Episode 💘4💘
ခြံဝန်းကျယ်ကြီးတွင် ကျင်းပပြုလုပ်မယ့် စေ့စပ်မင်္ဂလာပွဲ💍
ဧည့်သည်တော်မများပြားသော်လည်း နာမည်ကျော် လုပ်ငန်းရှင်အနည်းငယ်သာ
ပန်းနုရောင် ဂါဝန်ကားကားလေးဖြင့် အရုပ်မလေးသဖွယ် လှရက်နိုင်သူ ခြွေ
ခြွေ ပတ်ဝန်းကျက်အား ဟိုဟိုဒီဒီကြည့်ကာ စိတ်ရှုပ်လာ၍
ဒီနေ့က ခြွေနဲ့ မိန့်ခွန်းဆိုသူရဲ့ စေ့စပ်ကြောင်းလမ်းမင်္ဂလာပွဲ
သူတို့အိမ်ရဲ့ ခြံကျယ်ထဲမှာကျင်းပသောကြောင့် ပတ်ဝန်းကျင်ကစိမ်းသက်နေစွာ
ခြွေတကယ် လက်မထပ်ချင်သေး စေ့တောင်မစေ့စပ်ချင်ပေ
သို့ပေမယ့် အဲ့မိန့်ခွန်းဆိုသူက တကယ်အမြင်ကတ်စရာကောင်းသူပင်
ခြွေ ဘယ်လောက်ပဲစိတ်ပျက်အောင်လုပ်လုပ် အပြုံးမပျက်
ခြွေ စိတ်ညစ်စွာ သက်ပြင်းချလိုက်ရင်ပဲ
"ဟင်းးး "
ဒါကိုကြားသွားသော မေမေလေးက
"ဟယ်ခြွေလေး.ဘာလို့သက်ပြင်းတွေချနေရတာလဲကွယ် ဒီနေ့က သမီးရဲ့ စေ့စပ်ပွဲနေ့လေ ပျော်ပျော်နေစမ်းပါကွယ်"
"ခြွေ့သဘောနဲ့ စေ့စပ်တာမှမဟုတ်တယ်"
"သြော်သမီးရယ်"
"ခြွေ ပျင်းနေပြီ ဒီနားလေး လျှောက်သွားကြည့်ဦးမယ်"
"သမီးရယ် ပွဲကစတော့မှာလေ မသွားပါနဲ့လား"
"ခဏပါ မေမေလေးရယ်"
ခြွေပြေးထွက်လာခဲ့၍ခြွေ ခြေဦးတည့်ရာ လျှောက်လာရင်း
လူရှင်းသော ခြံနောက်ဘက်သို့ ရောက်လာခဲ့လျက်
ခြွေ လမ်းလျှောက်ရင်း အတွေးတွေက ဟိုဟိုဒီဒီ
"ငါ ထွက်ပြေးလိုက်ရမလား မဖြစ်ဘူး ငါခုချိန်ထွက်ပြေးလိုက်ရင် ဒယ်ဒီအရှက်ရမှာ ငါမစေ့စပ်ချင်ဘူး😭"
ခြွေ ကောင်းကင်ပေါ်မှာ သာနေတဲ့ လမင်းကြီးကိုမော့ကြည့်ကာ
"မိုးနတ်မင်းကြီးရယ် လနတ်သမီးရယ် ခြွေကို ကယ်ပါဗြဲ😭"
ခြွေ မိုးပေါ်သို့သာ ကြည့်ကာလျှောက်နေရင်း
ခြွေ့ဒေါက်ဖိနပ်က မညီညာသော ချိုင့်ခွက်တစ်ခုအား နင်းမိလိုက်၍
"အားးး! !!!!"
ခြွေ ကျပြီအထင်နဲ့ အော်လိုက်ကာ မျက်လုံးစုံမှိတ်မိလျက်သား
ခြွေ့ ခန္ဓာကိုယ်အား အနောက်က တစ်စုံတစ်ရာဆွဲဖမ်းခံရခြင်းကြောင့် ခြွေ မျက်ဝန်းတို့ကိုဖွင့်ကြည့်လိုက်သော်
ခြွေ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်နေခြင်းနဲ့ အတူ