Episode 💘31💘

1.1K 50 0
                                    

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋

Episode 💘31💘

"ဟာ့ဦးသြ​ခြွေ့ကိုလာမထိနဲ့အဲ့မ​ကောင်းတဲ့အရာ​တွေအရင်​သန့်​ရှင်းသင့်​တယ်​အာ့မပြီးမချင်း​ခြွေ့ကိုလုံးဝလာမထိနဲ့"
ခြွေ​ပြောလိုက်​​သော်​လည်း မလွတ်​ပဲပို၍တိုးကာပင်​ ဖက်​လိုက်​​သော သြ
သူမရဲ့ အဝတ်​ဖုံးအုပ်​ထားခြင်းမရှိ​သော လည်​တိုင်​​လေးအား သြ နှုတ်​ခမ်း​နွေး​နွေး​လေးဖြင့်​ ထိကပ်​နမ်းရှု​က်​​နေသည်
"ဦးသြ ​ခြွေ့ကိုလွတ်​​နော်​"
"မလွတ်​ဘူး"
"ဟာ ဦးသြ လွတ်​လို့ အဲ့မသန့်​ရှင်းတဲ့လက်​​တွေနဲ့ လာမထိနဲ့ ​ခြွေမကြိုက်​ဘူး"
သူမ​လေး အဖြစ်​သည်း​နေပုံ​ကြောင့်​ သြပိုစချင်​သွားကာ
"​ရေနဲ့​ဆေးရုံနဲ့​တော့ မ​ပြောင်​​လောက်​ဘူး​နော်​ ဒီလိုလုပ်​​လေ မင်းရဲ့အနမ်း​တွေနဲ့ သန့်​ရှင်း​ပေးပါ့"
"ထွီ ရွံလိုက်​တာ အဲ့မှာလဲ​သေ​နေလိုက်​"
"မ​သေချင်​ပါဘူး ကိုယ်​​သေရင်​ မင်းမုဆိုးမဖြစ်​သွားမှာ​ပေါ့"
"အမ​လေး ပူမ​နေနဲ့ ​ခြွေတို့က​လေ ​ဟောတစ်​​ယောက်​ ​ဟောတစ်​​ယောက်​နဲ့ ဝိုင်းဝိုင်းလည်​​နေတာ ​ရွေးရတာ​တောင်​ ခက်​​နေဦးမယ်​"
ခြွေ့စကား​ကြောင့်​ သြ မျက်နှ်ာကြီးစူပုတ်​သွားသည်
"မင်း​နော်​"
"ဘာလဲ..ဘာလဲ"
"အဲ့လိုမ​ပြောနဲ့ကိုယ်​မကြိုက်​ဘူး"
"​ပြောမှာပဲ ​ခြွေစကား​လေးနဲ့​ပြောတာကိုကျ မကြိုက်​ဘူး ဦးသြကြီးကျ​ရော ဖက်​လိုက်​နမ်းလိုက်​နဲ့ ​တော်​​တော်​တရားကျဖို့ ​ကောင်းတာပဲ ဟွန့်​"
သြ သူမရဲ့ခါး​သေး​သေး​လေးကို ပိုလို့ ဆွဲဖက်​လိုက်​ကာ
သူမပုခုံး​လေး​ပေါ်​မေး​လေးတင်​၍
"ကိုယ်​​တောင်းပန်ပါတယ်​ကွာ​နော်​"
ပြန်​စကားမ​ပြောလာ​သော သူမ​ကြောင့်​ စိတ်​​ကောက်​မ​ပြေ​သေးတာသိလိုက်​သည်
"ဒီတစ်​ခါ​နောက်​ဆုံးပဲ​လေကွာ​နော်​ ကိုယ့်​ခွင့်​လွတ်​​ပေးမယ်​မလား"
"မ​ပေးဘူး"
"ဘယ်​လိုလုပ်​မှ ခွင့်​လွတ်​​ပေးမှာလဲ"
သြ​မေးလိုက်​​တော့ ​ခြွေ ​မေး​လေးကို လက်​​လေးဖြင့်​ပွတ်​ကာ စဉ်းစားဟန်​ပြု​​နေလျက်
ခဏကြာ​တော့ အ​တွေး​ပေါ်သွားသည့်​ပုံဖြင့်
ုသြ ဘက်​ကိုလှည့်​လာကာ
"​ခြွေ့အိမ်​မှာပဲ​နေချင်​ဘူး ပျင်းတယ်​ အဲ့တာမို့ ဦးသြစိုက်​ခင်းသွားရင်​လိုက်​ခဲ့မယ်​ ဘယ်​လိုလဲ"
"မရဘူး စိုက်​ခင်းကတစ်​​နေရာတည်းမဟုတ်​ဘူး မင်းအရမ်းပင်​ပန်းလိမ့်​မယ်​"
"တစ်​ခါတစ်​​လေ​တော့​ခေါ်ပါ​နော်​"
"အင်း ပြီး​ရော အာ့ဆို စိတ်​​ကောက်​​ပြေပြီမလား"
"ခု​တော့ ​ပြေပြီ ဒါ​ပေမယ့်​..."
ခြွေ သြအားမျက်​​စောင်း​လေးထိုးကာ
"​နောက်​တစ်​ခါဆို ဦးသြနဲ့​ခြွေနဲ့အပြတ်​ပဲ"
"ဟုတ်​ကဲ့"
"ပြီး​ရော"

🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်​ပြာ🦋🦋Où les histoires vivent. Découvrez maintenant