🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘15💘
Clubတစ်ခုရဲ့ ဝင်ပေါက်တွင်
"ဟဲ့ ခြွေရယ် ဖြစ်ပါ့မလား ငါတော့ကြောက်တယ်"
စင်က မီးရောင်စုံတွေ လူတွေအများးကြီးကို ကြည့်ကာ ခြွေ့လက်လေးအားဆွဲကာပြောလိုက်ခြင်းပင်
ခြွေက စင်ဘက်လှည့်လာကာ
"ဖြစ်ပါတယ် စင်ရယ် ငါအမြဲလာနေကြကို ပြီးတော့ ကိုသက်မင်းလဲ ပါတယ် စိတ်ချ"
ခြွေပြောလိုက်တော့ စင် သူတို့နောက်က လိုက်နေသော သူအားကြည့်လိုက်၍
"ဟဲ့ အဲ့တစ်ယောက်က အဆင်လေးနော်"
စံက ခြွေ့နားကပ်ကာပြောလိုက်သောကြောင့် ခြွေရီကာ
"အေးအဲ့တာဆို ဆွဲစိလိုက်"
"ခြွေနော် လာမစမ်းနဲ့ တကယ်လုပ်လိုက်မှာ"
"ဟားဟားဟား စင်ရယ်ပျော်ပျော်နေပါဟ"
ခြွေပြောလိုက်သော် စင်ပေါင်လယ်လောက်ရှိသော စကတ်အားဆွဲချနေရင်း
"ခြွေရယ် ငါတော့ဒီအဝတ်အစားတွေနဲ့ နေရတာ တစ်မျိုးပဲ မလုံသလိုပဲဟ"
စင်က ခါးထိရောက်နေသော ဆံပင်ရှည်နဲ့ ဂါဝန်အရှည်ကြီးတွေသာ အမြဲဝတ်လေ့ရှိတယ်လေ
ဒီနေ့တော့ ခြွေတို့ ကလပ်လာမယ်ဖြစ်သောကြောင့် ခြွေက စင်ရဲ့ ဆံနွယ်တွေကို အတွန့်လေးတွေကောက်ပေးခဲ့ကာ ခြွေ့ဝတ်စုံထဲက အမြင်သိပ်မရိုင်းသော ဝတ်စုံအား ဝတ်ပေးခဲ့ခြင်းပင်
"စင်ရယ် ဒီတစ်နေ့လေးပါဟာ ငါစိတ်တွေ အရမ်းညစ်နေတယ် နော်ပါ"
"အေးပါဟာ"
"အာ့ဆို Goမယ်"
ခြွေတို့Clubထဲ ဝင်သွားကာ အသားကုန်ကဲရင်း
ခြွေ ဝိုင်ပုလင်းလိုက်မော့ချကာ သောက်ပစ်ရင်း
"ဟဲ့ ခြွေ အရမ်းမသောက်နဲ့လေ"
စင်ကတော့ ခြွေ့အားတားနေရင်း
"No problems ဒီလောက်တော့ အေးဆေးပဲ နင်ရောသောက်ဦးမလား"
"အာ တော်ပါပြီဟာ"
"နင်ကလည်း.နည်းနည်းတော့သောက်ကြည့်ပေါ့ ရော့ဒီဟာ အပျော့စားလေး"
ခြွေ ကမ်းပေးလာသော ခွက်လေးအား စင်တစ်ငုံသောက်ကြည့်ရင်း
"ဘယ်လိုလဲ"
"အင်း မဆိုးပါဘူး"
"လာဟာ သွားကရအောင်"
"တော်ပါပြီခြွေရယ် ဒါနဲ့စံရော"
"အဲ့ဟာမက ကိုသက်မင်းကို အပိုင်ကြံနေတယ် လာပါဟာ ပြောနေကြာတယ်"
စင်မှာတော့ ခြွေဆွဲခေါ်ရာနောက်သို့
စင် ခြွေသွားချင်တယ်ဆိုသောကြောင့်သာ လိုက်ခဲ့ရတယ်လေ
ဒီလိုနေရာမျိုးတစ်ခါမှ မရောက်ဖူးခဲ့
ခြွေကတော့ ကလိုက်ခုန်လိုက် ပြီးတော့ ဝိုင်းတွေတစ်ပုလင်းပြီးတစ်ပုလင်းသောက်နေရင်း
💭ဟွန့် ကြည့်နေ ဦးသြ ခြွေ ခင်ဗျားကြီးကို မလွမ်းမိအောင်နေပြမယ်💭