🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘45💘
ခြွေ ငိုကာ ပြန်လာမိသည်က ဦးသြများရှိနေမလားဆိုသည့်အတွေးဖြင့် အိမ်လေးသို့
"အဟင့် ဦးသြ"
ခြွေအိမ်ထဲတွင် ဦးသြအားလှည့်ပတ်ကာ ရှာကြည့်သော်လည်းမတွေ့
"ဟင့် ဦးသြ ခြွေ့ကိုထားမသွားပါနဲ့"
ခြွေ လက်ထဲက phအားထပ်ခါထပ်ခါဆက်ကြည့်သော်လည်း ဦးသြphအားဆက်သွယ်၍ မရ
"Phကိုင်ပါဦးသြရယ်"
ခြွေ ငိုကာ ဦးသြပြန်အလာကိုစောင့်နေခဲ့ပေမယ့် အချိန်တွေသာ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်
ခြွေမျှော်နေတဲ့ဦးသြတော့ ပြန်မလာခဲ့
ခြွေ ဘာလုပ်လို့လုပ်ကိုင်ရမှန်းမသိ ဖြစ်နေစဉ်
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
မြည်လာသောphလေးအား ဦးသြအမှတ်ဖြင့် ဆတ်ခနဲကောက်ကိုင်လိုက်ကာ
"ဟဲလို ဦးသြလား ဟင့် ဦးသြဘာလို့မပြန်ခဲ့သေးတာလဲ ဟင့်ဟီး ခြွေ့ကိုထားမသွားပါနဲ့"
"ခြွေလေး..."
ခြွေph noအားမကြည့်ပဲ ဦးသြအမှတ်ဖြင့်ပြောကာ ငိုလိုက်သည်
"သမီး ခြွေလေး"
တဖက်က မေမေလေးခြွေ့အားစိုးရိမ်တကြီးခေါ်နေလျက်
ခြွေ အားကိုးရာတွေ့သွားဟန်ဖြင့်
"အဟင့် မေမေလေး ဦး...ဦးသြလေ"
"မောင်သြနဲ့ ဘာဖြစ်ကြတာလဲကွယ် ပြောပါဦး ခြွေလေးရယ် စိတ်ပူလိုက်တာ"
"ဟင့် ဟီး အီး ဦးသြခြွေ့ကိုမုန်းသွားပြီထင်တယ် ခြွေ...ခြွေ့ဆီ သူပြန်မလာတော့ဘူး ဟီးအီး"
"ဘုရား..ဘုရား မောင်သြနဲ့ ရန်ဖြစ်ထားတာလား"
"ဟင့် ခြွေ ဘာလုပ်ရမယ်မသိတော့ဘူး ခြွေမသိတော့ဘူး"
"ခြွေလေး ဘယ်မှာလဲ ပြော မေမေလေးလာခေါ်မယ်"
"ဟီး အီး ခြွေ အိမ်မှာ"
"စိတ်လျော့ပြီး ခဏစောင့်နေနော် မေမေလေးလာခဲ့မယ်"❀◕ ‿ ◕❀❀◕ ‿ ◕❀❀◕ ‿ ◕❀❀◕ ‿ ◕❀❀◕ ‿ ◕❀
ညနေ ခွန်းအိမ်ပြန်လာတော့ ထုံးစံအတိုင် အိမ်ပေါက်ဝမှာ ရပ်ကာစောင့်နေသော ဏီ
ကိုကို့ကာ မြင်သည်နှင့် ဏီ့မျက်နှာ ဝင်းပသွားသည်က ကိုကိုစောပြန်လာ၍ပင်
"ကိုကို ပြန်လာ!!!!ဟယ် ကိုကိုမျက်နှာက ဘာဖြစ်လာတာလဲ"
ဏီ ကိုကို့အားပြုံးရွှင်စွာ ကြိုလိုက်ပေမယ့် ကိုကို့မျက်နှာထက်က ဒဏ်ရာဒဏ်ချက်များကြောင့် တအံ့တသြမေးလိုက်သော်
"ဒီလိုပါပဲ"
ကိုကိုက ခပ်အေးအေးသာဆိုလိုက်ရင်း အိမ်ထဲသို့ ဝင်သွားလိုက်သည်
"ကိုကို ဘယ်သူနဲ့ ရန်ဖြစ်လာတာလဲ"
ကိုကို့နောက်ကနေဘတပ်ကြပ်မခွာ လိုက်လာကာ မေးနေပေမယ့် ကိုကိုကတော့ ဏီ့အားရှိလို့ ရှိတယ်ပင်ထင်ပုံမရ
"ကိုကို.ဘယ်သူနဲ့ဘာဖြစ်လာတာလဲဟင်"