🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
Episode 💘33💘
"သြလေး"
ဒေါ်ကြီးရဲ့ခေါ်သံကြောင့် သြပြန်လှည့်လာကာ
"ဗျာ"
"သားခြွေလေးကိုချစ်တယ်မလား"
ဒေါ်ကြီးအမေးကြောင့် သြရှက်ရှက်ဖြင့် ဂုတ်ပိုးလေးအားပွတ်ကာ
"ဒေါ်ကြီးကလဲ ကျွန်တော်ချစ်လို့ လက်ထပ်ထားတာပေါ့ဗျ"
"အဲ့တာဆို ဘာလို့သမီးလေးကိုဖွင့်မပြောတာလဲကွယ်"
"ဒေါ်ကြီးဘယ်လိုသိတာလဲ"
ဒေါ်ဂျမ်း သြရဲ့ ပုခုံးလေးအားပုတ်ကာ
"သား သူ့ကို မြန်မြန်ဖွင့်ပြောသင့်တယ် သမီးခြွေလေးက သား သူ့ကိုမချစ်ဘူးပဲထင်တာ"
"ကျွန်တော်လည်း ဖွင့်ပြောဖို့တွေးထားပေမယ့် အခွင့်မသာလို့ မပြောရသေးတာ"
"အဲ့လိုအချိန်ဆွဲနေမှ သမီးခြွေလေးက မင်းသူ့ကိုမချစ်ဘူး တစ်မျိုးတွေးသွားဦးမယ်"
"ကျွန်တော်ဖွင့်ပြောမှာပါ"
"အချိန်ဆွဲနေတာ မကောင်းဘူးနော် သမီးလေးက ငယ်တုန်းရွယ်တုန်းလေး တော်ကြာ သူများနောက်ပါသွားမှ ဘယ်လိုလုပ်မလဲ"
ဒေါ်ကြီးစကားကြောင့် သြရင်ဘတ်ထဲ စိုးရိမ်စိတ်တွေ ကြီးစိုးသွားသည်
ပြန်စကားမပြောလာသော သြရဲ့မျက်နှာအမူအရာကိုကြည့်ကာ ဒေါ်ဂျမ်းကြိတ်ပြုံးလျက်
သြလေး တို့နှစ်ယောက် မြန်မြန်အဆင်ပြေစေရန် တမင် ဆွပေးလိုက်သည်လေ
"သမီးခြွေလေးက လှလဲ လှတယ် ချစ်စရာလဲကောင်းတယ် ပြီးတော့ မင်းထက် အများကြီးငယ်တာ စိတ်ထဲတွေးထားဦး တော်ကြာ သူများနောက်ပါသွားရင် ဒေါ်ကြီးတို့လဲ မကယ်နိုင်ဘူးနော်"
"ဟာ ဗျာ.....ဒေါ်ကြီးကလဲ"
သြ ခြေလှမ်းကြဲတွေဖြင့် အပေါ်ထပ်သို့တက်သွားရင်း
အဖြစ်သည်းလွန်းလှသော သြပုံစံအားကြည့်ကာ ဒေါ်ဂျမ်းနဲ့ မအေးကြိတ်ပြုံးနေကြသည်
"ဒေါ်ကြီး အကိုလေးဖြစ်သွားတာ ကြည့်ပါဦး မျက်နှာကြီးကိုနီလို့"သြ အပေါ်အခန်းထဲဝင်သွားတော့
ပြတင်းပေါက်ဘေးတွင် နားတွင်နားကြပ်တပ်ကာ phပြောနေသော သူမလေး
သြ တံခါးကို အသာလေးတွန်းဖွင့်ကာ ဝင်ခဲ့သည်
သူမဘာသာ ပြုံးလိုက်ရီလိုက်ပြောနေသော သူမကတော့ သတိမထားမိ
"တကယ်အရမ်းလွမ်းနေတာ အဟက်"
"............"
သူမလေး ပြောလိုက်သော စကားကြားကာ သြ သူမလေးphoneပြောနေသည်ကို နားစွင့်မိသွားရင်း
ခုနက ဒေါ်ကြီးပြောလိုက်သော စကားများကြောင့် စိတ်ကသိပ်အလိုမကျ
ခုသူမလေး phပြောနေပုံကလဲ ပြုံးလို့ရွှင်လို့ ဘယ်သူနဲ့ပြောနေတာမို့လဲ.
သြ မျက်မှောင်ကြီးကြုတ်ကာ သူမလေးအားကြည့်နေလျက်
"ခြွေကတကယ်လွမ်းပါတာ တကယ်"
"..........."
"လွမ်းလွန်းလို့ အိပ်မရစားမရပဲ miss you မွမွ"
"..........."
"ဟာနော် ရစ်နေတာလား နောက်မှ Video Callမယ် ခုကတော့ ကိုယ့်ရုပ်ကိုယ်တောင် မမြင်ချင်ဘူး စိတ်ညစ်လွန်းလို့"
"..........."
"မရပါဘူးဆိုကွာ တကယ်...အာ့...ဦးသြ"
ခြွေလက်ထဲက phoneလေး ဆွဲလုခံလိုက်ရသဖြင့် ခြွေလှည့်ကြည့်လိုက်တော့ မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေသော သူမရဲ့ဦးသြ
"ဦးသြ ဘယ်တုန်းက ပြန်ရောက်နေတာလဲ"
ခြွေမေးတာကို မဖြေပဲ ခြွေ့phအားကိုင်ကာ
"မင်း ဘယ်ကကောင်လဲ ငါ့လို့ငါ့မိန်းမဆီဆက်နေရတာလဲ"
ခြွေ မျက်လုံးပြူးမျက်ဆံပြူးလေးဖြင့်
"ဟာ ဦးသြ မဟုတ်ဘူး"
"ဘာလဲ မင်း ဘယ်အကောင်နဲ့ အီစီကလီလုပ်နေတာလဲဟမ် ငါ့ကို ဘာမှတ်နေလဲ မင်းရော မင်းကောင်ရော သတ်ပြီးထောင်ထဲ ဝင်ပစ်လိုက်မယ်ကွ"
သြ သူမလေးအားပြောအပြီး ဒေါသတွေက သူမလေးနဲ့phပြောနေသော သူထံသို့
"မင်းကိုပြောလိုက်မယ် နောက်ငါ့မိန်းမဆီ ဘယ်တော့မှ phမဆက်.....ဟင် အန်ကယ်"
သြ ခြွေ့ကို ကြည့်လိုက်တော့ သြအားကြည့်ကာ ဟားတိုက်ရီမောနေလျက်
သြမှာတော့ ယောက်ခမကို ပြောမှားဆိုမှားပြီးပြီလေ
"ဟို အန်ကယ်ကျွန်တော် အဲ့လိုမရည်ရွယ်ပါဘူး"