲ့လေ
သြ သူမလေးခေါင်းအားခေါက်လိုက်၍
"မင်း အိပ်ငိုက်နေတာမလား"
"ဟီး ဦးသြကလဲ"
"မင်း ရေဘယ်လောက်ထည့်လိုက်တာလဲကွ"
"အပြည့်"
ဒီလိုနဲ့ သူနဲ့ခြွေတစ်မနက်လုံး ကြိုးစားပမ်းစားချက်ထားခဲ့ရပြီး
နောက်ဆုံးတော့ ကော်ဖီနဲ့ မုန့်သာ စားလိုက်ရတယ်လေ😣မနက်စာ စားအပြီး ဦးသြကတော့ ကုမ္ပဏီသွားဖို့ပြင်နေတယ်လေ
ခြွေကတော့ ကုတင်ပေါ်မှာ အရုပ်လေးကိုဖက်ကာ ထိုင်နေရင်း ဦးသြလှုပ်ရှားမှုများကို ကြည့်နေရင်းမှ
"ဦးသြ"
ခြွေခေါ်လိုက်တော့
"အင်း"
သြ အင်္ကျီဝတ်နေရင်းမှ ထူးလိုက်ရင်း
"ကုမ္ပဏီသွားဦးမှာလားဟင်"
သြ သူမလေးဘက်လှည့်ကာ
"မသွားပဲနေလို့ရပါ့မလားကွ"
သူမလေးဆံပင်လေးအား ဖွကာပြောလိုက်၍
"ဟင့် နေ့တိုင်းသွားနေရတာ ပျင်းစရာကြီး"
"အောင်မာ နေ့တိုင်းသွားနေရတဲ့ ငါကမပျင်း အိမ်မှာနေရတဲ့ မင်းကပျင်းနေတယ်"
"ဦးသြ အလုပ်သွားရင် အိမ်မှာ ခြွေတစ်ယောက်ထဲ ပျင်းတာပေါ့"
ခြွေ ပြောလိုက်သော် သြမနေ့ကဝယ်ခဲ့တဲ့ ဟင်းချက်စာအုပ်များအားပေးကာ
"အိမ်မှာပျင်းနေရင် ဒါတွေဖတ်နေ မင်းအတွက် အထောက်အကူဖြစ်တယ်"