Episode 💘18💘

1.1K 56 0
                                    

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋

Episode 💘18💘

"ဒါဆိုဘာလို့ ​ကြွေ့ကိုဂရုစိုက်​​ပေးခဲ့​သေးလဲ ​ကြွေ့အ​ပေါ်ဘာလို့​ကောင်း​ပေးခဲ့တာလဲ ဘာလို့​ကြွေဖွင့်​​ပြောတုန်းက မငြင်းခဲ့ရတာလဲ"
"ကိုယ်​​တောင်းပန်​ပါတယ်​ကိုယ့်​အမှားပါ"
သြ ​တောင်းပန်​စကား​ကြောင့်​ ​ကြွေငို​နေသည့်​ကြားက ရီလိုက်​ကာ
"အဟွန့်​ ​မောင်​အရမ်းရက်​စက်​တယ်​ ​ကြွေ့အချစ်​​တွေကို ကစားခဲ့တယ်​အစက​နေ ခုချိန်​ထိ ​မောင်​​ကြွေ့ကို မချစ်​ခဲ့ဘူးမလား.ဟင်​"
သြ ဘာမှမ​ဖြေပဲ ​ခေါင်းသာငုံ့​နေရင်း
သြ ​ကြွေ့ကို ဘာ​မျှောလင့်​ချက်​မှမ​ပေးချင်​​တော့
သြ ​ကြွေ့ကို တခြားလူ​တွေထက်​ ပိုဂရုစိုက်​ခြင်းမှာ ကိုယ့်​နိုင်​ငံသူဖြစ်​တာရယ်
သူမရဲ့ အတိတ်​ကအ​ကြောင်း​တွေကို သိကာ ပိုဂရုဏာသက်​ခဲ့ရတယ်​​လေ
တဖြည်းဖြည်းနဲ့ သူမဘက်​က ခံစားချက်​​တွေပိုလာကာ
သြ သူမအားထပ်​မနာကျင်​​စေချင်​​တာ​ကြောင့်​ လက်​ခံခဲ့ခြင်းပင်
အဲ့အမှားက ​​ကြွေ့ကို ပိုပြီး​မျှော်​လင့်​ချက်​​တွေ ထား​စေခဲ့မိတယ်​​လေ
သြ အဲ့အတွက်​​နောင်​တရ​နေပြီ​လေ
မျက်​လုံးစုံမှိတ်​ပြီး​တော့ အဲ့အမှားကိုဆက်​မကျူးလွန်​ချင်​​တော့
သြရင်​ထဲမှာ နှလုံးသားဘုရင်​မ​လေး ရှိနှင့်​​နေခဲ့ပြီးပြီ​လေ
သူမ​လေးက လွဲပြီး ဘယ်​မိန်းက​လေးနဲ့မှ သြတစ်​ဘဝလုံးအတူတူရှိဖို့စိတ်​ကူးမရှိ

တိတ်​ဆိတ်​ခြင်းက.ဝန်​ခံခြင်းကဲ့သို့
"တကယ်​မှန်​​နေတာပဲ"
"ကိုယ်​​တောင်းပန်​ပါတယ်"
ကြွေ သြရဲ့လက်​အားဆုပ်​ကိုင်​လိုက်​ရင်း
"​မောင်​ ​ကြွေလက်​ခံ​ပေးနိုင်​တယ်​ ​မောင်​အရင်​ချိန်​က ​ကြွေ့ကိုမချစ်​ခဲ့ရင်​​တော့ ​ကြွေနားလည်​​ပေးနိုင်​တယ်​ ​နောင်​တစ်​ချိန်​မှာ ​မောင်​​ကြွေ့ကိုချစ်​လာလိမ့်မယ်​"
"ကိုယ်​​တောင်းပန်​ပါတယ်​ကိုယ့်​အမှားပါ ဒါ​ပေမယ့်​ ကိုယ့်​နှလုံးသားက သူမကလွဲပြီး​နောက်​တစ်​​ယောက်​ကို ချစ်​နိုင်​မှာ မဟုတ်​ဘူး ​နောက်​ဆုံးထွက်​သက်​ထိ ချစ်​သွားမယ့်​သူက သူမပဲ"
သြ စကားအဆုံး ​ကြွေ့လက်​ဝါးက သြပါးပြင်​​ပေါ်သို့
"ဖြန်း👋"
သြ မျက်​နှာလည်​ထွက်​သွားရင်း
"မင်း ကိုယ့်​ကိုရိုက်​ချင်​ရင်​ ထပ်​ရိုက်​လို့ရပါတယ်​ ကိုယ်​မင်းကိုနာကျင်​​စေမိခဲ့တဲ့ ကြိုက်​သ​လောက်​ရိုက်​နိုင်​ပါတယ်​"
ကြွေ သြရဲ့မျက်​နှာကို ရိုက်​ဖို့ လက်​​မြောက်​ပြီးမှ
ကြွေမရိုက်​ရက်​နိုင်​စွာ
ဒီလူသားကို ​ကြွေ အရမ်းချစ်​ရသည်​မလား
သူထိခိုက်​ရင်​ ရင်​ထဲက​နာကျင်​ရတာ ​ကြွေပဲမလား
"အဟင့်​"
ကြွေ ​ပြေးထွက်​သွားရင်း........

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋Where stories live. Discover now