🦋🦋ဦးအနားမှာ ဝဲတဲ့လိပ်ပြာ🦋🦋
ဇာတ်သိမ်းပိုင်း
ဒုတိယပိုင်း
ခြွေ ကုတင်ပေါ်တွင် အောက်ဆီဂျင်ပိုက်များအကြားလဲလျောင်းနေသော ဦးသြအားကြည့်ကာ ရင်ထဲနင့်ခနဲ
"ဦးသြ"
ခြွေ ဦးသြရဲ့လက်အားကိုင်လိုက်ကာ မယုံနိုင်စွာ ငိုကြွေးရင်း
"ဟင့် ဦးသြ ဘာလို့ဒီမှာလဲနေရတာလဲ ခြွေ့အနားမှာ ရှိနေရမှာ မဟုတ်ဘူးလား ဟင့် ဒီလိုကြီးမနေပါနဲ့ ပြောတော့ဖြင့် ခြွေ့ကိုချစ်တယ်ဆိုပြီး ဟင့် ခြွေ့ကိုအမြဲ ငိုအောင်လုပ်တဲ့ လူကြီး အဟီးဟင့်အီး"
ခြွေ ဆေးပိုက်များသွင်းထားသော သြရဲ့လက်ဖမိုးလေးအားနမ်းရှိုက်ကာ မျက်ရည်များကြောင့်လက်ဖမိုးမှာလဲ စိုစွတ်နေခဲ့ရင်း
"ဦးသြ ထလို့ ဟင့် ဒီမှာပဲလဲနေတော့မှာလား အီး"
ခြွေ ငိုနေပေမယ့်လည်း မျက်ရည်သုတ်ပေးမယ့် ဦးသြမရှိတော့
ခြွေ မျက်ရည်များအား လက်ခုံဖြင့် ဖိကပ်သုတ်လိုက်ကာ
"ရတယ်လေ ဦးသြကဒီမှာပဲ လဲနေပေါ့ အင့် ခြွေကတော့ ခြွေ့ကိုချစ်ပေးပြီးအလိုလိုက်ပေးမယ့် သူ သွားရှာတော့မယ်"
သတိမေ့မြောနေသော ဦးသြမသိနိုင်ပေမယ့်လည်းနှုတ်ခမ်းလေးစူကာ ရန်လုပ်နေသောခြွေ
ခြွေ့စိတ်ထဲ စိတ်ဆိုးပြီးထလာမလား ခြွေ့ကိုများဆူမလားဆိုတဲ့ ရည်ရွယ်ချက်ဖြင့်
သို့ပေမယ့် ကုတင်ပေါ်မှာလဲနေသော ခြွေ့ဦးသြမှာတော့နိုးမလားခဲ့
ခြွေ ပိုဝမ်းနည်းလာကာ
"အဟီးအီးအင့် ..ဟင့်"
ခြွေ ကုတင်ပေါ် မျက်နှာအပ်ကာ.ငိုကြွေးနေရင်း
ခြွေ့ခေါင်းလေးအားဖိကိုင်လာသော လက်တစ်ဖက်ကြောင့် ခြွေမော့ကြည့်လိုက်လျှင်
"ဘေဘီ့လို အမွှေစိန်လေးကို ကိုယ်ထက် ဘယ်သူကများအမွှေခံနိုင်ပါ့မလဲကွ"
ဖြည်းဖြည်းချင်း အားယူကာစကားလုံးတစ်လုံးခြင်းပြောလိုက်သော ဦးသြကြောင့် ခြွေငိုမိနေရာမှ
"ဟင့်ဦးသြ"
ခြွေ ဦးသြရင်ဘတ်ပေါ်မျက်နှာအပ်ကာ
"ခြွေ နိုးလာတော့...ဟင့် ဦးသြမရှိတော့ ဘယ်လောက်ကြောက်သွားလဲသိလား အင့်ဟီး ခြွေအရမ်းကြောက်တယ်"
ရင်ဘတ်ပေါ်တွင် ငိုကြွေးနေသော သူမလေးရဲ့ခေါင်းအား လက်တစ်ဖက်ဖြင့် သပ်ပေးကာ
"ကိုယ် ဘာမှမဖြစ်တော့ဘူးလေ"
"ခုမှလေ ခုနကဆို အီးဟင့် ဦးသြနိုးမလာမှာကြောက်နေတာ"
"ကိုယ်က ကိုယ့်ဘေဘီလေးနဲ့ ဘေဘီသေးသေးလေးကို ထားသွားပါ့မလား"
"သိဘူး ဦးသြ ဟင့် ခြွေ့ကိုငိုအောင်လုပ်တယ်"
ငိုမဲ့မဲ့လေးပြောနေသော ချစ်ရသူအားကြည့်ကာ
"ကိုယ့်ဘေဘီလေးက အရမ်းရစ်နိုင်တာပဲနော် ဆေးရုံမှာ သတိမေ့နေတဲ့သူကိုတောင်စိတ်ကောက်နေတုန်း အဟွန့်"
"ဒါဆို အကုန်ကြားတယ်ပေါ့ အဲ့ချိန်ထဲက သတိရနေတာ ခြွေ့ငိုတာကို ကြည့်နေတာပေါ့ ဦးသြကိုစိတ်ဆိုးတယ်"
"မဟုတ်ပါဘူးဘေဘီက စကားတွေပြောငိုနေတာနဲ့ တစ်ယောက်ထဲစိတ်ကောက်နေတာနဲ့ ကိုယ်ပြောချိန်ကိုမရလိုက်ဘူး"
"အီး....ကျေနပ်ဘူး"
"ကိုယ်လဲမကျေနပ်ဘူး နောက်တစ်ယောက်ရှာမယ်ပြောတာ ဆေးရုံကဆင်းမှ အတိုးနဲ့ယူမယ်"
"ဟာ....ဦးသြနော်"