🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘10💘
ခြွေတို့ ဈေးထဲကို အရင်ဝင်ခဲ့ကြရင်း
ခြွေ ဈေးတန်းတွေအားကြည့်ကာ တအံ့တသြ
ခြွေ ဘဝမှာ ဒီနေရာကို ဆိုမထားနဲ့ မီးဖိုခန်းကိုတောင် ဝင်ဖူးခဲ့ခြင်းမရှိ
ခြွေ ဈေးရောင်းနေကြသော.ဈေးသည်များအားကြည့်ကာ
"ဦးသြ ဒီနေရာမှာ ဈေးဝယ်မလို့လား"
"အင်း"
"Ocean တို့ ကုန်တိုက်တို့မှာ ဝယ်လဲရနေတာကို"
"မတူဘူး အဲ့တာတွေက မလတ်ဆတ်ဘူး ဈေးလဲကြီးတယ်"
"ဟာ ဦးသြရာ ဘာလို့ဒီလောက်ကပ်စေးနှဲနေတာလဲ ဘယ်လိုလူကြီးမှန်းမသိဘူး"
"ကပ်စီးနှဲတာမဟုတ်ဘူး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကိုပဲ စားသင့်တယ်"
"ဟွန့်😢"
"လာ သွားမယ်"
သြ ဆွဲခေါ်ရာနောက်သို့ လိုက်ပါခဲ့ရင်း
ဈေးထဲမှာ အညှိနံ့တွေကြောင့် ခြွေ ခေါင်းတွေပင်မူးနောက်လာ၍
ဈေးလုပ်သားများမှာလဲ ချွေးတွေကချွဲလို့
ခြွေ နှာခေါင်းလေးရှုံ့ကာ လိုက်ရင်း"အဒေါ်"
ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဒေါ်ကြီးအား သူခေါ်လိုက်၍
"သြော် မင်းကိုတောင်မမြင်တာကြာပြီ"
"ဟုတ်"
"သူလေးက မင်းတူမလေးလား"
"ခင်ဗျာ"
သြ သူ့နောက်မှာပါလာသော ကောင်မလေးအားကြည့်တော့ ပန်းရောင် ဂါဝန်လေးဖြင့် ကလေးမလေးသဖွယ်
ခြွေ့မှာတော့ ထိုအဒေါ်ကြီးစကားအား ရီလိုက်ရင်း
ခြွေ့ကို ဦးသြရဲ့ တူမလေးလားတဲ့လေ
တော်ပါသေးရဲ့ သမီးလို့မထင်လို့
ခြွေရီကာ
"ဦးလေး ဒီကပြန်ရင် ခြွေ ရေခဲမုန့်စားချင်တယ်"
ကြည့်စမ်း သူများတွေက အထင်လွဲနေပါတယ်ဆို
ဦးလေးလို့တောင် ခေါ်လိုက်သေး
သြ မျက်နှာကြီးနီမြန်းလာရင်းဒါကို အသီးအရွက်ရောင်းသော အဒေါ်ကြီးကဆက်၍
"မင်းတူမလေးက ချစ်စရာလေးနော်"
တဲ့လေ
သြ ဘာပြန်ပြောရမယ်မသိဖြစ်နေစဉ်
"ဟီးးး သမီး ဒီအရွက်တွေ အကုန်ယူမယ်"
သြ သူမလေးလက်အားဆွဲလိုက်ရင်း
"မင်း ဒါဘာလုပ်တာလဲ"
"ဟင်းရွက်ဝယ်မလို့မလား အာ့မို့လေ"
"အကုန်ဝယ်ရအောင် မင်းက နွားလား"
"ဟာ....ဦးသြ😤"
"မင်းတို့တူအရီးနှစ်ယောက်ကတော့လေ တော်တော်ချစ်ကြတဲ့ပုံပဲ"
သြ ထိုအဒေါ်ကြီးဘက်လှည့်ကာ
"ကျွန်တော့်တူမ မဟုတ်ပါဘူး သူမက ကျွန်တော့်ဇနီးပါ
လာသွားမယ်"
ခြွေ့ လက်ကိုဆွဲကာ.ထိုဆိုင်မှ ထွက်ခဲ့ရင်း
"ဟာ ဦးသြ မဝယ်တော့ဘူးလား"
"မဝယ်ဘူး အသီးအရွက်တွေ မလတ်ဆတ်ဘူး"
ခြွေ လူကြီးအားကြည့်ကာ ရီမိရင်း
ခြွေသိတာပေါ့ လူကြီးခံရခက်သွားသည်ဆိုတာ
လူကြီး အရမ်းချစ်ဖို့ကောင်းတာပဲ