🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘12💘
ခွန်း အိမ်ထဲဝင်ဝင်ချင်း မေမေနဲ့ စကားပြောနေသော ဏီ့အားတွေ့ကာ စိတ်ရှုပ်သွားရရင်း
ဏီ အပြင်ကပြန်လာသော ကိုကို့အား တွေ့လိုက်သောကြောင့် ပျော်သွားကာ
"ကိုကို"
"သား ပြန်လာပြီလား"
မေမေကမေးလိုက်သောကြောင့်
"ဟုတ်မေမေ"
"သား ညီမလေးရောက်နေတာကြာပြီ"
"ဟုတ်တယ်ကိုကိုရဲ့ အန်တီ့အတွက်မုန့်လာပေးလာတာလေ ကိုကိုပြန်ခဲ့ကာ နီးတော့.စောင့်နေလိုက်တာ"
"အင်း"
ခွန်း စိတ်မပါလက်မပါဆိုလိုက်၍
"သား ညီမလေးနဲ့ စကားပြောလိုက်ဦးလေ မေမေညစာအတွက် သွားပြင်လိုက်ဦးမယ်"ခွန်း မေမေဧည့်ခံခိုင်းသောကြောင့် ဏီနဲ့စကားခဏပြောနေရရင်း
"ကိုကို ဘယ်တွေသွားနေတာလဲ ဏိကိုကိုနဲ့ မတွေ့ရတာကြာပြီ"
"မင်းနဲ့ငါက တွေ့စရာဘာအကြောင်းရှိလို့လဲ"
"ကိုကိုကလဲ ခုထိစိမ်းကားတုန်းပဲ"
ပြောရင်း ဏီခွန်းနားကပ်ထိုင်လိုက်ရင်း
"မင်း!!!!"
"ကိုကို ဟိုမိန်းမအတွက်ခံစားနေတုန်းလား ခုလောက်ဆို အဲ့ကောင်မက ကိုကို့ကို သတိရနေတော့မှာ မဟုတ်ဘူး"
"မင်းအပူမပါဘူး"
"ကိုကိုလဲသိသားပဲ ဏီက ကိုကို့ကို ကျောင်းထဲက.သဘောကျလာတာ ပြီးတော့ အဲ့တောင်းဆုခြွေကဘယောက်ျားလေးတွေနဲ့ အီစီကလီလုပ်တဲ့နေရာအရမ်းတော်တယ်"
ဘရဏီစကားကြောင့် ခွန်းစိတ်တိုကာ
"ဒီမှာ ဘရဏီ မင်းသူတစ်ပါးကို.ဒီိလိုမပြောသင့်ဘူး"
"ဘာလဲ ကိုကိုကသူ့ကိုထိလို့ နာနေတာလား"
"ဟုတ်တယ် သူမက.ဘာကြီးပဲဖြစ်နေနေ သူမတစ်ယောက်ထဲကိုပဲ ငါချစ်တယ် မင်းကိုလဲ ငါစိတ်ဝင်စားလာမှာမဟုတ်ဘူး"
"ကိုကို့"
"မင်းပြောစရာမရှိရင် ပြန်လို့ရပြီ"
ဏီ ခွန်းစကားအဆုံး စိတ်ဆိုးကာ ထပြန်သွား၍ညနေ ထမင်းစားဝိုင်းတွင်
"သား"
"ဗျာ"
"သမီးဏီလေးက ထမင်းတောင်မစားသွားဘူး သားနဲ့များပြသနာဖြစ်လို့လားကွယ်"
"မဟုတ်ပါဘူး"
"သမီးဘရဏီလာတာလား"
ဖေဖေကမေးလိုက်လျှင်
"ဟုတ်တယ် သားနဲ့စကားခဏပြောပြီး ပြန်သွားတာ"
မေမေ့အဖြေကိုဖေဖေက ခေါင်းညိမ့်ကာ နားထောင်ပြီး
"သား သားရဲ့အသက်ကလဲမငယ်တော့ဘူး သမီးဏီလေးဆို မဆိုးဘူး"
"ကျွန်တော်လက်မထပ်ချင်ဘူး ဖေဖေ"
ဦးသြဇာ သက်ပြင်းတစ်ချက်ချကာ
"သား"
".............."
"မဖြစ်နိုင်တာတွေကို ဆက်မတွေးပါနဲ့တော့ တောင်းဆုခြွေက ခုချိန်မှာ မင်းမရီးဖြစ်နေပြီလေ လက်လျှော့လိုက်ပါတော့"
ခွန်း ဖေဖေ့စကားကြောင့် ဇွန်းနဲ့ ခက်ရင်းကိုချကာ
"ကျွန်တော်ဝပြီ ခွင့်ပြုပါဦး "
ဦးသြဇာနဲ့ ဒေါ်မွန်းမှာတော့ သားဖြစ်သူ ကျောပြင်အားကြည့်ကာ သက်ပြင်းချရင်း