Episode 💘44💘

1K 45 0
                                    

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋

Episode 💘44💘

ခွန်း အလုပ်​စားပွဲ​ပေါ်​မှာ ​မေး​ထောက်​ကာထိုင်​​နေရင်း တစ်​စုံတစ်​ခုကို စဉ်းစား၍ အ​ဖြေရသွားပုံဖြင့်​ လိပ်​စာကဒ်​​လေးက နံပါတ်​အားနှိပ်​ကာ phone​ခေါ်လိုက်​သည်
"တီ....တီ......တီ"
"မင်းphone​ခေါ်လာမယ်​ဆိုတာသိသားပဲ"
Phoneကိုင်​ကိုင်​ခြင်း​ပြောလိုက်​​သော ​အေးစက်​စက်​စကားလုံးများ
"မင်းက ငါ့အ​ဖြေကို.ကြိုသိ​နေလို့လား"
ခွန်းပြန်​​မေးလိုက်​​သော်
"အဟက်​ သိတာ​ပေါ့"
"Ok​လေ ငါ့အ​ဖြေကို သိပြီးပြီဆိုမှ​တော့ ငါတို့လုပ်​ရမယ့်​ အစီအစဉ်​အ​ကြောင်း ​ပြောသင့်​တယ်​မလား"
"မ​လောပါနဲ့ ​ဖြေး​ဖြေး​ပေါ့"
"ငါက​တော့ မြန်​​လေ​ကောင်း​လေပဲ"
ခွန်း ​ခပ်​​အေး​အေးပင်​ပြန်​​ပြောလိုက်​ရင်း
"Ok​လေ ငါတို့​တွေ့ကြတာ​ပေါ့ <......>Clubကို.ည၈နာရီလာခဲ့"
"Ok"
Phချသွားပြီး
ခွန်း ​ဘောင်းဘီအိတ်​ထဲလက်​နှိုက်​ကာ စားပွဲကိုမှီလျက်
💭​ခြွေ ဒီတစ်​ခါ​တော့ ကိုယ်​တို့​တွေ ထပ်​မလွဲ​တော့ပါဘူး💭

⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀

သြ ခြံထဲက ခုံ​ပေါ်မှာထိုင်​ကာ အလုပ်​လုပ်​​နေသည်​​လေ
သြ အလုပ်​လုပ်​​နေရင်းဇနီးဖြစ်​သူအား စိတ်​မချစွာ.ခဏခဏလှမ်းလှမ်းကြည့်​​နေလျက်
ခြွေက သြနဲ့မလှမ်းမကမ်းကဒန်း​လေး​ပေါ်တွင်​ ထိုင်​ကာ သူငယ်​ချင်း​တွေနဲ့phone​ပြော​နေသည်​မလား
သြ အလုပ်​ထဲအာရုံမ​ရောက်​ သူငယ်​ချင်း​တွေနဲ့ ဘာ​တွေ​ပြောပြီး သ​ဘောကျ​နေလဲမသိ​သော.သူမ​လေးထံ၌သာ

