🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘6💘
ခြွေ သူ့ရဲ့ နောက်ကနေ တိတ်တိတ်လေး လာကာ သူသတိမေ့သွားအောင်သူ့ဂုတ်ကို လက်ဇောင်းဖြင့် ရိုက်လိုက်သော်ငြား
"အာ့"
သြသူ့ရဲ့ဂုတ်အား.ရိုက်ခံရခြင်းကြောင့် သြနာသွားကာ အသံပင်ထွက်သွားလျက်
သြ စိတ်တိုစွာ နောက်သို့လှည့်ကြည့်လိုက်လျှင်ပဲ
"ထပ်ပြီး မင်းပဲလား"
ခြွေ သူ့အား သတိမေ့စေရန် ရိုက်လိုက်သော်လည်း
သူကသတိမမေ့တဲ့အပြင် ခြွေ့ဘက်ကို လှည့်ကာ မေးလာသောကြောင့်
ခြွေ ကြောင်တောင်တောင်ဖြစ်သွားကာ ဘာလုပ်ရမယ်မသိ ဖြစ်နေစဉ်
သူကဆက်၍
"မင်း ဒါဘာလုပ်...!!!"
သြ စကားမဆုံးလိုက် သြမျက်နှာအား sprayတစ်ခုနဲ့ ဖျန်းခြင်းခံလိုက်ရ၍ နှာခေါင်းထဲသို့ တိုးဝင်လာသော ပြင်းရှရှ အနံ့နှင့်အတူ သြလောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားရင်းခြွေ ကြောင်တောင်တောင် ဖြစ်နေတုန်း စံက sprayဘူးဖြင့် ဖျန်းလိုက်သောကြောင့် သူလဲကျသွားသဖြင့် ခြွေ စိတ်ပူစွာ
"ဟယ် စံသူဘာဖြစ်သွားတာလဲ"
"ဘာမှမဖြစ်ဘူး ခြွေရဲ့ ဒါမေ့ဆေးတွေ"
စံဖြေလိုက်တော့ ခြွေက စိုးရိမ်စွာပင်
"သူ...သူသတိရလာမှာပါနော်"
"ရ..ရမှာပါ"
"ခြွေနဲ့စံရယ် နင်တို့လုပ်တာ ငါတော့ကြောက်နေပြီ မြန်မြန်ထွက်ပြေးရအောင်"
စင်က ကြောက်လန့်တကြားပြောလိုက်၍
"အာ မပြေးပါဘူး ငါ့အစီအစဉ်ကို အကောင်အထည် ဖော်ရမယ်"
"ခြွေရယ် နင်လုပ်ချင်တာကအဆန်း လုပ်ရင်က တလွဲ တော်သေးပါရဲ့ ငါလိုလိုမယ်မယ်ယူလာလို့အေ"
"ခြွေ ရပ်လိုက်တာကောင်းမယ်ထင်တယ် သူနိုးလာလို့ ငါတို့ထောင်ထဲရောက်နေမှ...ငါနင့်ကိုကူညီမယ်လို့ ကတိပေးခဲ့တာမှားပါတယ် နင်သူ့ကိုဒီလိုလုပ်မယ်မှန်းသိရင် ငါ...ကြောက်တယ်"
စင်က ကြောက်လန့်နေပုံပေါ်လျက်
"မရဘူး ငါ ကိုမိန့်ခွန်းကို လက်မထပ်နိုင်ဘူး လူကြီးကိုပဲ ပိုင်ဆိုင်ချင်တယ်"
"စင်ရယ် ငါတို့ခုမှနောက်ဆုတ်လို့လဲမရဘူး အဆုံးထိကူညီလိုက်ကြတာပေါ့"
"စံ သူ့ကို ကားပေါ်တင်ပေးပါဦး"