4.7K 129 0
                                    

ဒီနေ့ဘုရားသွားမှာဆိုတော့ ပုဆိုးဝတ်မှပဲ
"အကျီအဖြူနဲ့ ပုဆိုးလေးနဲ့ သန့်နေရော ကိုသန့်ရယ် ကောင်မလေးနဲ့ချိန်းထားလို့လား"
"ဟာဘယ်ကသာဘုရားသွားမလို့ဘာ စည်သူရာ"
"အော်အေးအေးကောင်းတယ် ငါတို့ကတော့ ဘုရားတရားနဲ့မတည့်ဘူးကွဟား"
(အဆောင်မှာနေရာတာပျော်ဖို့တော့ကောင်းတယ်ဒါပေမဲ့ လူကနည်းနည်းများပြီးစရိုက်အစုံဆိုတော့ နေရတာသိပ်တော့အဆင်မပြေဘူးရယ်"ငါကြိုးစားရအုံးမှာပါလေ)
ဘုရားရှိခိုးတုန်း ဘေးနားကတယောက်ယောက်ကြည့်နေသလိုခံစားရတော့ မျက်လုံးဖွင့်ကြည့်လိုက်မိတယ်
"အောက်မလေးချစ်စရာလေး ကလေးလေးက"
"သားလေး နာမည်ဘယ်လိုခေါ်လဲ"
နားများမကြား ​ရဘူးလားမသိဘူးကြည့်ပဲကြည့်နေတယ်
"ပီတိလေး ပါးလေးကိုကိုင်ကြည့်ချင်ရို့"
"ဟေ ပါးကိုလား"
အဲ့မှာသေရောမေမေမွေးပေးတဲ့ကဖောင်းပြီးရဲနေတဲ့ငါ့ရဲ့ပါးလေးကြောင့်သေချာကြည့်နေတာကို
"ဟုတ်ဟုတ်"
"အင်းကိုင်လေဒါပေမဲ့တခုတော့ရှိတယ်"
"ဘာဖြစ်လို့လဲ ကိုကို နာမှာဆိုးလို့လား ဖြည်းဖြည်းပဲကိုင်မယ်လေနော်"
" ဟားချစ်စရာလေး မဟုတ်ဘူး ကိုကို့ပါးကိုကိုင်ချင်ရင် သားလေးရဲ့ပါးကိုလဲကိုကိုက နမ်းမယ် အဲ့လိုရလား"
"ဟုတ်တဲ့ရပါတယ်ခဗျာ"
"သားကိုပီတိလို့ထော်နော် ကိုကို့ ပြီးတော့ကိုကို့ ကို ပါးပါးလို့ခေါ်ချင်တယ်ရလား"
"ဟင်ပါးပါးလို့တော့ မခေါ်ပါနဲ့ကွာ ကိုကိုလောက်ဆိုတော်ရောပေါ့"
"ရဘူး ပီတိက ပါးပါးလို့ပဲခေါ်ချင်တာ ပါးပါးရဲ့ ပါးကအရမ်းကိုင်လို့ကောင်းတာပဲ"
"ကဲကွာခေါ်ချင်သလိုသာခေါ်"
"ဒါနဲ့ ပီတိကဒီကိုဘယ်သူနဲ့လာတာလဲ "
"ဖွားဖွားနဲ့ရေ ဘာလို့လဲ"
"ဖွားဖွားကောဘယ်မှာလဲ"
"ဟိုနားမှာမောလို့တဲ့ထိုင်နေတာ သားက ပါးပါးရဲ့ပါးလေးကိုကိုင်ချင်လို့လိုက်လာတာ"
"ဟေဖွားဖွားရှာနေတော့မှာပဲ လာလာ"
"ငါ့မြေးလေးကိုတွေ့မိလား ဖြူဖြူသေးသေးလုံးလုံးလေး မျက်လုံးဝိုင်းဝိုင်းလေးနဲ့ လေ"
