Episode 💘2💘
"အော်သားရယ် အဲ့ပွဲတွေက မေမေနဲ့ မတန်ပါဘူး"
မေမေ့စကားကြောင့် ခွန်းဝမ်းနည်းသွားစွာ
တကယ်ဆို မေမေက အဖေ့အိမ်က အစေခံလေ
ဖေဖေနဲ့ မှားကာ ကျွန်တော့်ကိုရခဲ့ခြင်းပင်
သို့ပေမယ့် ဖေဖေက ကျွန်တော့်အကြောင်းကို မသိခဲ့ပါဘူး
ဘာလို့ဆို မေမေက ရွာကအဖွားဆီမှာ ထားခဲ့တယ်လေ
အဖွားဆုံးတော့ အဒေါ်တွေက မေမေ့ဆီပြန်ပို့တော့မှ ဖေဖေနဲ့ တွေ့ခွင့်ရခဲ့တယ်
ဖေဖေ့ရဲ့ အရင်မိန်းမဆုံးပြီးမှ ဖေဖေနဲ့တရားဝင်လက်ထပ်ရတယ်လေ
ဖေဖေနဲ့မေမေလက်ထပ်တော့ ကျွန်တော်ကကေ ၁၁နှစ်ပင်ရှိသေးတယ်လေ
"သား မင်းအကိုနဲ့ရောတွေ့မိသေးလား"
ဖေဖေမေးလိုက်လျှင်
"မတွေ့ဖြစ်ပါဘူးဖေဖေ""သားသြလေးလဲ အိမ်ကိုမလာတာကြာပြီနော်"
မေမေကဝမ်းနည်းစွာဆိုလိုက်ရင်း
သြဝါဒက ကျွန်တော့်ရဲ့ အဖေတူအမေကွဲ ညီအစ်ကိုပင်
မေမေက သူငယ်စဉ်ကတည်းက စောင့်ရှောက်ခဲ့ရသည်လေ
ကျွန်တော်တောင် မေမေနဲ့ သူ့လောက်အတူမနေခဲ့ရပါဘူး
သူ့အမေက ကျန်းမာရေးအခြေအနေကြောင့် မစောင့်ရှောက်နိုင်ခဲ့ဘူးလေ
ဒါကြောင့် မေမေက သူ့ကိုငယ်စဉ်ကတည်းကစောင့်ရှောက်ပေးခဲ့တယ်
သူကလဲ မေမေ့ကို ချစ်ခဲ့ပါတယ် ကျွန်တော်ရောက်မလာခင်ချိန်ထိပေါ့
အဲ့နောက်ပိုင်း သူမေမေ့ကို အရမ်းမုန်းတီးခဲ့တယ် ဘာကြောင့်မှန်းမသိခဲ့ရပါဘူး ကျွန်တော်ကြောင့် ဖြစ်မှာပါ
ကျွန်တော်ဒီအိမ်ကိုရောက်တော့ သူက၁၇နှစ်လေ
အဲ့နောက်ပိုင်းသူက နိုင်ငံခြားကို ပညာတော်သင်သွားလိုက်တယ်လေ
ပြန်လာတော့ အိမ်ကိုလဲ မပြန်လာခဲ့ပဲနဲ့ သူ့အမေဘက်ကခြံကိုဦးစီးကာ ခုနာမည်ကျော်စီးပွားရေးပညာရှင်ကြီး ဖြစ်နေပြီလေ"မနေ့က သားလေးသြရဲ့ အင်တာဗျူးကို TVမှာ ကြည့်လိုက်ရတယ် သားအရမ်းခန့်တာပဲ"
"သူလက်ထပ်သင့်နေပြီ"
"သူ သဘောကျတဲ့သူမတွေ့သေးလို့နေမှာပါ"
သူ့အကြောင်းပြောပိုင်းဖေဖေမေမေတို့ မျက်နှာမကောင်းကြ
"ဒါနဲ့ သား မင်းရော လက်ထပ်သင့်နေပြီ"
"အဖေကလဲ"
"ချစ်ရတဲ့ သူတွေ့နေပြီလား"
"............"