🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘43💘
အန်ကယ်သတိရလာတော့ ဦးသြနဲ့ အန်ကယ်ရဲ့ဆက်ဆံရေးက အရင်ကထက်ပိုကောင်းလာတယ်လေ
"အဖေ ဒါလေးကုန်အောင်စားလိုက်နော်"
သြဖခင်ဖြစ်သူအား ဆန်ပြုတ်တိုက်နေခြင်းပင်
ဘေးနားမှာ ရပ်နေသော ဒေါ်မွန်းမှာလဲ ထိုမြင်ကွင်းအားကြည့်ကာ.သဘောကျနေလျက်
ခွန်းမှာလဲ ဘာမှဝင်ပြောခြင်းမရှိ
"အဖေဝပြီကွ"
"အဖေ နောင်နေမကောင်းဖြစ်စေနဲ့နော်"
"အေးပါကွာ"
ခြွေ မိသားစုတွေ အဆင်ပြေခါစ မနှောင့်ယှက်ချင်၍ အခန်းထဲက ထွက်လာတော့ ခြွေ့နည်းတူ အပြင်ကခုံတန်းတွင် ထိုင်နေသော ဏီ
ခြွေ ဏီ့အနားကပ်ထိုင်ကာ
"မတွေ့တာကြာပြီနော်"
"နင်နဲ့မတွေ့ရလို့ စိတ်ချမ်းသာနေတာ"
ဏီ့ စကားကြောင့် ခြွေပြုံးကာ
"အာ့ဆိုလဲ ငါ့ယောက်ျားရဲ့ ညီကို ဘာလို့ယူသေးလဲ ခုကျ လင်ညီအစ်မ လာဖြစ်နေသေးတယ်"
"ငါက ကိုကို့ကိုချစ်နေတာ ကြာပြီလေ နင်ကသာ ငါနဲ့ညီအစ်မတော်ချင်လို့ဦးသြဝါဒနဲ့ ယူလိုက်တာမလား"
ဏီ့စကားအား ခြွေ ဟားတိုက်ရီလိုက်ရင်း
"ဟားဟား ငါနဲ့ ဦးသြနဲ့ချစ်လာတာ ၅နှစ်သမီးထဲက လာမယှဉ်နဲ့"
"အဟွန့်"
ခြွေ လက်အားကမ်းပေးလိုက်ကာ
"အရင်က ကိစ္စတွေမေ့ပြီး ငါတို့အဆင်ပြေပြေနေကြတာပေါ့"
"ဆုတောင်း"
ခြွေ ပုခုံးလေးတွန့်ကာ ကျန်ခဲ့ရင်း........💦💦💦💦💦💦💦💦💦💦💦💦💦💦
ခေတ် စားပွဲပေါ်က ဖိတ်စာအားကြည့်ကာ
"သေချာလား သြဝါဒနဲ့ ဖအေတူ မအေကွဲညီ မိန့်ခွန်းလာမယ်ဆိုတာ"
"သေချာပါတယ် ခေါင်းဆောင်"
"အဟက်"
ခေတ်ရီသံမှာ အဓိပ္ပါယ်များစွာဖြင့်"ဝင်လို့မရပါဘူး"
အခန်းအပြင်မှ ဟန့်သံကြောင့် ခေတ်အပြင်သို့ထွက်ကြည့်လိုက်သည်
ခေတ်အခန်းထဲ ဝင်ရန်ကြိုးစားနေသော ကြွေ
ဟန့်တားနေသော အစောင့်နှစ်ယောက်
"ဘာဖြစ်နေတာလဲ"
"မမလေးက ခေါင်းဆောင်အခန်းထဲ ဝင်မှာဆိုလို့ ကျွန်တော်တို့တား!!!!!"
"ခွပ်👊"
"ခွပ်👊"
ထို အစောင့်နှစ်ယောက်အား ခေတ်တစ်ချက်စီ ထိုးလိုက်သည်
ဘေးမှာရပ်နေသူ ကြွေ့မှာတော့ ခေတ်ပုံစံအားပါးစပ်အဟောင်းသား ကြည့်နေရင်း
ခေတ်မှာတော့ လက်အားလက်ကိုင်ပုဝါဖြင့်သုတ်ကာ သွေးအေးစွာဖြင့်
"သူက ငါ့တရားဝင်ဇနီး ဒါကြောင့်ဒီအိမ်ထဲမှာ သူမသွားနိုင်တဲ့နေရာမရှိဘူး"
"ဟုတ်ကဲ့ ခေါင်းဆောင်"
ပြိုင်တူဖြေလိုက်သောအစောင့်နှစ်ယောက်