🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘40💘
သြ နေ့လည်အလုပ်ကနေ ပြန်လာခဲ့ချိန်
ကြမ်းပြင်ပေါ်မှာ ရှုပ်ပွနေသော ကြက်ဥကွဲတွေအားကြည့်ကာ ဘယ်သူ့လက်ချက်လဲဆိုတာ ပြောစရာမလိုအောင်ပင်
သြ ခြွေ့ဘက်လှည့်ကာ
"မီးဖိုခန်းထဲ ဘေဘီ ဝင်လိုက်သေးတယ်မလား"
ခြွေ သွားလေးဖြီးကာ
"ခြွေက ကူညီမလို့ပါပဲ ဒါပေမယ့် ခုလိုဖြစ်သွားတယ်"
သြ နဖူးအား လက်ဖြင့်ကိုင်ကာ စိတ်ညစ်နေသည့်ပုံဖြင့်
ခြွေ့အား လက်ညှိုးထိုးကာ
"နောက်မှ အပြစ်ပေးမယ် ခူငြိမ်ငြိမ်လေးအခန်းထဲ သွားဆော့နေ"
"ခြွေ ကူညီနိုင်တာရှိရင်လေ!!!!!"
"မသွားသေးဘူးလား"
ဦးသြမျက်နှာ တည်တံ့နေသဖြင့် ခြွေကြောက်ကာ အပေါ်သို့ တက်ပြေးလိုက်ရသည်
ခါတိုင်းဆို ခြွေ့ကို လေသံမာမာနဲ့ ပြောရမလားဆိုပြီး စိတ်ကောက်မိမှာသေချာပေမယ့် ခုတော့ ကိုယ့်အမှားနဲ့ကိုယ်လေ
သြ သူမလေးအပေါ်တက်သွားတော့မှ
ဘေးနားတွင်ရပ်နေသော ဒေါ်ကြီးတို့်အား
"ဒေါ်ကြီး မအေး အလုပ်သမားတွေကျွေးဖို့ ဘာဟင်းချက်ပြီးလဲ"
"အသီးအရွက်ကြော်ရယ် ချဉ်ပေါင်သီးထောင်းရယ် ငရုတ်သီးကြော်ရယ်ပဲ လုပ်ရသေးပါတယ် "
မအေးဖြေပြီးလျှင်
"အရံဟင်းတွေပဲ ချက်ပြီးသေးတာပေါ့"
ဦးလေးက ဝင်ပြောလိုက်၍
"ဟုတ် ကြက်သားဟင်းကလဲ မကျက်သေးပါဘူး"
"ကျွတ် ဘေဘီကတော့ကွာ"
"သြရယ် ခြွေလေးအမှားမဟုတ်ပါဘူး သူလွဲတတ်တာသိရဲ့နဲ့ ခိုင်းမိတဲ့ဒေါ်ကြီးအမှားပါ"
"ကျွန်တော်သိပါတယ် ခုက နေ့လည်စာစာစချိန်လဲ နီးနေပြီ အလုပ်သမားတွေရောဆာနေရောပေါ့ ဒီလိုလုပ်လိုက် ညား အဆာပြေမုန့်နဲအအေးဘူး ဝယ်ပြီး ဝေပေးထားလိုက်
ဒေါ်ကြီး ဟင်းတွေအဆင်ပြေသလိုကြည့်လုပ်လိုက်"
"ဟုတ်ကဲ့ အကိုလေး"
သြ ညားနဲ့ဒေါ်ကြီးတို့ထွက်သွားသော် ခေါင်းလေးကုတ်နေလျက်
ဘေးမှာရပ်နေသော ဦးဗိုလ် သြပုခုံးအားဖက်ကာ
"အဲ့လောက်လဲ မျက်ခုံးကြီးတွန့်မချိုးထားပါနဲ့ကွာ မင်းရုပ်ကြည့်ရတာ ငါ့ထက်တောင် အိုစာနေသလိုပဲ"
"ဦးလေးကတော့ လုပ်ပြီ"
"ခြွေလေး ဒီရောက်လာတာ တစ်ရက်နဲ့တစ်ရက်မပျင်းရဘူး မင်းတို့ပြန်သွားရင် ခြောက်ကပ်ကပ်ဖြစ်နေခဲ့မယ်ထင်တယ်"
"ဦးလေးတို့ကသာ ပျင်းကျန်နေခဲ့မှာ ကျွန်တော်ကတော့ ဘယ်ချိန်ဘာလုပ်မလဲတွေးပြီး ခေါင်းမီးတောက်နေတယ်"
"အဲ့တာဆို သမီးခြွေလေးကို ငါတို့ခေါ်ထားလိုက်မယ်လေ"
ဦးဗိုလ်ကစပြောလိုက်လျှင်
"အဲ့တာတော့....."
"ဘာလဲ မိန်းမနဲ့ မခွဲနိုင်ဘူးမလား"
"အဟွန့်"
"အပိုတွေပြောနေတယ် ခွဲနေနိုင်တာကြလို့"
"ကျွန်တော် ရေမိုးချိုးလိုက်ဦးမယ်"
"မိန်းမကို လွမ်းရင်လွမ်းတယ်ပေါ့ကွာ"
"ဦးလေးကတော့ဗျာ"
ရှက်ရမ်းရမ်းသွားသော.တူဖြစ်သူအားကြည့်ကာ ဦးဗိုလ်ပြုံးနေခဲ့ရင်း