Episode 💘30💘

1.1K 51 2
                                    

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋

Episode 💘30💘

"ညက ကိစ္စ အဟွန့် ​ကျေးဇူးပါ​နော်​ ခုမှ​သေချာသိသွားတယ်​ ညက​ခြွေရှိ​နေတာမှန်းသိလို့ တမင်​လုပ်​ပြလိုက်​တာ​ပေါ့ မမ​ကြွေ​ပြောလို့​တော်​​သေးတာ​ပေါ့ ​ခြွေက တစ်​မျိုးထင်​ပြီးဦးသြကိုစိတ်​​ကောက်​​နေတာ ခုမှပဲ ရှင်းသွား​တော့တယ်​"
"မင်း....ခုချိန်​ထိ အမြင်​မှန်​မရ​သေးဘူးပဲ"
"အဟွန့်​ အမြင်​မှန်​ရသင့်​​နေတာ မမ​ကြွေပါ ဦးသြက​ခြွေ့ခင်​ပွန်းဖြစ်​​နေပြီဒါ​ကြောင့်​ ​နောက်​ဆုတ်​သင့်​ပြီ​လေ မဟုတ်​ဘူးလား"
"မင်းမသိဘူးလား ​မောင်​ကတို့ကိုပဲချစ်​တာ"
"အဲ့တာ အတိတ်​မှာ​တော့ ဟုတ်​ချင်​ဟုတ်​မှာ​တော့ ခုလက်​ရှိမှာ​တော့ ဦးသြကို ငမ်းငမ်းမရလိုချင်​​နေတာ မမ​ကြွေပဲ​လေ"
"မင်း!!!!!!"
ကြွေ ​ခြွေ့စကား​ကြောင့်​စိတ်​တိုသွားရင်း
"ဘာလဲ အရှိုက်​တည့်​တည့်​ထိသွားလို့လား"
ခြွေ လက်​​လေးပိုက်​ကာ ရွဲ့​စောင်း​ပြောလိုက်​သည်
ကြွေ ​ခြွေ့အားကြည့်​ကာ မဲ့ပြုံး​လေးတစ်​ချက်​ပြုံးကာ
"အဟွန့်​ မင်းကအ​ပြော​တော့မဆိုးဘူးပဲ မင်း​ပြောသလိုဆို ​မောင်​က မင်းကိုချစ်​တယ်​​ပေါ့"
ကြွေ့စကားမှာ ခနဲ့တဲ့တဲ့စကားများပါ​နေတယ်​​လေ
သူ​ပြောတာမမှား ခုချိန်​ထိ ​ခြွေ့အားဦးသြ ချစ်​တယ်​မ​ပြောဖူး​သေး
မ​ပြောဖူးဘူးဆိုတာထက်​ မချစ်​တာဆိုပိုမှန်​လိမ့်​မယ်
သို့​ပေမယ့်​ ​ခြွေ အရှုံးမ​ပေးနိုင်
ကြွေ့စကားအား ဘာမှမဖြစ်​သလို​လေးသာ ပြုံး​နေရင်း
"ဦးသြအပြုအမူ​တွေကို ကြည့်​တာနဲ့ ​ခြွေ့ကိုချစ်​လားမချစ်​လားသိနိုင်​တယ်​​လေ ပြီး​တော့ ​ခြွေက သးကိုယ်​တိုင်​ လိုလိုလားလားနဲ့ လက်​ထပ်​ထားတဲ့ မိန်းမပဲ​လေ"
"မညာပါနဲ့ တို့သိပါတယ်​ ခုချိန်​ထိ ​မောင်​ကမင်းကို ချစ်​တယ်​လို့မ​ပြောဖူးဘူးမလား အဟွန့်​ မင်းကိုလက်​ထပ်​ရတယ်​ဆိုတာလဲ အ​ခြေအ​နေတစ်​ခုခု​ကြောင့်​​လေ"
ခြွေ့ကို ချစ်​တယ်​လို့မ​ပြောတာ သူဘာလို့သိ​နေတာလဲ
ဦးသြက သူ့ကိုအကုန်​​ပြောပြထားတာလား
ခြွေ ​မေးခွန်း​ပေါင်းများစွာဖြင့်
မျက်​နှာ ပျက်​ယွင်းသွား​သော​ခြွေ့အား ​ကြွေကဆက်​ကာ
"မင်းသိလား ​မောင်​နဲ့တို့ရဲ့ဆက်​ဆံ​ရေးက မင်းထင်​တာထက်​နက်​ရှိုင်း​တယ်ကွ ​ပြောရမယ်​ဆို ​မောင်​နဲ့တို့နဲ့က ချစ်​သူအဆင့်​ထက်​ပိုခဲ့ကြတယ်​"

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋Where stories live. Discover now