"မတွေ့မိဘူးဖွားရဲ့"
"ပီတိ ရေ ပီတိရေ"
"ခေါ်နေတာပီတိဖွားလားမသိဘူး လာပါးပါးချီမယ်ဖွားဖွားအသံကြားတယ်မြန်မြန်သွားရမယ်"
"ပီတိရယ်ဘယ်တွေသွားနေတာလဲ ဖွားဖွားရှာလိုက်ရတာ သားရယ်"
"ဒေါ်လေးအဆင်ပြေရဲ့လားချွေးတွေမတအားထွက်နေသလိုပဲ"
"အေးသားရယ် မောနေလို့ဖြစ်မယ်"
"နှစ်​ယောက်ထဲလာတာလားကျွန်တော်လိုက်ပို့ပေးရမလား ကလေးနဲ့ဆိုတော့"
"အေးသားရယ်အဆင်ပြေရင်ကူညီပါ အန်တီတော်တော်လေးမူးနေလို့"
"ဟုတ်ရပါတယ်"
"သားနာမည်က"
"အောင်လွင်သန့်ပါ"
"ပီတိလေးကိုခေါ်လာပေးလို့ကျေးဇူးပါ"
"ပီတိလေးကထူးထူးဆန်းဆန်း မသိတဲ့သူနဲ့ရင်းနှီးလို့ပါလား ပုံမှန်ဆိုသူနဲ့ခင်ဖို့မလွယ်ဘူး ခုသားပေါ်ကတောင်မဆင်းတော့ဘူးတော့"
"ဟုတ်ကဲ့ ဘုရားရှိခိုးနေတုန်း ဘေးနားလာပြီး ပါးလေးကိုင်ချင်လို့ဆိုပြီးရောက်လာတာ"
"ဟုတ်လား သူ့အမေကလဲသားလို့အဲပါးဖောင်းဖောင်းလေး သူ့အမေကိုသတိရလို့ဖြစ်မယ်"
"အော်ပီတိမေမေကဆုံးသွားတာ ဒီနေ့၉လပြည့်လေ"
"အော်စိတ်မကောင်းပါဘူးအန်တီရယ်သားကလဲ မွေးထဲကမေမေသေသွားတာ........."
"အော်အန်တီရယ် ကန်တော့နော်သားလဲရောင်ပြီးသားဘဝအကြောင်းတွေပြောမိနေတယ် သူများစိတ်ညစ်နေပါတယ်ဆိုမှ"
"အော်ရပါတယ်သားရယ်ခုသားကဘယ်မှာနေတာလဲ"
"သားက ဒီနားက အမျိုးသားအဆောင်မှာနေတာ"
"ဟုတ်လား သားမှာအမျိုးတွေမရှိဘူးလား"
"ရှိပါတယ်ဒါမဲ့သူတို့ကသားအပေါ်မှာမကောင်းကြဘူး ဖြစ်ကြောင်းကုန်စင်တွေပြော$@^%#%^#&& အာ့ကြောင့် ခုဘွဲ့လဲရပြီဆိုတော့ သားအိမ်ပေါ်ကဆင်းလာတာ😔"
"အော်လောကကြီးမှာလူတွေက ပိုက်ဆံနဲ့ပတ်သတ်လာရင် ဘာဆိုဘာမှမမြင်ကြတော့ဘူး၊ သားခုအဆောင်မှာနေတာကောအဆင်ပြေရဲ့လား"
"ဒီလို့ပါပဲ အန်တီရယ် လူအများနဲ့နေရတာဆိုတော့ နေသားတော့သိပ်မကျသေးဘူး တဖြည်းဖြည်းတော့အဆင်ပြေမှာပါ"
"သားအဆင်ပြေရင်အန်တီတို့နဲ့လာနေပါလား၊ကိုဖြိုး သိရင်လဲပျော်မှာ ပီတိလေး ကတခြားသူတွေနဲ့ဆိုစကားမပြောလို့သူအရမ်းစိတ်ပူနေတာ"
