🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
ဇာတ်သိမ်းပိုင်း
ပထမပိုင်း
ခြွေ အိပ်ယာကထထခြင်း ရှာလိုက်မိသည်က ဦးသြကိုပင်
"ဦးသြ"
ဦးသြ ရေချိုးခန်းထဲမှာလားဟုတွေးကာ.ရေချိုးခန်းထဲ ရှာသော်လည်း မရှိ
"ဟင့် ဦးသြကဘယ်သွားလိုက်တာလဲ"
ခြွေဘအခန်းထဲယောင်ချာချာဖြစ်နေစဉ် စားပွဲပေါ်မှာတင်ထားသော စာရွက်လေး
ခြွေ ယူကာကြည့်လိုက်သော် ဦးသြရဲ့ လက်ရေးများဖြင့် ရေးထားသော စာများ
📝📝📝
ဘေဘီ ကိုယ်အရေးတကြီးကိစ္စလေးရှိလို့ အပြင်ခဏသွားတယ်
ကိုယ်မြန်မြန်ပြန်ခဲ့မယ်နော်
ခဏနေ ခန့်ညားရောက်လာလိမ့်မယ်
လျှောက်မသွားနဲ့နော်
ကိုယ်စိတ်ပူတယ်
📝📝📝
ခြွေ စာအားဖတ်အာ နှာခေါင်းလေးအားရှုံ့ရင်း
"စိတ်ပူတယ်လည်းပြောသေးတယ် တစ်ယောက်ထဲလဲထားခဲ့သေးတယ် ဟွန့် နေပါဦး ပြန်လာမှ ကောင်းကောင်းကြီးစိတ်ကောက်ပစ်မယ်"
ခြွေ တစ်ယောက်ထဲရေရွတ်နေခဲ့ရင်း
မပူသေးသော ဗိုက်ချပ်ချပ်လေးအားအုပ်ကိုင်လိုက်ကာ
"ဘေဘီပိစိလေးရေ ဦးသြကြီးကတော့ လိမ်သွားပြီ ပြန်လာမှစိတ်ကောက်ကြတာပေါ့ အဟင်း"
ခြွေပြောနေရင်း
"တီးတောင်...တီးတောင်🔔"
အိမ်ရှေ့Bellတီးသံကြောင့်
အကိုခန့်ညားဟု ထင်မှတ်ကာ တံခါးသွားဖွင့်ပေးရန် အောက်သို့ဆင်းခဲ့သည်
သို့ပေမယ့် ခြွေတံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသော လင်းခေတ်ကြောင့် ခြွေခြေလှမ်းတွေ နောက်သို့ ဆုတ်မိလျက်သား
"ရှင်...ဒီကို ဘယ်လိုလုပ်"
ခြွေ့ ဦးနှောက်ထဲ အချက်ပေးသံများထွက်ပေါ်လာကာ
တံခါးအားမြန်ဆန်စွာ ပိတ်လိုက်ပေမယ့် လင်းလေတ်ကဦးစွာ တံခါးအားဆွဲထားလိုက်သည်
ခြွေ တံခါးပိတ်ရန် ကြိုးစားသော်လည်း.လင်းခေတ်ရဲ့အားနှင့်မမျှသောကြောင့် အချည်းနှီးး
"ဖြည်းဖြည်းပေါ့"
ခေတ် ခြွေတို့အိမ်ထဲသို့ဝင်ခဲ့တော့ တောင်းဆုခြွေ ပုံစံက အရမ်းကြောက်နေသည့်ပုံဖြင့် မျက်နှာလဲ ဖြူဖတ်ဖြူလျော်ဖြစ်နေလျက်
သို့ပေမယ့် ခေတ်မသနားမိ
မင်းက သြဝါဒရဲ့ အသည်းနှလုံးဆိုတော့ စိတ်မကောင်းပါဘူးကွာ
ခြွေ ရှေ့သို့တိုးလာသော ခေတ်ကြောင့် ခြွေ ဘာလုပ်ရမယ်မသိဖြစ်နေလျက်
အိမ်ထဲကိုသာ ဝေ့ဝိုက်ကြည့်ကာ ထွက်ပြေးလို့ရမယ့် လမ်းအားရှာနေလျက်
"ရှင် ကျွန်မနားမကပ်နဲ့"
"ဖြည်းဖြည်းပေါ့"
ခြွေ လင်းခေတ်အား တွန်းအား အပြင်သို့ပြေးထွက်သို့ပြင်လိုက်လျှင်ပဲ ခြွေ့အားဦးစွာ ဆွဲဖမ်းလိုက်သောခေတ်
"မင်းအသားမနာချင်ရင် ငြိမ်ငြိမ်လေးနေ"
ခြွေ ခေတ်လက်ထဲကနေ
"ကယ်ကြပါဦး ဟင့် ဦးသြ"
ခြွေ့နှုတ်ဖျားမှ အားကိုးတကြီးခေါ်လိုက်မိသော်
ခေတ်ရီသံအကျယ်ကြီးကိုကြားလိုက်ရသည်
"ဟားဟားဟား...မင်းခေါ်နေလဲအလကားပဲ သူမင်းကိုလာကယ်နိုင်မှာမဟုတ်ဘူး"
"......."
"ခု သူ့ညီမိန့်ခွန်းဆေးရုံရောက်နေပြီလေ သေမလိုရှင်မလိုဖြစ်နေပြီ"
"ရှင် လိမ်နေတာ"
"ယုံတာမယုံတာမင်းအပိုင်း"
"ရှင် ဝဋ်လည်မှာမကြောက်ဖူးလား"
ခြွေ့အမေးကို ဟားတိုက်ရီမောလိုက်သူ ခေတ်
"ဟားဟားဟား ဝဋ် ဟုတ်လား လည်ပါစေ အဲ့ဝဋ်ထက်နာကျင်တဲ့ အရာတွေ ငါခံစားခဲ့ရပြီးပြီ ကျန်တာငါ့အတွက်ပမွှားပဲ"
ခြွေ ခေတ်လက်ထဲမိ၍မဖြစ် အဲ့ကျဦးသြနဲ့ ခြွေဝေးရလိမ့်မယ်
ခြွေ ဦးသြအားတွေးမိကာ
ခြွေထွက်ပြေးရန် ခြွေ ခေတ်လက်အားကုန်းကိုက်လိုက်သည်
"အာ့.မင်း"
ခြွေ ခေတ်နဲ့လွတ်ရာကို အမြန်ဆုံးပြေးခဲ့ပေမယ့်
ခြွေလဲမှာပူသဖြင့် သတိထားပြေးနေရတာကြောင့် ထင်သလောက်ခရီးမတွင်
ခေတ် အချိန်သိပ်မကြာလိုက် ခြွေ့အားလိုက်မှီသွားကာ ခြွေ့ဂုတ်ပိုးအားရိုက်ထည့်လိုက်သည်
ခြွေ ဂုတ်ပိုးမှနာကျင်မှုနှင့်အတူ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားကာ ဘာတွေဖြစ်မှန်းမသိလိုက်တော့
"အဟွန့် မင်းက အသားနာချင်တော့လဲ ဘယ်တတ်နိုင်ပါ့မလဲ"