"ကဲဒီကလေးနှစ်ယောက်ပြီးအုံးမှာလား "
"ဟွန့်ပြီးပြီ ပီတိလေး Good night ပါ"
"ဂွတ်နိုက်ပါးပါးမွ"
"ပြီးပြီလေရပြီသွားတော့"
"ဖေဖေလာလေ"
"ဘက်လိုက်တယ်"
"ဘာကိုလဲ😇"
"ကို့ကိုကျ Good Night မပြောဘူးလေ"
"ရူးနေလား အိပ်တော့မယ် ဘိုင့်"
"ဟားဟား ပါးပါးဂွတ်ဂွတ် ဖေဖေ ခံလိုက်ရပြီ"
"ရီမနေနဲ့လာသွားအိပ်မယ် "
"ချီပါလားဖေဖေ"
"Ok"
မနက်လင်းတော့ ထပြီးပေါင်မုန့်ကြက်ဥကြော်နဲ့ ကော်ဖီလေးပြင်ထားလိုက်တယ်
"ဟာကလေးဘယ်အချိန်ထဲကထလုပ်နေတာလဲ ဝယ်စားလည်းရတဲ့ဟာကို ဝအောင်မအိပ်ဘဲနဲ့"
"ဝပါပြီ အိပ်တာက ဝယ်စားတာတွေကသိပ်မကောင်းလို့လေအာ့ကြောင့် စားကြည့်ကျွန်တော်ကြော်ထားတာ"
"Good Good တကယ်မိုက်တယ်"
"ကလေးပြီးရင်ရုံးသွားမယ် ကို့ကိုလှမ်းခေါ်လိုက် ကို့ခုစာဖတ်စရာလေးရှိလို့ဖတ်ရင်းစောင့်နေမယ်"
"ဟုတ် ခဏဆိုပြီးပြီ ဒါနဲ့ထမင်းကအပြင်မှာစားမှာလား ကိုဖြိုးဖို့ထမင်းချိုင့်ထည့်ပေးရမလား"
"ဟင် နေလည်စာဘာချက်ပြီးသွားတာလား"
"အင်းလေ"
"ဝါးအာ့ဆိုလည်းတူတူစားမယ်လေ နှစ်ယောက်စာထည့်လိုက်ပေါ့ ပင်ပန်းနေမှာပေါ့နောက်ရက်ကျမချက်ပါနဲ့ကိုဝယ်ကျွေးမယ်လေ"
"အာမပင်ပန်းပါဘူး သန့်ကလုပ်နေကျ အားနာမနေနဲ့"
"အင်းပါကလေးအဆင်ပြေရင်ပြီးရော"
"ဒါနဲ့လေ ကျွန်တော့်ကိုကလေးလို့ခေါ်တာဘယ်တော့ရပ်မှာလဲ"
"မသိသေးဘူး ကိုကြိုက်တဲ့အခေါ်ဝေါ်တခုထပ်တွေရင်တော့ပြောင်းပေးမယ် ခုတော့ကလေးပဲ "
"မနိုင်ဘူးခများကိုတကယ်ဘဲ""ရပြီကျွန်တော်ပြီးပြီသွားစို့"
"Ok"
"ကိုဖြိုးကားမောင်းသင်ရတာခက်လား"
"ဘာလို့လဲသင်ချင်လို့လား"
"သင်ချင်တာရယ်လို့တော့မဟုတ်ဘူးလေ ကိုဖြိုးပဲအမြဲမောင်းနေရတော့အားနာလို့"
"ဘာမှအားနာစရာမလို့ဘူး ကလေးက ကားမောင်းတက်ရင်တောင်ကိုကပေးမောင်းမှာမဟုတ်ဘူး ကိုပဲလိုက်ပို့ပေးမှာ ဒါမဲ့ သင်ချင်တယ်ဆိုရင်တော့ ကိုမောင်းတက်အောင်သင်ပေးလို့ရတယ်"
"😏"
"မောင်လေး ဒီစာရင်းကလေ Amount ဟနေလို့မနေ့ကအမပြတဲ့အတိုင်းတချက်စစ်ပေးပါလား"
"ဟုတ်အမ ကျွန်တော်စစ်လိုက်မယ်အမ"
(စီနီယာအမတွေကအရမ်းသဘောကောင်ယတယ်သေချာလည်းရှင်းပြတယ် တခုခုခိုင်းရင်လည်းဘယ်တော့မှအပေါ်စည်းကမပြောဘူး ဒီမှာအလုပ်လုပ်ရတာအရမ်းအဆင်ပြေတယ်)
"နန်းခင်အသစ်လေးတွေအခြေနေဘယ်လိုလဲ"
"ဟုတ်သူဌေးအကုန်လုံးတော်ကြတယ်သူဌေး အကြီးတွေကိုလည်းရိုရိုသေသေပဲအလုပ်လည်းကြိုးစားတယ်"
"Ok ok"

YOU ARE READING
ပီတိလေးရဲ့ပါးပါး
RomanceUnicode ပီတိလေး အတွက်အဖေတယောက်အနေနဲ့ရပ်တည်ပြီးပီတိလေးအတွက်အသင့်တော့ဆုံးဖြစ်နိုင်မဲ့အမေဖြစ်လာမဲ့သူကိုလိုက်ရှာနေသော ဖြိုးသီဟလွင် မွေးထဲကအဖေနဲ့အမေဆုံးပြီးအဒေါ်မိသားစုရဲ့အနိုင်ကျင့်သမျှကိုခံရပြီး မေတ္တာငတ်နေတဲ့ အောင်လွင်သန့် တို့ရဲ့အမှောင် ဇာတ်လမ်းလေး...