ခဏကြာ​တော့ ​ခြွေ သြအား​နောက်​ကလှမ်းဖက်​လိုက်​ကာ
"ဦးသြ"
"ဗျ"
"ဟီး ​ခြွေနက်​ဖြန်​ ဦးသြအလုပ်​သွားရင်​ ​သူငယ်​ချင်းဆိုင်​ခဏသွားဦးမယ်​"
"ဘာသွားလုပ်​မှာလဲ ​ဘေဘီရာ ကိုယ်​စိတ်​မချဘူး"
"ဟွင့်​ ဦးသြကလဲ ​ခြွေက သူငယ်​ချင်း​တွေနဲ့ဖြင့်​ မ​တွေ့ရတာကြာ​နေပြီ"
သြ ​ခြွေ့ လက်​​လေးအားကိုင်​လိုက်​ကာ
"​ပြောပါဦး အဲ့သူငယ်​ချင်း​တွေနဲ့ ကိုယ်​ဘယ်​သူက ပိုအ​ရေးကြီးလဲ"
ဦးသြအ​မေး​ကြောင့်​ ​ခြွေပြုံးကာ
ဦးသြ ​ပေါင်​​ပေါ်တက်​ထိုင်​လိုက်​၍ ပုခုံးအားသိုင်းဖက်​လိုက်​ရင်း
"ဦးသြက အ​ရေးကြီး​ဆုံး ဦးသြက​ခြွေ့ဘဝ ​ခြွေ့အသက်​ ​ခြွေ့အနာဂတ်​ ​ခြွေ့နှလုံးသား ​ခြွေ့အသဲ အူကလီစာ"
"​တော်​​တော့ ဘာ​တွေ​လျှောက်​​ပြောလို့​လျှောက်​​ပြော​နေမှန်းမသိ"
"ဟီး ချစ်​လို့ အာဘွားမွ"
သြ ပါး​လေးအားလှမ်းနမ်းလိုက်​​သော သူမ​လေး​ကြောင့်​ သြပြုံးကာ
"ချွဲစိန်​​လေး"
"ခွင့်​ပြုမယ်​မလားဟင်​"
ခြွေ မျက်​ဝန်း​လေး​တွေ လင်းလက်​​နေလျက်
သြ သူမ​လေးအားစိတ်​ပူ​ပေမယ့်​လည်း သူမ​လေးစိတ်​ကျဉ်းကြပ်​မယ်​ကို ပူကာ
"ပြီး​ရော ဒါ​ပေမယ့်​..."
"ဘာလဲ လာဘ်​ထိုးခိုင်းအုံးမို့လား ရဘူး ဦးသြက အရမ်းညစ်​ပတ်​တာ"
သြ စကားမဆုံးခင်​ အထိတ်​တလန့်​ ကြားဖြတ်​​ပြောလိုက်​​သော သူမ​ကြောင့်​ သြရီရင်း
"အဟွန့်​ မဟုတ်​ပါဘူးကွာ"
"အမ​လေး....​တော်​​သေးပါရဲ့"
ရင်​ဘတ်​​လေးအား လက်​ဖြင့်​ဖိကာ ​ပြောလိုက်​​သော ​ခြွေ့ပုံစံ​လေးက အသည်းယားဖွယ်​အတိ
သြ သူမ​လေးအားအသည်းယားစွာ သူမပါး​ဖောင်း​ဖောင်း​လေးအား နှာ​ခေါင်း​လေးနစ်​ဝင်​သည်​ထိ နမ်းရှိုက်​လိုက်​ရင်း
"ကိုယ့်​အသည်းယား​အောင်​ လာလုပ်​​နေတာလား"
"အသည်းယားရင်​ ​ခြွေကုတ်​​ပေးမယ်​​လေ"
ခြွေ​ပြောကာ သြအားကလိထိုး​နေ​သော သူမ
"အာ့ မလူပ်​နဲ့ ​ဘေဘီ​နော်​ ယားတယ်​"
"ခိခိ"
"​ဘေဘီ​နော်​"
ခြွေ သြအားကြည့်​ကာ.ပြုံးရင်း သြဗိုက်​​လေးအားလက်​ညှိုး​လေးဖြင့်​ထိုးကာ
"​ဦးသြ​တောင်​ ဝလာတာပဲ ဗိုက်​​ခေါက်​​လေးနဲ့"
"မနက်​​တွေ ​အိပ်​ယာထ​နောက်​ကျ​တော့ ​လေ့ကျင့်​ခန်းမှ မလုပ်​ရတာကို"
"ဦးသြကြီးက အပျင်းကြီးကို"
သြ ​ခြွေ့ ဆံပင်​​လေးအားသပ်​​ပေးကာ
"မဟုတ်​ရပါဘူးကွာ ​ကောင်​​မ​လေးတစ်​​ယောက်​​ကြောင့်​ ည​တွေ​နောက်​ကျ​နေတာ​လေ အဲ့​ကောင်​မ​လေးက ကိုယ့်​လာလာဆွဲ​ဆောင်​​နေတာကိုး"
"ဟာ့...ဦးသြ အရူးကြီး"
"အဟွန့်​ ​​ဘေဘီအိမ်​မှာပဲ ပျင်း​နေမှာမို့ ကိုယ်​အပြင်​ထွက်​ခွင့်​ပြုတယ်​​နော်​ ဒါ​ပေမယ့်​ လင်း​​ခေတ်​နဲ့ မ​တွေ့​အောင်​​နေပါ ပြီး​တော့ တခြား​ကောင်​​လေး​တွေနဲ့​ရော...ကြားလား"
"ဟုတ်​ကဲ့ပါ"
"ကိုယ်​ ​ဘေဘီ့ကို အရမ်းသဝန်​တိုတာ သိတယ်​မလား"
"သိပါတယ်​ရှန့်​"
ခြွေ့ရွဲ့ကာ ​ပြောလိုက်​​သော်​ ဦးသြအလိုမကျစွာ မျက်​​မှောင်​ကြုတ်​ရင်း
"ကိုယ်​အတည်​​ပြော​နေတာ​နော်​ ​ဘေဘီ့ကို တခြားသူစိမ်း​ယောက်ျားနဲ့​တွေ့လို့က​တော့ ကိုယ်​လူသတ်​မိမှာ"
"စိတ်​ချပါဦးသြရဲ့"
"မချဘူးကွာ...ကိုယ့်​မှာ ဒီ​ဘေဘီတစ်​​ယောက်​​လေးရှိတာ"
"အမယ်....​ခြွေ့မှာလဲ ​ဟောဒီက ဦးသြတစ်​​ယောက်​ထဲရှိတာပါ​နော်​"
"တကယ်​လား"
"ဂယ်​"
"ချစ်​လား"
"ချစ်​တယ်​ ​ခြွေက ​ဟောဒီက ဦးသြကြီးကို ချစ်​ပါသတဲ့ရှင်​"
"​ပြော ဘယ်​​လောက်​ထိချစ်​တာလဲ"
"Infinity"
"ကိုယ်​ကပိုချစ်​တယ်​"

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋Donde viven las historias. Descúbrelo ahora