🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘13💘
ခြွေတို့ အိမ်ပြန်ရောက်တော့
ခြွေ ကားပေါ်ကဆင်းဆင်းချင်း
"ဦးသြ ဘရဏီက ဘာပြောတာလဲဟင်"
သြ ခြွေ့ကိုတစ်ချက်သာကြည့်ရင်း
သူမလက်အားဆွဲကာ အိမ်ထဲသို့
"ဟာ ဦးသြ"
ခြွေမှာတော့ သြဆွဲခေါ်ရာနောက်သို့
အိမ်ထဲသို့ ရောက်ပြီဆိုမှ
"တောင်းဆုခြွေ"
"ဟင်"
သြ ခေါ်လိုက်တော့ ခြွေ့ကမန်းကတန်းပြန်ထူးလိုက်ရင်း
"မင်းပြသနာတွေ ဘယ်ချိန်ထိရှာနေဦးမှာလဲ"
"ဦးသြကလဲ ခြွေကအရင်စလုပ်တာမှ မဟုတ်တာ သူတို့ကအရင်စတာလေ ဦးသြနော် သူတို့က ခြွေ့ကိုအနိုင်ကျင့်နေတာကို.ငြိမ်ခံနေရမှာလား"
"သူတို့က အနိုင်ကျင့်တာလား မင်းကအနိုင်ကျင့်တာလား"
သြမေးလိုက်တော့
"ဟင့် ဦးသြနော် ခြွေ့ကိုမယုံတာလား"ခြွေ သြလက်မောင်းလေးအားဆွဲကိုင်လှုပ်ကာ ပြောလိုက်၍
"အဟွန့် ငါတော့မထင်ပါဘူး မင်းလား"
သြ ခြွေ့ရဲ့ခေါင်းအား ခပ်ဖွဖွထုကာပြောလိုက်၍
"အာ့ ဦးသြနော်"
"မင်းက သူများအနိုင်ကျင့်ခံမယ့် လူမျိုးလား.အန်ုင်ကျင့်တာ မင်းကပဲဖစ်မှာ"
"ဟင် ဦးသြ ဘယ်လိုသိ😳"
"အဲ့ဆိုင်က အဲ့ကောင်မလေးဆိုင်လေ တဆိုင်လုံးရှုပ်ပွနေတာ အဲ့ဆိုင်ပိုင်ရှင်ကောင်မလေးက မင်းကိုလွဲချရအောင် သူ့ဘာသာလုပ်ထားမယ် ထင်ရအောင် ငါအရူးမဟုတ်ဘူးကွ"
"ဟီးးး ဒါပေမယ့်ဦးသြက သူတို့ကိုဘယ်လိုပြောခဲ့တာလဲ.ဘရဏီကျန်နေခဲ့တဲ့ပုံကြည့်ရတာ.သူထင်ထားခဲ့တဲ့အတိုင်းမဖြစ်တဲ့ပုံပဲ"
"သွား ဟိုနားမှာသွားထိုင်"
"ဘာလို့လဲ"
"သွားထိုင်"ခြွေ လူကြီးပြောသော နေရာသို့သွားကာ ထိုင်ရင်း
"ဦးသြ ထိုင်ပြီးပြီ"
ခြွေ ထိုင်ရင်းပြောလိုက်ကာ
"လက်မြောက်"
"ဟမ်!!!!"
ခြွေ တအံ့တသြပြောလိုက်ရင်း
"လက်မြောက်ထား"
"ဟာ ဦးသြ"
"လက်မြောက် မင်းဒီနေ့အပြစ်လုပ်ထားတယ်နော်"
"ဟွန့် "
ခြွေ ဦးသြစကားကို မလွန်ဆန်နိုင်စွာ မျက်နှာလေးရှုံ့မဲ့စွာ လက်လေးမြောက်ရင်း
သြ သူများလေးထိုင်နေသော ရှေ့ကခုံတွင် ထိုင်ရင်း
"မင်းအပြစ်ကဘာလဲသိလား"
"မသိဘူး ဘာလဲခြွေက ဦးသြ ပိုက်ဆံထွက်အောင်လုပ်မိလို့လား😒"
ခြွေအမြင်ကတ်စွာ ရွဲပြောလိုက်ရင်း
"မဟုတ်ဘူး"
"အာ့ဆိုဘာလို့ ခြွေ့ကို အပြစ်ပေးနေတာလဲ"