"အော်ရပါတယ်အန်တီရယ် သားကြောင့်ဝန်ထုပ်ဝန်ပိုးကြီးမဖြစ်စေချင်လို့ပါ"
"အော်မဖြစ်ပါဘူးသားရယ်"
"ဟုတ်တယ်ပါးပါးအိမ်မှာလာနေပါရား ပီတိလေးပျော်ချင်လို့ပါ"
"ဟုတ်ပါတယ်သားရယ် သားလာနေလို့ အနှောက်အယှက်မဖြစ်ပါဘူး ပီတီရော အန်တီရောအဖော်ရတာပေါ့"
"ဟုတ်ကဲ့အန်တီတို့အိမ်ကလူတွေအဆင်ပြေရင်ကျွန်တော့နောက်ရက်ပြောင်းလာခဲ့ပါမယ်"
"သားပြောင်းချင်တဲ့နေ့ပြော ကိုဖြိုးကိုလာခေါ်ခိုင်းလိုက်မယ်သား"
"ဟုတ်ကဲ့ကျွန်တော်ပြန်လိုက်ပါအုံးမယ် ပီတိ ဘိုင့်ဘိုင်"
"ခဏပါးပါး ပီတီ ပါးလေးကိုနမ်းချင်လို့"
"အင့် ပီိလေးကိုလဲပြန်နမ်းမှာနော်"
"ဟုတ်"
နောက်နေ့
တီတီ ကားဟွန်းသံ
"ဟာ ပီတီဖေဖေ လာပြီထင်တယ်
"ဟာကလေးလား အိမ်မှာလာနေမှာ"
("ဘာခများအိမ်လား ငါမှားတာပဲ အဲ့နေက ဓာတ်ပုံလေးပြတာကြည့်ခဲ့မိရင်ကောင်းသား)
"ဟေ့ဘာတွေတွေးနေတာလဲ ကလေးလေး"
"ဘာကလေးလဲဗျ ကျွန်တော့်နာမည် သန့် အောင်လွင်သန့်တဲ့"
"ကဲသန့်တာတွေညစ်ပတ်တာတွေထား ပစ္စည်း တွေတင် ပြီးရင်ငါသွားစရာရှိလို့"
"ခများဘာစကားပြော.."
"ပါးပါးရေ လာလာ"
"ဟာပီတီလေးပါလိုက်လာတာ"
"ဟုတ်တယ် ပါးပါးကိုလာခေါ်တာလေ"
"ပါးပါး တဲ့လား ပီတီရယ် သားနဲ့ရွယ်တူလောက်ရှိတဲ့ဟာကို"
"ခများ စကားကိုကြည့်ပြောပါ ကလေးရှေ့မှာစကားမများချင်ဘူး"
"ပါးပါးရယ် စိတ်ဆိုးပါနဲ့ ဖေဖေက ပါးပါးကိုချစ်လို့စတာနေမှာ ဖေဖေကအဲ့လိုပဲသူချစ်ရင်လိုက်စနေရော"
"ဘာကိစ္စ သူ့ကိုချစ်ရမှာလဲ ကလေးဆိုလို့ ဖေဖေကသားကိုပဲချစ်တာ တခြားကလေးတွေမချစ်ဘူး😝"
"ခများထပ်စနေရင် သန့်မလိုက်တော့ဘူး နေခဲ့တော့မယ်"
"ဖေဖေ မစနဲ့တော့ ပါးပါးနေခဲ့ရင်သားလဲနေခဲ့မှာနော်"
"အောင်မလေးမနေခဲ့ပါနဲ့ ကိုထပ်မစတော့ဘူး Ok"
"အာ့ဆိုလဲမောင်းတော့ ဟွန့်😏"

ပီတိလေးရဲ့ပါးပါးWhere stories live. Discover now