🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘27💘
"ကိုကို ဒါလေးဆိုရင်ရော ဘယ်လိုလဲ"
ဏီနဲ့ခွန်း မင်္ဂလာဝတ်စုံလာအပ်ကြတယ်လေ
ဆိုင်ကပေးသော photo albumထဲက သတို့သမီးဝတ်စုံဂါဝန်အားလက်ညှိုးထိုးပြကာ ဏီ ဘေးနားမှာ ထိုင်နေသော ကိုကို့အားမေးလိုက်သော်လည်း
ကိုကို့ပုံစံက စိတ်နဲ့ကိုယ်နဲ့ မကပ်သည့်ပုံပင်
"ကိုကို"
"..........."
"ကိုကိုလို့"
ဏီ ထပ်ခေါ်လိုက်တော့မှ ခွန်းကြားကာ
"ဟင် ဘာပြောလိုက်တာလဲ"
"မင်္ဂလာအတွက်ဒီဝတ်စုံလေးဆိုရင်ရော"
"မင်းသဘောလေ"
"ဏီက ကိုကိုရွေးပေးတာကို လိုချင်တာကို"
"ငါ မကြည့်တတ်ဘူး"
ဏီ ဘာမှထပ်မပြောဖြစ် ကိုယ့်ဘာကိုယ်သာ ဝတ်စုံရွေးနေရင်း
ခွန်းအတွေးထဲမှာတော့ ခုထိစိုးမိုးထားသော ခြွေ့အကြောင်းအားတွေးနေခဲ့ရင်း
သူမနဲ့ အဖြူရောင်သတို့သမီးဝတ်စုံကြီးအား စိတ်ကူးယဉ်မိရင်း
အပြင်မှာတော့ သူမနဲ့သူက လုံးဝမဖြစ်နိုင်တော့သော လူများပင်
"ဏီ ဒီဝတ်စုံပဲ ယူလိုက်မယ်နော်"
"အင်း"
"ဏီ ဒီဝတ်စုံလေးပဲယူလိုက်မယ်"
ဏီ ဆိုင်ကကောင်မလေးလေးအား
"သြော်ဟုတ် အဲ့တာဆို ကိုယ်တိုင်းယူရအောင်"
"ဟုတ်"ဏီတို့ ဝတ်စုံဆိုင်က ပြန်လညသော် လမ်းတွင်
ဏီ ကားမောင်းနေသော ကိုကို့အားခိုးကြည့်မိရင်း
ဏီနဲ့ ဝတ်စုံရွေးရင်း မင်္ဂလာပွဲအတွက် လိုအပ်တာတွေ စီစဉ်ရန် လာသော်လည်း ခုချိန်ထိ ကိုကို့ထံမှ အင်း တစ်လုံးသာ
မင်္ဂလာဆောင်ခါနီးတိုင် အေးစက်နေသော ကိုကို့အားကြည့်ကာ.ဏီသက်ပြင်းလေးခိုးချရင်း
💭တစ်ခါတစ်လေ ဏီ တွေးမိတယ်ကိုကို
ကိုကို့ကို ရွေးမိခဲ့တာ ဏီမှန်ရော မှန်ရဲ့လား
ကိုကို့ကို စွန့်လွတ်ဖို့ တွေးလိုက်ပြန်ရင်ပဲ ဏီမစွန့်လွတ်နိုင်
ဏီ ကြိုးစားချင်သေးတယ်
ဏီ ကိုကိုရဲ့ အချစ်တွေကို မျှော်လင့်ချက်က၁ရာခိုင်နှုန်းပင်မသေချာ
ဒါတောင် ဘာလို့ဏီစွန့်စားချင်သေးတာလဲ
ကိုယ့်ကိုကိုယ်လဲ နားမလည်
ခုလို ကိုကို့ဘေးမှာရှာခွင့်ရရုံနဲ့ဏီပျော်ပါတယ်လေ💭
"မင်း ဘယ်သွားစရာရှိသေးလဲ"
ကိုကို့ထံမှ အေးစက်စက်စကား
"မင်္ဂလာပွဲအတွက်တော့ မရှိတော့ပါဘူး ကိုကို ညစာအတူတူစားရအောင်လေ"
"မရဘူး အိမ်မှာ ဖေဖေတို့စောင့်နေမှာ"
"သြော်"
"မင်းအိမ်ကိုပဲ မောင်းတော့မယ်"
"ဟုတ်ကဲ့ ကိုကို"