🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘14💘
ခြွေ အိမ်ပြန်ရောက်တော့ ဦးသြကားအားမြင်သဖြင့်
"ဟင် ဦးသြ.ပြန်လာပြီလား မသိဘူး ငါတော့အဆူခံရတော့မယ်ထင်တယ်"
ခြွေ ပွစိပွစိပြောရင်း အိမ်ပေါ်သို့တက်သွားရင်း
အခန်းထဲတွင်
ရေချိုးခန်းထဲက ရေသံများကြားသဖြင့်
"ဦးသြ ရေချိုးနေတာထင်တယ်"
ခြွေ ဘီရိုထဲသို့ ခွန်းပေးသော အိတ်လေးအား ထည့်သိမ်းရင်း
ခြွေကဘာရယ်မဟုတ် နောက်တစ်ခါတွေ့ရင် ခွန်းအားပြန်ပေးဖို့ပင်
ခြွေသိမ်းပြီးနောက်ပြန်အလှည့် ခြွေ အဝတ်မပါသော ရင်ခွင်ကျယ်ကြီးဖြင့် တိုက်မိလိုက်ရင်း
"ဟင်😳"
ခြွေ အရပ်က.ရင်ဘတ်လောက်သာရှိသဖြင့် ခြွေ သူ့အားမော့ကြည့်ရင်း
ဦးသြမျက်နှာက ဘာကိုအလိုမကျနေသည်မသိ မျက်ခုံးများတွန့်ချိုးနေရင်း
"မင်းဘာလုပ်နေတာလဲ"
ဦးသြရဲ့ အောရှရှအသံက.ခြွေနားထဲဝင်လာရင်း
ခြွေဘယ်လိုဖြေရမယ်မသိ
ပုံမန်ထက်တင်းမာနေသော ဦးသြမျက်နှာကြောင့်ရယ် လေသံကမာနေတာကြောင့်ရယ်က ခြွေ့အားပိုကြောက်လန့်စေလျက်"ဟို..ဟိုလေ ခြွေ...ခြွေ ပစ္စည်းသိမ်းတာပါ"
ခြွေ လိမ်လိုက်သည်လေ
ဘာလို့ဆို အဲ့အိတ်မိန့်ခွန်းပေးတာသိရင် မိုးမီးလောင်ရချည်ရဲ့
ခြွေ ပုံမှန်ဆို ဦးသြကိုမကြောက်ပေမယ့် ဦးသြခပ်တည်တည်နေချိန်ဆို နည်းနည်းတော့ကြောက်တယ်လေ
"ဘာပစ္စည်းလဲ"
သြ ထပ်မေးလိုက်ရင်း
"ဟို...ဟိုလက်ဝတ်ရတနာတွေပါ"
"လက်..ဝတ်ရတနာ...အဟက် ဟုတ်လား"
သြ ဒေါသထွက်သွားသဖြင့် ဟားတိုက်ရီမောလိုက်ရင်း
သူမလေးဝင်လာပြီး ဟိုကောင်မိန့်ခွန်းပေးတဲ့ အိတ်ကို သေချာသိမ်းနေသည်ကို သူမြင်တယ်လေ
ဒါကိုပင် မျက်နှာငယ်လေးဖြင့် လိမ်နေသော ကောင်မလေးအား သြ ပို၍ စိတ်တိုစွာ
"ရှေ့ကဖယ်"
"ဟမ်"
ခြွေ မထင်မှတ်စွာ ကြားလိုက်ရသော စကားကြောင့် ပို၍ ထိတ်လန့်သွားလျက်
"ဦးသြ..ဘာ..ဘာလို့ "
ခြွေ စကားတွေပင် ထစ်နေရင်း