🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘42💘
ကြွေ အခန်းထဲကနေ အပြင်ထွက်ဖို့ တံခါးဖွင့်လ်ုက်ချိန်
အခန်းတံခါးရှေ့ရပ်နေသော အစောင့်နှစ်ဦးက
"ဘယ်သွားမလို့ပါလဲ"
"ခြံထဲခဏသွားမလို့"
ကြွေ အခန်းထဲတစ်နေကုန်နေရသည်
ခေတ်ပြန်လာရင် ခေတ်နဲ့ အတူတူထမင်းစားပေးရတယ်
ခေတ်အပြင်သွားချိန်တွေမှာ အခန်းထဲမှာ ပဲနေရသည်မလား
ကြွေ့ရဲ့ဘဝက လှောင်အိမ်ထဲက ငှက်တစ်ကောင်အလား.....
ခုလဲ ကြွေ စိတ်ပြေလက်ပျောက် ခြံထဲဆင်းတေယ့ တပ်ကြပ်မကွာလိုက်နေကြသော bodyguard နှစ်ဦးကြောင့် ခြွေစိတ်ရှုပ်စွာ
"ရှင်တို့ ဘာလို့ကျွန်မနောက်လိုက်နေကြတာလဲ"
"ခေါင်းဆောင်ရဲ့ အမိန့်အရပါ"
"ကျွန်မကအပြစ်သားမဟုတ်ဘူး"
"ဘာတွေစိတ်မလိုမကျဖြစ်နေရတညလဲ ကိုယ့်ဇနီးလေး"
ခေတ် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ကြွေ့ဆီသို့ ခပ်တည်တည်လျှောက်လာရင်း
ကြွေ့အနောက်က တပည့်များအား ထွက်သွားရန်အမူအယာပြလျက်
"ခေတ် ရှင်ကျွန်မကိုလှောင်အိမ်ထဲက ငှင်တစ်ကောင်လိုမှတ်နေတာလား"
"အဟွန့်"
ခေတ် ကြွေ့ပုခုံးလေးအားဖက်လိုက်ကာ
"ကိုယ်က မင်းကိုစိတ်မချလို့ပါ ဘာလို့ဆို မင်းက ကိုယ့်ဆီက အချိန်တိုင်းထွက်ပြေးချင်နေတာမလား"
"ရှင်ကရော မနေချင်တဲ့သူကို ဘဘာလို့အတင်းဆွဲခေါ်ထားချင်တာလဲ"
"ချစ်လို့"
"ချစ်တာမဟုတ်ဘူးရှင်အတ္တကြီးနေတာ"
"အဲ့အတ္တကလဲ မင်းကိုချစ်လို့ ဖြစ်လာတဲ့ ချစ်အတ္တပဲလေ"
"ခေတ် ကျွန်မတောင်းပန်ပါတယ် ကျွန်မကိုလွတ်မြောက်ခွင့်ပေးပါ"
"ဘာလဲ သြဝါဒဆီပြန်သွားချင်နေတာလား အဟက်"
"........."
ခေတ် phထဲက ပုံများ ကြွေ့အားပြလိုက်ကာ
"ဘယ်လိုလဲ မင်းအချစ်ဟောင်းကြီးက ပျော်ရွှင်နေပြီ မင်းဆိုတာကို စိတ်ထဲမှာရှိတော့မှာမဟုတ်ဘူး"
ခေတ်ပြလာသော ပုံများမှာ ခြွေနဲ့ မောင်တို့နဲ့ ပျော်ရွှင်စရာပုံရိပ်များ
ကြွေစိတ်ထဲ မခံချင်ဖြစ်သွားပေမယ့် အရင်လိုမနာကျင်တော့
ကြွေ့မောင့်ကိုစွန့်လွတ်နိုင်သွားတာလား💭💭